စိုက်ပျိုးရေးနှင့် နှစ်ဆင့်ချေးငွေစီမံကိန်းအရချေးငွေကျပ် သန်းပေါင်း ၁၄၀၀ ထုတ်ချေးရန် လျာထား

ရွှေမန်း

 စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး  ရေး၊ နှစ်ဆင့်ချေးငွေစီမံကိန်းအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား ချေးငွေကျပ် သန်းပေါင်း ၁၄၀၀ ထုတ်ချေး ပေးရန် လျာထားသည်။

အဆိုပါစီမံကိန်းအရ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တောင်သူများအား သက် သာသောအတိုးနှုန်းနှင့် အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ချေးငွေချထား ပေးခြင်းဖြစ်သည်ဟု မန္တလေး တိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူ  က ပြောသည်။

“တောင်သူတွေ ထွန်ယက် စိုက်ပျိုးရာမှာ လိုအပ်တဲ့ ထွန် စက်တို့ ရိတ်သိမ်းစက်တို့ ဝယ်ယူ နိုင်ဖို့ ချေးငွေချထားပေးတာဖြစ် ပါတယ်။ သက်သာတဲ့ အတိုးနှုန်း ဖြစ်သလို  နှစ်တိုဆိုရင် ၃ နှစ်၊ နှစ်ရှည်ဆိုရင် ၅ နှစ် ပေးထား တယ်။ တောင်သူက သိန်း ၃၀၀ ဝန်းကျင်လောက် စက်ပစ္စည်း ဝယ်ချင်တာမျိုးဆိုရင် နှစ်တိုနဲ့ ချေးပေးပြီး အရစ်ကျပြန်ဆပ်ရမှာ ပါ´´ ဟု ၎င်းက ပြောသည်။

 မန္တလေးတိုင်းဒေသကြီး အတွင်း၌ ၎င်းစီမံကိန်းအရ လယ် ယာသုံးထွန်စက်ကြီး သုံးစီးဝယ် ရန် တစ်စီးလျှင် ငွေကျပ်သန်း ၇၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် သန်း ၂၁၀ ထုတ်ချေးပေးပြီးဖြစ် ကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ် လျှင် ၅ ရာခိုင်နှုန်းဖြစ်၍ သက်သာ သောနှုန်းထားဖြစ်ပြီး တောင်သူ တစ်ဦးခြင်းကို ငွေကျပ်သန်း ၇၀ အထိ ထုတ်ချေးပေးကြောင်း သိရသည်။

“ချေးငွေကို အရစ်ကျစနစ် နဲ့ ပြန်ဆပ်ရမှာဖြစ်ပြီး သုံးနှစ် အတွင်းမှာ ၄ ရစ် (သို့မဟုတ်)   ၅ ရစ် ခွဲဆပ်လို့ရတယ်။ ခုလို ချေးငွေကြောင့် လယ်ယာစိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး တောင်သူတွေ ဝင်ငွေတိုးလာ မယ်။ ချေးငွေလျှောက်ထားလာ တဲ့အခါ စနစ်တကျ စိစစ်ပြီး ထုတ်ချေးပေးပါတယ်´´ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ နှစ်ဆင့်ချေးငွေ စီမံကိန်းစတင်သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစ၍ ၂၀၂၃ ခုနှစ်၊ စက် တင်ဘာလကုန်အထိ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၆၈၅ ဦးအား ထွန်စက်ကြီး ၂၇၅၈ စီး၊ ရိတ်သိမ်းချွေလှေ့ စက် ၂၆၇၇ စီး၊ ဝယ်ယူနိုင်ရန် ချေးငွေကျပ်သန်းပေါင်း ၂၃၇၁၇၅ ဒသမ ၁၇၈ သန်း ထုတ်ချေး ပေးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published.