စပါးအထွက်နှုန်းကောင်းစေရန် ပေါင်းမြက်ကို စနစ်တကျနှိမ်နင်းရန် လိုအပ်

ရွှေမန်း

စပါးခင်းများတွင် ပေါင်း (စပါးမှလွဲ၍ အခြားမည်သည့် အပင်မဆို) မနှိမ်နင်းနိုင်ပါက စပါးအထွက်နှုန်းကို လျော့ကျစေ သည်။ ပေါင်းမနှိမ်နင်းပါက ပျိုးထောင်စိုက်ခင်းများတွင် အထွက် နှုန်း ၅၀ရာခိုင်နှုန်းအထိ ကျဆင်း နိုင်ပြီး တိုက်ရိုက်စိုက်(အစေ့ချနှင့် ကြဲသားခင်း)များတွင် အထွက်နှုန်း ၄၅-၇၀အထိ ကျဆင်းနိုင်ကြောင်း သိရသည်။
စပါးအထွက်နှုန်းကောင်းစေ ရန်အတွက် ပေါင်းနှိမ်နင်းခြင်း သည် အလွန်အရေးကြီးတာကြောင့် ပေါင်းများကို လူ၊ ကြားပေါင်း လိုက် စက်ကိရိယာများနှင့် ပေါင်း သတ်ဆေးများ အသုံးပြုခြင်းဖြင့် နှိမ်နင်းနိုင်သည်။

စပါးခင်းထဲတွင် ရေအနည်း ငယ်သာရှိမည်ဆိုလျှင် ပေါင်း ပြဿနာများနိုင်ပြီး ပေါင်းများ ထွက်ပေါ်လာခြင်းသည် စပါး ပင်ပွားထွက်ခြင်းကို အခက်အခဲ ဖြစ်စေသည်။ စပါးပင်ပွား အား ကောင်းခြင်း၊ မကောင်းခြင်းသည် စပါးအထွက်နှုန်းနှင့်တိုက်ရိုက် ဆက်စပ်နေတာကြောင့် အထွက် နှုန်းမကျဆင်းစေရန် ပင်ပွားထွက် ချိန်တွင် ပေါင်းများကို အထူး ဂရု စိုက်နှိမ်နင်းသင့်သည်။

စပါးပင်ဖြစ်ထွန်းမှု၏ အရေး ကြီးကာလဖြစ်သော ၄၅ ရက် သက်တမ်းအတွင်း ပေါင်းများ ကင်းစင်နေသင့်သည်။ ပေါင်းများ သည် စပါးပင်ကြီးထွားဖို့အတွက် နေရောင်ခြည်အစာအာဟာရနှင့် ရေ တို့ကို စပါးပင်နှင့်ယှဉ်ပြိုင်ရယူ သောကြောင့်ဖြစ်သည်။ ထို့ပြင် ပေါင်းများသည် ပိုးမွှားရောဂါ ကျရောက်မှု ပြင်းထန်စေရန် ပိုးမွှား နှင့် ရောဂါဖြစ်စေသော သက်ရှိ တို့ကို လက်ခံသောအပင်မှာ ပေါင်းပင်များဖြစ်သည်။

သို့ဖြစ်၍ ပေါင်းမြက်ကင်းစင် စေရန် ပေါင်းပင်ငယ်ရွယ်စဉ် တွင် စပါးပေါင်းသတ်ဆေးဖြင့် ဂရုတစိုက် နှိမ်နင်းသင့်ပြီး ပေါင်ပင် ကြီးလျှင် နှိမ်နင်းရန်ခက်ခဲသည်။ ပေါင်းပင်ကင်းစင်စေရန် မျိုးကောင်း၊ မျိုးသန့်များကို အသုံးပြုခြင်း၊ မြေပြင်ချိန်တွင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် သမန်းပြင် ညီညာမှုရှိခြင်းတို့သည် ပေါင်း ပေါက်ရောက်မှုကို လျော့နည်းစေ သည်။ ပေါင်းများသည် ပေါင်းစေ့ မှ ပျံ့နှံ့နိုင်သောကြောင့် မိမိစိုက် ခင်းပတ်လည်တွင်လည်း ပေါင်း ကင်းစင်ရန်လိုအပ်သည်။ စပါး စိုက်ခင်းသို့ ရေရယူမည့် ရေမြောင်း ပတ်လည်တွင်လည်း ပေါင်းမြက် များကင်းစင်စေရန် လိုအပ်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံ ပြုထားသည်။

Leave a Reply

Your email address will not be published.