စျေးကွက်အတွင်း စပျစ်သီးမှည့်များ စျေးနှုန်းကောင်းများရရှိနေ

ရွှေမန်း

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းဒေသတွင် စိုက်ပျိုးသော စပျစ်သီးများ အနယ်နယ်အရပ်ရပ် မှ ဝယ်ယူမှု ကောင်းမွန်နေခြင်းကြောင့် စျေးကွက်အတွင်း စျေးနှုန်းကောင်းများရရှိနေကြောင်းဒေသခံပျစ် စိုက်ပျိုးသူများထံကသိရသည်။

ရမည်သင်းမြို့နယ်တွင် စပျစ်သီးအမှည့် တစ်ပိသာလျှင် ၃၀၀၀ ကျပ်၊ လေးပိသာပါ တစ်ခြင်းလျှင် ၁၅၀၀ ကျပ် ရှိပြီး လက္ကားဝယ်ယူလျှင် တစ်ပိသာလျှင် ၂၅၀၀ ကျပ်နှုန်းရှိနေကြောင်းသိရသည်။

စပျစ်သီးကို စိုက်ပျိုးရာဒေသအထိ လာဝယ်ကြတာများတယ်၊ အဓိက ပွဲစားတွေကတဆင့် ဝယ်ယူကြတာမျိုး ပါ၊ လိုအပ်တဲ့ နယ်ကုန်သည်တွေက ပွဲစားကတဆင့် ဝယ်ယူကြတာပါ၊ အခုနှစ်ကတော့ အဝယ်လည်းကောင်းသ လို စျေးနှုန်းလည်းကောင်းမွန်ပါတယ်၊ ဟု ရမည်သင်းမြို့နယ် ရွာတန်းဒေသရှိ စပျစ်သီးစိုက်ပျိုးသူတစ်ဦးက ပြောသည်။

ရမည်သင်းမြို့နယ်ရှိ စပျစ်သီးမှည့်များကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေးစသည့် ဒေသများက အများဆုံးဝယ်ယူ ကြကြောင်းသိရသည်။

စပျစ်သီးမှာ အပူအအေးကို ဂရုပြုစိုက်ပျိုးရန်မလိုအပ်ပဲ မိုးရေချိန်လက်မ ၄၀ ထက်မပိုပဲ ရွာသွန်းသည့် ဒေသများ တွင် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဍာန်စိုက်နည်း၊ ကြိုးတန်းတင်စိုက် နည်းနှင့် စင်တင်စိုက်နည်း စသည့်နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာဖြင့် စိုက် ပျိုးလျှင် ဖြစ်ထွန်းမှုကောင်းမွန်ပြီး စိုက်ပျိုးသူများအဆင်ပြေသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.