စိုက်ပျိုးစရိတ် အရင်းအနှှီးမြင့်မားနေမှုကို ကာမိစေရန် အထွက်နှုန်းကောင်း၊ဈေးကောင်းရသည့် စပါးမျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရန်လိုအပ်

ရွှေမန်း

စိုက်ပျိုးစရိတ် အရင်းအနှှီးမြင့်မားနေမှုကို ကာမိစေရန် အထွက်နှုန်းကောင်း၊ဈေးကောင်းရသည့် စပါးမျိုးကောင်း မျိုးသန့်များရွေးချယ်စိုက်ပျိုးရန်လိုအပ်ကြောင်းသိရသည်။

တောင်သူများအနေဖြင့် နွေးစပါး၊မိုးစပါးစိုက်ပျိုးရာတွင် သွင်းအားစုများအပါအဝင်၊ စက်သုံးဆီဈေးများ လုပ်အားခ များ သယ်ယူစရိတ်များကြီးမြင့်နေချိန်တွင် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ ကာမိစေရန် ဈေးကွက်မှာ ဈေးကောင်းရရှိပြီး အထွက်နှုန်းမြင့်မားသည့် အထွက်တိုးစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း ၊စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်သက်ဆိုင်သည့် ကိန်းဂဏန်းများ မှန်ကန်ရေး ၊ ရိတ်သိမ်းဧရိယာဧကတွေ မှန်ကန်ရေး မှာ အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် တစ်ကွင်းတစ်ဆက်တည်း ဧက ၈၀၀ စိုက်ပျိုးထားပြီး သက်မှတ်စံချိန်စံညွှန်းအတိုင်း GW-11 မျိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၏ စံကွက်ရိတ်သိမ်းမှု အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှီသူများသည် နွေစပါးစံ ကွက် ရိတ်သိမ်းမှုရာတွင် ဝန်ကြီးဌာန၏ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီချိန်တွယ်ချက်ရာ မျိုးစပါးတစ်ဧကလျှင် ၁၄၃.၈၄ တင်းထွက်ရှိကြောင်းသိရသည်။

ယင်း GW-11 စပါးမျိုးကို ကို မျိုးထုတ်လုပ်မှုစနစ်တွက် မျိုးစပါး အခြောက် တင်း ၁၄၃ တင်းကျော်ထွက်ရြိခြင်းဖြစ်ရာ မျိုးစပါးထုတ်လုပ်သည့် မျိုးကွဲပယ်ခြင်း လုပ်ငန်းမပါရှိပါက စပါးအထွက်နှုန်းမှာ တင်း ၁၅၀မှ ၁၆၀ကျော် ထွက်ရှိ ကာ တောင်သူများအနေဖြင့် မျိုးချန်စိုက်ပျိုးနိုင် သည့် အထွက်နှုန်းမြင့်စပါးမျိုးဖြစ်ကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီမှ နေပြည်တော် မျိုးစပါးထုတ်လုပ်ရေး တာဝန်ခံ ဦးအောင်စိုးက ပြောသည်။

“ GW- 11 စပါမျိုးကို နွေးစပါး၊ မိုးစပါးအဖြစ် စိုက်ပျိုးနီုင်ပါတယ်။ နွေစပါးမျိုးထုတ်လုပ်မှု အနေနဲ့ ဝန်ကြီးဌာန အဆင့်ကနေ စံကွက်ရိတ်သိမ်းမှုစနစ်နဲ့ တွက်ချက်မှုအရ မျိူးစပါး အခြောက် တင်း ၁၄၃ တင်းကျော်ထွက်ရှိပါတယ်။ စားစပါးအနေနဲ့ ဧရာဝတီတိုင်း မကွေးတိုင်း၊ မန္တလေးတိုင်း ၊ပဲခူးတိုင်းတွေမှာ စတင်စိုက်ပျိုးနေပါပြီး အထွက်နှုန်းအနေနဲ့ ဒေသအလိုက် တင်း ၁၅၀ကျော်ကနေ တင်း ၁၆၀ ကျော်ထွက်ရှိပါတယ်။ လက်ရှိစပါးပေါက်ဈေးအရ တစ်ဧက လျှင် ကျပ် ၆၀၅၂၂၀ကျော် အကျိုးအမြတ်ရရှိခဲ့ပါတယ်။” ဟု ၎င်းကပြောသည်။

GW-11 စပါးမျိုးမှာ နွေးစပါး၊မိုးစပါး နှစ်မျိုးလုံးစိုက်ပျိုးနိုင်ပြီး အပင်ပေါက်ရာခိုင်နှုန်းကောင်းမွန်ခြင်း ၊ အပင်ပွားနှုန်းကောင်းမွန်ခြင်း တစ်နှံပါစပါးစေ့ မြင့်မားခြင်း ၊အပင်ရောဂါဒဏ်နှင့်ရေငတ်ဒဏ်ခံနိုင်ခြင်း ၊စပါးမှ ဆန်ကြိတ်ခွဲရာတွင် ဆန်ဖြစ်မှုရာခိုင်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ယခုလို စိုက်ပျိုးထုတ်လုပ်မှု မြင့်မားနေချိန်တွင် တွက်ခြေကိုက်သည့် မျိုးစပါးဖြစ်ကြောင်းနှင့် ယင်းအပြင် အထွက်နှုန်းကောင်း စပါးမျိုးဖြစ်တာကြောင့်တောင်သူများ၏စပါးစိုက်ဧကများကို လျော့ချစိုက်ပျိုးပြီး အခြားစီး့ပွားရေး တွက်ခြေကိုက် သည့် ပို့ကုန်ပဲမျိုးများကို စိုက်ပျိုးနီုင်ကြောင်း စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည် ။

၂၀၂၀-၂၀၂၁ခုနှစ်အတွင်း တစ်နီုင်ငံလုံးတွင် မိုးစပါးဧက ၂.၄သန်းစိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိနွေးစပါးစိုက်ပျိုးမှု အနေဖြင့် တစ်နိုင်ငံလုံးတွင် နွေစပါး ၂၄၂၀၇၈၇ ဧက စိုက်ပျိုးရန်လျှာထားပြီး ယခုှနှစ်မေ ၁၅ ရက်နေ့အထိ နွေစပါး ၁၈၃၂၇၆၀ ရိတ်သိမ်းပြီးဖြစ်ကြောင်းသိရသည်။

လက်ရှိနွေစပါးစိုက်ပျိုးမှု ထုတ်လုပ်မှု အရ ဒေသအလိုက် နွေစပါးအထွက်နှုန်းမှာ အနည်းဆုံး တင်း၇၆ တင်းကျော် ကယားပြည်နယ် ၊နေပြည်တော် တင်း ၈၁တင်းကျော် ၊ ဧရာဝတီတိုင်း ၉၇တင်းကျော် ၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် တင်း ၁၀၀ ကျော်ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။

မြန်မာနိုင်ငံတွင် မိုးစပါးကို ပြည်တွင်းစားသုံးမှုများသည့် စပါးမျိုးများကို စိုက်ပျိုးပြီး နွေစပါးစိုက်ပျိုးမှုတွင် ပြည်ပကိုတင်ပို့ရောင်းချသည့် စပါးမျိုးများကို အများဆုံးစိုက်ပျိုးခြင်းဖြစ်သည်။ လက်ရှိနွေစပါးတင်း ၁၀၀ ဈေး ကျပ် ၈၀၀၀၀၀ သိန်းခန့် ရောင်းချရသဖြင့် တောင်သူများအနေဖြင့်စပါးဈေး ကောင်း ရရှိနေခြင်းဖြစ်ရာ အထွက်နှုန်းမြင့်မားသော တင်း၁၅၀ကျော်တင်း၁၆၀ကျော်ထွက်ရှိသည့် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါက ယခုထက်ပိုမို အကျိုး အမြတ်များနိုင်ကြောင်း နှင့် နိုင်ငံခြားသို့ လက်ရှိဆန်တင်ပို့မှုထက်ပိုမိုတင်ပို့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.