ယခုလက်ရှိသတင်းစာအချို့သည် မိမိတို့၏ချို့ယွင်းချက်များကို ပြုပြင်နိူင်သလောက်ပြုပြင်ကြပြီးလျင် သတင်းစာဖတ်သူတို့အကျိုး၊ တိုင်းပြည်၏အကျိုးအတွက် ရဲရဲဝံ့ဝံ့ရေးသားကြရန် အချိန်တန်ပြီ။ ဤသို့ရေးသားကြမည်ဆိုသော် တိုင်းပြည်၏ကျေးဇူးတင်ခြင်းကိုကောင်းကောင်း ခံစားရမည်သာတည်း။တဲ့။
သိပ္ပံမောင်ဝရေးတဲ့စာပါ။၁၉၃၉ခုနှစ်၊သြဂုတ်လထုတ်ဂန္ဓလောကမှာပါတဲ့ သတင်းစာကောင်းအလိုရှိသည်ဆိုတဲ့ဆောင်းပါးမှာရေးထားတာပါ။
အဲ့ဒီဆောင်းပါမှာဆက်ရေးထားပါတယ်။ သတင်းစာနဲ့သတင်းသမားဆိုတာ အပြန်အလှန်အထောက်အကူပြုတဲ့သဘောဖြစ်ကြောင်းဆက်ရေးထားပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီကရေးခဲ့တာပါ။သတင်းစာနဲ့သတင်းသမားတချို့ရဲ့အခြေအနေကအခုလည်းသိပ်မကွာပါဘူး။ဆိုးမွေတွေအဆက်ဆက်ပေးပြီး၊ဆိုးမွေတွေဆက်ခံနေသလိုပါပဲ။
ဆရာကသတင်းစာတွေအကြောင်းကို
ို”၁(ပြား)၊ ၂(ပြား)၊၃(ပြား)တန်သတင်းစာများကို ထားလိုက်ပါဦး၊ ၅(ပြား)တန်အတန်းသတင်းစာအချို့ပင်လျင် ပါတီပရောဂများနှင့်မကင်းကြသည်မှာ သနားစရာကောင်းလှတော့သည်။”လို့ရေးထားပါတယ်။
ဆက်ပြီးလည်း “သတင်းစာဖတ်သူတို့ကား နှစ်ဦးနှစ်ဖက်စကားကိုမကြားရဘဲတဖက်သတ်စကားကိုယုံပြီးလျင် မမှန်သောဆုံးဖြတ်ချက်ကိုချကြရလေသည်။ မည်သူ၏အပြစ်ပါနည်း။ ထိုတဖက်သတ်သမား သတင်းစာဆရာများ၏ အပြစ်ပင်ဖြစ်တော့၏။ ထိုပြင်နယ်များမှ သတင်းမှန်၊သတင်းကောင်းတို့ကိုပေးနိုင်သောပုဂ္ဂိုလ်များအားကြေးငွေခပ်များများပေး၍ သတင်းထောက်ခန့်ထားခြင်းမပြုပါဘဲ အများအားဖြင့် အပေါစားသတင်းထောက်တို့ကိုခန့်ထားလေ့ရှိကြလေသည်။ခြောက်ပြားတန်သတင်းသတင်းထောက်မျိုးကိုခန့်ထားလျှင်ခြောက်ပြားတန်သတင်းမျိုးကိုသာရပေလိမ့်မည်။တကျပ်တန်သတင်းမျိုးကို အဘယ်နည်းနှင့်မျှရနိုင်မည်မဟုတ်ပေ။”
သူစာထဲမှာပြားတွေပါတော့ အဲ့ဒီခေတ်ရဲ့ကုန်စျေးနှုန်းကိုသူ့ဆောင်းပါးတွေထဲမှာလိုက်ရှာရပါတယ်။အခြားတပုဒ်မှာဟင်းတခွက်နဲ့ထမင်းတခါပြင်(၄)ပဲ။လက်ဖက်ရည်တခွက်(၆)ပြားလို့ရေးထားတာတွေ့ပါတယ်။
စစ်ကြိုခေတ် သတင်းသမားတွေသတင်းလိုက်ပုံ၊သတင်းရေးပုံကိုဘယ်လိုဆက်ရေးထားသလဲဆိုတော့”ထိုခြောက်ပြားတန်သတင်းထောက်တို့သည် လက်ဖက်ရည်ဆိုင်၊ကာဖီဆိုင်တို့မှရသော သတင်းတို့ကိုဟုတ်၏၊၊ မဟုတ်၏ထောက်လှမ်းစုံစမ်းခြင်းမပြုပါပဲ ထိုရသမျှသတင်းကိုမိမိတို့၏သတင်းစာတိုက်သို့ပို့လိုက်သည်သာများ၏။ထိုသတင်းများကိုဟုတ်၏၊မဟုတ်၏ဆင်ခြင်ခြင်းမပြုပါဘဲအဟုတ်ကြီးလုပ်ကာသတင်းစာထဲတွင်ထည့်သွင်းလေ့ရှိသည်။”တဲ့။
ပါတီတခုခုနဲ့မသက်ဆိုင်တဲ့သတင်းစာတွေရဲ့အခြေအနေကလည်း”ပါတီမရှိသော်လည်းလူအများ၏အလိုသို့သာလိုက်ကာရေးသားနေကြသောသတင်းစာတို့ကိုလည်းအားထားရန်ခက်လှပေ၏။ထိုသတင်းသမားတို့ကားတိုင်းပြည်အားခေါင်းမဆောင်၊လူအများခေါင်းဆောင်ရာသို့သာလျင်ကောက်ကောက်ပါအောင်လိုက်နေကြလေတော့သည်။”တဲ့။
သိပ္ပံမောင်၀ရဲ့သက်ပြင်းမှုတ်ထုတ်သံကခေတ်တွေစနစ်တွေတခုပြီးတခုကျော်ဖြတ်ပြီးကိုယ့်ဘေးနားထိရောက်လာသလိုပါပဲ။
၆.၈.၂၀၂၀
ဇမဇမဇမ See Less
FlashNews:
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ

Leave a Reply