ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက် အရန်ဆန်များ ထုတ်ရောင်းရန် စီစဉ်မည်

ရွှေမန်း

ဆန်စပါး ဈေးကွက်တွင် ပြီးခဲ့သည့် ဇွန်လက အကျဘက် ရောက်ရှိခဲ့ရာမှာ ဇူလိုင်လကုန်ပိုင်း တွင် မြင့်တက်လာခဲ့ရာ ဆန်စပါး ဈေးတည်ငြိမ်ရေးအတွက် အရန် ဆန်များထုတ်ရောင်းသွားရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က စီစဉ်သွားမည်ဖြစ်ကြောင်း သိရ သည်။

ဆန်စပါးဈေးကွက်တည်ငြိမ် စေရေးအတွက် ပို့ကုန်ကုမ္ပဏီ များ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန် များ၊ အခြားသော အစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များကို ဈေးကွက်အတွင်း အမြန်ဆုံး ရောင်းချမည်ဟုဆိုသည်။

“ကနဦးအစီအစဉ်အနေနဲ့ ၂၅ ရာခိုင်နှုန်းအဆင့် ၅၀ ကီလိုဂရမ် အိတ်ရေ ၅၀၀၀၀ ကို ဦးစွာရောင်း ချမယ်။ လိုအပ်ရင် ထပ်မံဖြည့် ဆည်းရောင်းချဖို့အတွက် စီစဉ် သွားပါမယ်။ဆန်စပါးအသင်းချုပ် အနေနဲ့က ဆန်ဈေးတည်ငြိမ်စေ ရေးနဲ့ စားသုံးသူပြည်သူများ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြစ်စေဖို့ လိုအပ်တာတွေကို ပုဂ္ဂလိကအခန်း ကဏ္ဍကနေ စီစဉ်တာဖြစ်ပါတယ်´´ ဟု တာဝန်ရှိသူတစ်ဦးက ပြော သည်။

လက်ရှိအချိန်တွင် ဆန်ဈေး မှာ ဇူလိုင်လကထက် တစ်ပိုင်းလျှင် ငွေကျပ် ၂၀၀၀မှ ၅၀၀၀ ဝန်းကျင် အတက်ဘက်ရောက်သွားပြီး စပါး ဈေးမှာလည်း ဈေးကျဆင်းချိန် ဇူလိုင်လဈေးကျဆင်းချိန်က ထက် စပါးတင်းတစ်ရာလျှင် ငွေကျပ် တစ်သိန်းဝန်းကျင် ဈေးမြင့်တက် လာပြီး အမျိုးအစားအလိုက် ဈေး နှုန်းကွာဟမှုရှိသည်ဟု ဆိုသည်။

ဆန်စပါးသိုလှောင်မှုနှင့် ပတ်သက်လို့ စီးပွား^ကူးသန်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ဆန် စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး သိုလှောင်ရုံမှတ်ပုံတင်မှုတွေ၊ သိုလှောင်ရုံစစ်ဆေးမှုတွေကို ဆက် လက်ဆောင်ရွက်သွားမှာပါ။ နေပြည်တော်အပါအဝင် မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီတိုင်း ဒေသကြီးတို့မှာ သိုလှောင်ရုံတစ်ခု ကို သတ်မှတ်တဲ့ စပါးတင်းသို လှောင်ထားရှိမှုများတွေနဲ့ သက် ဆိုင်ပါတယ်}ဟု ဆက်လက် ပြောကြားသည်။

လတ်တလောတွင် ဆန်ဖူလုံမှု အပြည့်အဝရှိပြီး ပိုလျှံဆန်များကို စနစ်တကျတွက်ချက်၍ ပြည်သို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် စပါးရိတ်သိမ်းချိန်၊ စပါးထွက် နေဆဲအချိန်ဖြစ်၍ ဆန်စပါးဈေး မှာ တည်ငြိမ်ရမည့်အခြေအနေ ဖြစ်ကြောင်း၊ ကောလာဟလများ ကြောင့် စားသုံးသူများကလည်း စိုးရိမ်သဖြင့် ဆန်ဝယ်ယူစုဆောင်းမှု များမပြုလုပ်ဘဲ လိုအပ်ချက်ကို သာ ဝယ်ယူသင့်ကြောင်း သိရ သည်။

Leave a Reply

Your email address will not be published.