ဆောင်းဖရဲသီးများ  တရုတ်နိုင်ငံသို့လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ်ဂိတ်ပေါက်များမှ တင်ပို့နေရ


ရွှေမန်း

ဆောင်းဖရဲရာသီရောက်လာ ပြီဖြစ်တာကြောင့် ပုံမှန်တင်ပို့ နေသည့် မူဆယ်လမ်းကြောင်းမှ တင်ပို့နိုင်ခြင်းမရှိတာကြောင့် လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ် ပေါက်များမှ တရုတ်နိုင်ငံသို့ ဖရဲ သီးကားများ ပြောင်းလဲတင်ပို့ လျက်ရှိသည်။
ယခင်က ဝမ်တိန်သစ်သီး ကွင်းသို့ မူဆယ်၊ ကျင်စန်းကျော့  ဂိတ်ပေါက်မှတစ်ဆင့် တင်ပို့လျက် ရှိရာ ယခုအခါ လုံခြုံရေးအခြေ အနေကြောင့် ကချင်ပြည်နယ်၊ လွယ်ဂျယ်ပေါက်နှင့် ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ- မိုင်းလား-တာလော့(ဆစ်ဆောင် ပန်းနား)ဘက်မှ ဖရဲသီးကားများ အများဆုံး တင်ပို့နေသည်။
ယင်းလမ်းကြောင်းများမှ တင်ပို့ရာတွင် ယခင်ထက် စရိတ် စကပိုများနေကြောင်း လက်ရှိ မှာ အသီးဈေးနှုန်းမှာလည်း ဈေးကောင်းရရှိနေကြောင်း မူ ဆယ်သစ်သီးပွဲရုံပိုင်ရှင်တစ်ဦး က ပြောသည်။
ယခင်က ၁၂ ဘီတစ်စီး လျှင် ကားခ ငွေကျပ် သိန်း ၂၅- ၃၀ ကုန်ကျသော်လည်း ယခု အခါ မိုင်းရယ်လမ်းကြောင်းသို့ ကားခမှာ ငွေကျပ် သိန်း ၅၀ ခန့် ပေးရကြောင်း သိရသည်။
အောက်တိုဘာလကုန်ပိုင်း  ရက်များက ဖရဲသီးတစ်တန်လျှင် ယွမ် ၃၅၀၀-၄၀၀၀ ခန့် ပေါက် ဈေးရှိခဲ့ပြီး နိုဝင်ဘာ ၁၀ ရက် နောက်ပိုင်းတွင် ပြည်တွင်းဖရဲ သီးများ စတင်ထွက်ရှိလာရာ ပုံမှန်တင်ပို့နေကြ လမ်းကြောင်း မှာ လက်ရှိအခြေအနေကြောင့် အခြားနယ်စပ်ဂိတ်ပေါက်များမှ ပြောင်းလဲတင်ပို့ရာ ကုန်ကျစရိတ် လည်း ပိုမိုကုန်ကျနေသည်။
တရုတ်နိုင်ငံသို့ တင်ပို့နိုင် ခြင်းမရှိပါက ပြည်တွင်းဈေး ကွက်တွင်သာရောင်းချရမည်ဖြစ် တာ ကြောင့်ကြီးမြင့်လာသော စိုက်ပျိုးစရိတ်နှင့် သယ်ယူပို့ ဆောင်စရိတ်၊ လုပ်သားစရိတ် များကြောင့် တောင်သူများအရှုံး ပေါ်နိုင်သည်။ လက်ရှိ တရုတ် နိုင်ငံသို့ ပထမဆုံးအသီးကားများ  ဝင်ရောက်နေသော်လည်း ဖရဲသီး ကားများ ပေါက်ဈေးကိုမှု မသိရှိ ရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published.