စည်းရုံးလှုံ့ဆော်ရေး ( Advocacy and lobby) online သင်တန်းကို အွန်လှိုင်း ဖြင့် ပထမဆုံးကြိမ် ကျေးရွာတွင် ပြုလုပ်

ကြာကန်၊စက်တင်ဘာ(၁၁)      

ကျေးရွာ လူငယ်၊ လူကြီးများ စွမ်းရည်မြှင့်ရန်အတွက် Covid 19 ကာလ ဖြစ်သောကြောင့်ကျေးရွာ လူထုနှင့် အွန်လှိုင်း ဖြင့် ပထမဆုံးကြိမ် ပြုလုပ်ခြင်း ဖြစ်သည် ဟုကျေးလက်မြေမှ ပြောသည်။

online zoom သင်တန်းကို ၄ ရက်နေ့မှ ၉ ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၂၀ ခုနှစ်တွင် ၆ ရက်တာ သင်တန်းပြုလုပ်ခဲ့သည်။

ကျေးရွာ လူငယ်၊ လူကြီးများ စွမ်းရည်မြှင့်ရန်အတွက် ကျေးလက်မြေနှင့် ညီမျှခြင်း မြန်မာတို့မှ The United Natons Democracy Fund (UNDEF) ထောက်ပံ့မှုဖြင့်ပြုလုပ်ခြင်းဖြစ်သည်။

 မိမိတို့ ရပ်ရွာတွင်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် အခြားအကြောင်းအရာများ အရေးဆိုမှုနှင့် လူထုပါဝင်မှု လုပ်ဆောင်နိုင်ရန်တွက် မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ လူငယ်များ၊ လူကြီးများကို သင်တန်းပေးခဲ့သည်။ Covid 19 ကာလ ဖြစ်သောကြောင့် လူစု လူဝေးမဖြစ်စေရန်အတွက် လူစုခွဲကာ သင်တန်း သူ၊ သင်တန်းသား ၂၅ ဦးအား တစ်ရွာစီခွဲကာ ပြုလုပ့်ခဲ့သည်။

 ကျေးရွာ လူထုနှင့် အွန်လှိုင်း ဖြင့် ပထမဆုံးကြိမ် ပြုလုပ်ခြင်း ဖြစ်သောကြောင့် နည်းပညာ အခက်အခဲ ကို ဖြေရှင်းနိုင်ရန်အတွက် တစ်ဦးချင်း မလုပ်ဆောင်နိုင်ဟု သင်တန်းမှူးဒေါ်မူစဲကပြောသည်။

 မြို့သစ်မြို့နယ်၊ သားမျှား ကျေးရွာမှ ရပ်ရွာ အရေး ဦးဆောင်၊ ဦးရွက်လုပ်ဆောင်သော သင်တန်းသားတစ်ဦး ဖြစ်သည့် ကို စိုးလေးမှ ယခုကဲ့သို့ အွန်လှိုင်းသင်တန်း တက်ရခြင်းမှာ “မိမိအတွက် နည်းလမ်းအသစ်၊ အတွေ့အကြုံသစ်ရရှိခြင်းအပြင်၊ အခွင့်အလမ်းအသစ်အတွက်လည်း ရရှိသည်ဟုပြောသည်။

“ဒီသင်တန်းကနေ လူထုကို သူတို့ နားလည် လက်ခံလာအောင် ဘယ်လို သတင်းစကားတွေ ပြောရမလဲ၊ လုပ်ဆောင်ရမလဲ အပြင် အစိုးရနဲ့ အာဏာပိာင်တွေကို ဘယ်လို အရေးဆို တိုက်တွန်းရမလဲ၊ ဘယ်လို ပြင်ဆင်ပြီး စနစ်တကျ လုပ်ရမလဲ ဆိုတာကို လေ့လာ သင်ယူခဲ့ရပါတယ်။ ကျတော့်အတွက် တကယ့်ကို အရေးပါပြီး အကျိုးရှိတဲ့ သင်တန်းပါ။” ဟုပြောကြားသည်။

ယခုကဲ့သို့ အခြားကျေးရွာများကိုလည်းဆက်လက်ဖွင့်လှစ်သွားမည်ဟုသိရသည်။

ကျေးလက်မြေ။

Leave a Reply

Your email address will not be published.