ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးပဲများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေ

ရွှေမန်း

၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးပဲများ မန္တလေးဈေး ကွက်အတွင်း အရောင်းအဝယ်များကောင်းကာ သွက်လက်မြန်ဆန် နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

ယခုဆောင်းသီးနှံစိုက်ပျိုးရာသီသည် သီတင်းကျွတ်လဆန်းမှစတင်၍တန်ဆောင်မုန်းလပြည့်အတွင်းဖြစ်ကာ တောင်သူများစိုက်ပျိုးလျက်ရှိ ကြောင်း၊ အဆိုပါ စိုက်ပျိုးရာသီတွင် အဓိကပြည်ပပို့ကုန်ဖြစ်သည့် မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် မြေထောက်ပဲမျိုးများ မန္တလေးဈေးကွက်အတွင်း၌ အရောင်းအဝယ်များသွက်လက်နေကြောင်း၊ ဈေးနှုန်းများအ နေဖြင့် ကုလားပဲသုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၈၅၀၀၀၊ မတ် ပဲသုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၈၀၀၀၀၊ ပဲစဉ်းငုံသုံးတင်းဝင် တစ်အိတ်လျင်ငွေကျပ် ၁၉၀၀၀၀၊ မြေထောက်ပဲသုံးတင်းဝင်တစ် အိတ်လျင်ငွေကျပ် ၂၂၀၀၀၀ ပေါက်ဈေးများဖြစ်ပေါ်နေကြောင်း မန္တ လေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

” တောင်သူတွေရဲ့ ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီမှာ သီးနှံတွေက ဈေးကောင်းတွေရရှိတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့လို့ ၂၀၂၃ ခုနှစ်မှာလည်း ဈေးကောင်းရရှိမယ်လို့ မျှော်မှန်းချက်နဲ့ မျိုးပဲတွေကို အားတက်သ ရောဝယ်ယူပြီးတော့ စိုက်ပျိုးနေတဲ့ရာသီဖြစ်တယ်။ ခုရာသီမှာ မျိုးပဲတွေကို အထက်အညာဒေသတွေမှာ တောင်သူ‌ေတွဝယ်ယူပြီး တော့ ဆောင်းသီးနှံအတွက် မြိုင်မြိုင်ဆိုင်ဆိုင်စိုက်ပျိုးနေတာ တွေ့ရ ပါတယ်။ ဈေးနှံုးတွေက ဒီရက်ပိုင်းမှာ လှောင်သူတွေအတွက် ဈေး တက်မလာပဲ ကျလာတာကိုတွေ့ရပါတယ်။ မျိုးဝယ်တဲ့တောင်သူ တွေအတွက် အခက်အခဲမရှိပဲနဲ့ အလွယ်တကူဝယ်ယူရနိုင်တာကို လည်း တွေ့ရပါတယ်။ သိုလှောင်သူတွေ မျှော်မှန်းသလောက်မရပဲ ဈေးများကျဆင်းလာတာကိုလည်း တွေ့ရပါတယ်” ဟု ၎င်းကပြော သည်။

အဆိုပါ ဆောင်းသီးနှံများကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အထက်အညာဒေသ တိုင်းဒေသကြီးများတွင် အဓိက ထား၍ဆောင်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ထိုပြင် ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းဒေသများတွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.