ဆေးဝါးကုသမှုခံယူနေသူများနှင့်ကျန်းမာရေးဝန်ထမ်း များအား တပ်မတော်က အာဟာရဖြစ်စေသောအစား သောက်များ လှူဒါန်း

တောင်တွင်ကြီးမြို့ပြည်သူဆေးရုံကြီးတွင် ဆေးဝါးကုသ မှုခံယူနေသူများနှင့်ကျန်းမာရေး ပြုစုစောင့်ရှောက်၊ကုသ ပေးလျှက်ရှိသောဝန်ထမ်းများအား မေ ၂၆ ရက် နေ့လည် ၂ နာရီအချိန်က ဒေသအခြေစိုက် အမှတ်(၇)စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ ၏လမ်းညွန်မှုဖြင့် တပ်အုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူး သက် ခိုင်ထွန်း၊ဗိုလ်ကြီးသူရိန်နှင့်တပ်မတော်သားများက မြို့နယ်ပြည်သူ့ဆေးရုံးကြီးတာဝန်ရှိသူထံ အာဟာရဖြစ် စေသည့် နွားနို့အချိန်(၅၀)ပိသာ၊ကြက်ဥအလုံး(၂၀၀) အား ဒုတိယအကြိမ်မြောက် ပေးအပ်လှူဒါန်းရာ ကျန်းမာ ရေးဌာန ဒုဦးစီးမှူး ဒေါ်မို့မို့နိုင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဟင်္သာ (တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.