စပါးသိုလှောင်ရန် ဝယ်ယူမှုများလာခြင်းကြောင့် ယခင်လထက် စပါးဈေးမြင့်တက်လာ

ရွှေမန်း

ပြည်တွင်း၌ စပါးသိုလှောင်သည့် ရာသီချိန်ဖြစ်ပြီး စပါးအထွက်နုန်းကျဆင်းနိုင်သည်ဟု ခန့်မှန်းကာ လှောင် လက်များ၊ဆန်စက်များက အပြိုင်ဝယ်ယူကြခြင်းကြောင့် နိုဝင်ဘာပထမပတ်တွင် စပါးဈေးမှာ ယခင်လထက် ဈေးမြင့်တက်လာကြောင်း စပါးဈေးကွက်မှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလက စပါးတင်း ၁၀၀ လျင် ပျမ်းမျှငွေကျပ် ၉၀၀,၀၀၀-၁,၁၀၀.၀၀၀ ဝန်းကျင်ပေါက် ဈေးရှိခဲ့ရာကာ လက်ရှိတွင် ငွေကျပ် ၁,၂၀၀,၀၀၀ မှ ၁,၅၀၀,၀၀၀ ဝန်းကျင်ထိ ရှိလာသည်ဟုဆိုသည်။

“လှောင်လက်တွေ အဝယ်များလာတယ်။အရောင်းအဝယ်သဘောအရ ဝယ်လိုအားများရင် ဈေးမြင့်လာတာပဲ။ တချို့တောင်သူတွေဆိုရင် ထွက်တဲ့စပါးရဲ့ တစ်ဝက်နီပါးလောက်ရောင်းပြီး ကုန်ပြီ။သူတို့လက်ထဲ ကြာကြာ မထားနိုင်ကြဘူး။စပါးဈေးတက်မှ တောင်သူတွေ ကုန်ကျတဲ့ စိုက်ပျိုးစရိတ်ကို ကာမိမယ်”ဟု စပါးကုန်ုသည် တစ်ဦး ကပြောသည်။

နိုဝင်ဘာ ပထမအပတ်တွင် စပါးဈေးတင်း ၁၀၀ ပေါက်ဈေးများမှာ မနောသုခ(၁,၂၅၀,၀၀၀)ကျပ်ဝန်းကျင်၊ဆင်း သုခ(၁,၃၀၀,၀၀၀)ကျပ်ဝန်းကျင်၊ပေါ်ဆန်း(၁,၄၅၀,၀၀၀)ကျပ်ဝန်းကျင်၊တောင်ပျံ(၁,၅၀၀,၀၀၀)ကျပ်ဖြစ်ပြီး၊အ ခြားသော စပါးများမှာလည်း ယခင်လထက် ဈေးနုန်းမြင့်လာရာ ဒေသတစ်ခုနှင့် တစ်ခုပေါက်ဈေးအနည်းငယ် ကွာဟကြောင်းသိရသည်။

“စပါးကအစိုနှင့်အခြောက်ရှိပြီးအခြောက်က ဈေးပိုတယ်။စက်အရောက်ဈေးနဲ့ တောင်သူ နေရာမှာဝယ် တဲ့ ဈေးလည်းမတူဘူးပေါ့။ စပါးအဝယ်များလေ ဈေးတက်လေပဲ။ဈေးကျမယ်ထင်လို့ မဝယ်ဘဲ အခြေအနေစောင့် ကြည့်နေ သူတွေ လည်းရှိတယ်။တောင်သူတွေဆီ စပါးမရှိတော့ချိန် ဈေးတက်တတ်လို့ ခုချိန်ဝယ်နေကြတယ်” ဟု တောင်သူတစ်ဦးက ပြောကြားသည်။

လှောင်လက်များနှင့်် ဆန်စက်များက ဝယ်ယူမှုများပြားလျက်ရှိသော်လည်း အချို့တောင်သူများက အနည်းငယ် သာ ရောင်းချပြီး စပါးဈေးထပ်မံတက်လာမည့်အခြေအနေ စောင့်နေသူများလည်းရှိကြောင်း၊ပြီးခဲ့သည့် စပါးစိုက် ချိန်က သွင်းအားစုဈေးနုန်းများ ၃ ဆကျော်မြင့်တက်ခဲ့၍ စိုက်စရိတ်ကြီးမြင့်လာခြင်းနှင့်စပါးအထွက်နုန်းလျော့ ကျ နိုင်သည်ဟု ခန့်မှန်းမှုများကြောင့် စပါးဈေးမြင့်လာကြောင်း ကုန်သည်တချို့က သုံးသပ်ကြသည်။

Leave a Reply

Your email address will not be published.