စိုက်ပျိုးရေးကိုအခြေခံသည့်ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေခြံ( ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိ

ရွှေမန်း

စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေခြံ( ပွေးတောင်)အား ကော်ဖီဥယျာဉ်အဖြစ် ဖွင့်လှစ်ထားရှိကြောင်းသိရသည်။
ပြင်ဦးလွင်မြို့ကိုကော်ဖီမြို့တော်အဖြစ်ပိုမိုထင်ရှား စေရန်၊မြန်မာ့ကော်ဖီအရည်အသွေးနှင့် ထုတ်လုပ်မှုတိုးတက်ပြီး ကမ္မာ့ကော်ဖီဈေး ကွက်ကိုထိုးဖောက်နိုင်စေရန်နှင့် မြန်မာ့ကော် ဖီအကြောင်းကိုအများပြည်သူများ ပိုမိုသိရှိလာစေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြင်ဦးလွင်မြို့ရှိ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)အား ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် စတင်ဖွင့်လှစ်ကာ အများပြည်သူများ လာရောက်အပန်းဖြေ လည်ပတ်နိုင်ပြီဖြစ် ကြောင်းသိရသည်။
“ ကော်ဖီစိုက်ပျိုးတဲ့ဒေသတွေမှာ စီးပွားရေးဖဖြိုးအောင်ဆောင်ရွက်ဖို့ဆို လမ်းညွှန်ချက် အတိုင်း ပြင်ဦးလွင်၊ မေမြို့ ၊ပန်းမြို့တော် ၊တောင်လှေးကားမြို့တော် နာမည်မျိုးစုံနဲ့ကျော်ကြားသလို ကော်ဖီမြို့တော်ဖြစ်အောင် ရည်ရွယ်ပြီးဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံရဲ့ ကော်ဖီအကြောင်းကို သိရှိအောင် ပွေးတောင်ကော်ဖီခြံမှာ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ဒီကော်ဖီခြံက မြန်မာပြည်မှာ စီးပွားဖြစ်ကော်ဖီစတင်စိုက်ပျိုးကတည်းစခဲ့တဲ့နေရာဖြစ်လို့ အနှစ် ၆၀-၇၀ကျော် အရိပ်ရအပင်တွေရှိပြီး ကော်ဖီမျိုးစုံကိုစိုက်ပျိုးထားပါတယ်။ ပုဂ္ဂလိကကော်ဖီပညာပေးပြခန်း ၊ဝန်ကြီးဌာန ကော်ဖီပညာပေးခန်း ကော်ဖီနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ပြည်သူများ ပြင်ဦးလွင်ကို ရောက်ရင်လေ့လာနိုင်အောင်ဖန်းတီးပေးထားပါတယ်။ ဒီကော်ဖီဥယျာဉ်ဟာ မြန်မာနိုင်ငံရဲ့ ကော်ဖီသမိုင်းကိုလည်းသိရမယ်။ ကော်ဖီကို စိုက်တဲ့နေရာမှာ မျိုးကနေ အရည်အသွေးကောင်း ကော်ဖီထွက်ရှိအောင် ဘယ်လိုပြုပြင်ထုတ်လုပ်ရမယ်။ ဈေးကွက်မှာ အကြိုက်ဆုံးကော်ဖီတွေ အကြောင်း မြန်မာကော်ဖီဈေးကွက်ရရှိနေမှုတွေ ကို အများပြည်သူသိရှိအောင် ကော်ဖီသောက်သုံးမှု ကော်ဖီယဉ်ကျေးမှုတွေကို မိတ်ဆက်လက်ပေးတာပါ။ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် တစ်ခုလုံးဟာ မြန်မာစီးပွားရေးမှာ အရေးပါတဲ့ အဓိက သီးနှံတစ်မျိုးဖြစ်လာမှာပါ။ ” ဟု ဦးတင်ထွဋ်ဦး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွဋ်ဦး ကပြောသည်။
ပွေးတောင် ကော်ဖီအပန်းဖြေဥယျာဉ်မှာ ခြံဧရိယာ (၃၈၆.၃၀)ဧကကျယ်ဝန်းပြီး ခြံအတွင်းမှာ သဘာဝစိမ့်စမ်းရေမြောင်း၊ကော်ဖီသမိုင်းပြတိုက်ကိုတည်ထားပြီးကော်ဖီစိုက်ပျိုးထုတ်လုပ်ပုံ အဆင့် ဆင့်အားခင်းကျင်းပြသထားခြင်း၊ မြန်မာနိုင်ငံဒေသအသီးသီးမှ ကော်ဖီမျိုးကွဲ အမျိုးမျိုး အား လေ့လာနိုင်ခြင်း၊မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးရာဒေသအသီးသီးမှထွက်ရှိသည့်ကော်ဖီများအားတစ်စု တစ် စီးတည်းရောင်း ဝယ်ဖောက်ကားနိုင်ခြင်း၊နှစ်ရှည်ပင်များနှင့်နှစ်‌ပေါင်း (၁၀၀)ကျော်ရှိတဲ့သက် တမ်းရင့်ရှားပါးညောင်မုတ်စိတ်ပင်စတဲ့သဘာဝအရင်းအမြစ်တွေကိုလေ့လာနိုင်မှာဖြစ်ကြောင်းသိရ သည်.။
ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)ကို ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် ဖော်ဆောင်ထားခြင်း အားဖြင့်အများပြည်သူများအပန်ဖြေရင်းကော်ဖီသီးနှံရဲ့သဘာဝတွေကိုလေ့လာနိုင်မှာဖြစ်ကာ ပြင်ဦးလွင်မြို့ ၏ ဂေဟစနစ်ကိုလည်း အထောက်အကူပြုပြီးသဘာဝအရင်းအမြစ်တွေကိုလည်း ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သည်။
ပြင်ဦးမြို့တွင် စိုက်ပျိုးရေးကို အခြေခံသည့် လည်ပတ်စရာနေများစွာရှိရာ ထူးလိမ္မော်ခြံ ၊ ကိုယ်တိုင်ခူးစပျစ်ခြံများ၊ ကို စိတ်ဝင်တစားလည်ပတ်ကြသလို ယခုကော်ဖီဥယျာဉ်မှာလည်း နောက်ထပ် လည်ပတ်စရာနေရာတစ်ခုတိုးလာခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published.