ဆီစက်များအဝယ်လိုက်၍ မြေပဲဆန်များ အရောင်းအဝယ်သွက်၊ဈေးမြင့်နေမှုအခြေအနေ


ရွှေမန်း
ဇူလိုင်ပထမပတ်တွင် မန္တလေးကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှထွက်ရှိသည့် မြေပဲဆန်များ ဝင်ရောက်မှုများနေကြောင်းသိရသည်။ တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိသည့်အပြင် ယခုလတ်တလောတွင် မြေပဲဆီကို စားသုံးမှုပိုလာခြင်းတို့ကြောင့် ဆီစက်များမှကြိတ်ခွဲမှုများလာပြီး အဝယ်လိုက်လာ၍ မြေပဲဆန် များ အရောင်းအဝယ်သွက်၊ ဈေးမြင့်လာခြင်းဖြစ်ကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၂၀၀မှ ၇၈၀၀၊ ယခင်တစ်ပတ် ကျပ် ၇၅၀၀ မှ ၇၇၀၀၊ ယခင်လတစ်ပတ် ကျပ် ၇၁၀၀ မှ ၇၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၃၀၀၊ ယခင်လထက် ကျပ် ၅၀၀ ခန့်မြင့်တက်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၇၀၀၀ မှ ၇၄၀၀၊ ယခင်တစ်ပတ် ကျပ် ၇၁၀၀ မှ ၇၃၀၀၊ ယခင်လတစ်ပတ် ကျပ် ၆၆၀၀ မှ ၇၉၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၊ ယခင်လထက် ကျပ် ၅၀၀ မှ ၆၀၀ ခန့်မြင့်တက်လာသည်။ 

M တွဲလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၇၀၀ မှ ၇၈၀၀၊ ယခင်တစ်ပတ် ကျပ် ၇၄၀၀ မှ ၇၅၀၀၊ ယခင်လတစ်ပတ် ကျပ် ၇၀၀၀ မှ ၇၁၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၊ ယခင်လထက် ကျပ် ၇၀၀  ခန့်မြင့်တက်လာသည်။        

M တွဲဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၂၅၀ မှ ၇၄၀၀၊ ယခင်တစ်ပတ် ကျပ် ၇၁၀၀ မှ ၇၂၀၀၊ ယခင်လတစ်ပတ် ကျပ် ၆၆၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀ မှ ၂၀၀၊ ယခင်လထက် ကျပ် ၆၅၀ မှ ၈၀၀  ခန့်မြင့်တက်လာခဲ့ကြောင်းသိရသည်။   

Leave a Reply

Your email address will not be published.