ဆင်ဖြူကျွန်းမြို့ပေါ် Mask မတပ်သည့်အတွက် ဒဏ်ငွေရိုက်ခံရသူ ၃ ရက်အတွင်း ဦးရေ၂၀၀ ကျော်ရှိ

မကွေးတိုင်းစလင်းမြို့နယ် ၊ ဆင်ဖြူကျွန်းမြို့ပေါ်တွင် ၃ ရက်အတွင်း Maskမတပ်ဘဲ ခရီးသွားလာနေသူ ဦးရေ၂၀၀ကျော်အား ၁ဦးလျှင် ဒဏ်ငွေ၅၀၀ကျပ်ရိုက်ပြီး Mask၁ခုစီ ပေးဝေခဲ့ကြောင်း မေလ ၁၈ ရက်နေ့က မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ် စလင်းမဲဆန္ဒနယ် အမှတ် (၂)မှ ဦးသက်ခိုင်ကပြောပါတယ်။
ဆင်ဖြူကျွန်းမှာ Maskမတပ်ပဲ ခရီးသွားလာတဲ့သူတွေကို ဖမ်းနေပါတယ်၊ Maskမတပ်သူတွေကို ဒဏ်ငွေ၅၀၀ကျပ်စီ ရိုက်ပြီးတော့ Maskတပ်ခိုင်းလိုက်တာဖြစ်ပါတယ်လို့ ဦးသက်ခိုင်က ဆိုပါတယ်။
ဆင်ဖြူကျွန်းတွင် စက်ဘီး၊ ဆိုင်ကယ် ကားနဲ့အပါအဝင် ခြေချင်လျှောက်သူများ အားလုံး Maskတပ်ရတယ်၊ မတပ်ဘူးဆိုရင် Mask၁ခုတပ်ပေးတယ်၊ ပြီးလိုရှိရင် ဒဏ်ငွေ၅၀၀ကျပ်ရိုက်ပါတယ်၊ Maskမတပ်လို့ ဖမ်းဆီးတာ ဒီနေ့နဲဆို ၃ရက်ရှိပါပြီ၊ ဖမ်းဆီးတဲ့အချိန်တော့ Maskတပ်ကြပါတယ်၊ သွားလာသူ တော်တော်များများတော့ Maskတပ်လာကြပါတယ်၊ ၃ရက်အတွင်းMaskမတပ်လို့ ဖမ်းဆီးဒဏ်ရိုက်တာ လူဦးရေ၂၀၀ကျော်ရှိပါတယ်လို့ ဦးသက်ခိုင်က ပြောပါတယ်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် အိမ်ပြင်ထွက်ပါက Mask တပ်ကြရမည်ဖြစ်ကြောင်း၊ မေလ ၁၇ ၊ ၁၈ ၊ ၁၉ ရက်များအတွင်း မလေးရှားမှ ပြန်လာသူများထဲက ၈ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၁ ဦးရှိကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်



Leave a Reply

Your email address will not be published.