ဆင်ပေါင်ဝဲမြို့နယ် လေပြင်းတိုက်ခတ် လူနေအိမ် ၁၈၆လုံး အမိုးလန်ပျက်စီး

ဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြိ့ုနယ်မှာ ဧပြီလ ၂၁ရက်နေ့ ညနေ၄နာရီ၃၀မိနစ်ခန့်က လေပြင်းတိုက်ခတ်ခဲ့လို့ ကျေးရွာအုပ်စု၆စုမှာရှိတဲ့ ကျေးရာ၁၂ရွာတို့တွင် လူနေအိမ်၁၈၆လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု၁၈၆စု၊လူဦးရေ၇၁၉ ဦး လေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး
အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဧပြီလ ၂၂ရက်နေ့က အိမ်ဆောက်ပစ္စည်းဖိုး၆၅၂၀၀၀၀ကျပ်ကို လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံပေးခဲ့ကြောင်း သိရပါတယ်။
၎င်းအပြင် ပွင့်ဖြူမြိ့ုနယ်တွင်လည်း ဧပြီလ ၂၁ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့တဲ့ လူနေအိမ်၂၂လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး
၆၆၀၀၀၀ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း
မကွေးတိုင်းဒေသကြီလူဝင်မှုကြီးကြပ်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.