ငဖဲမြို့နယ် မင်းဘူး-အမ်းကားလမ်းမမှာ ကျောက်သည်ကား ချောက်ထဲထိုးကျ၊ ၂ဦးသေ၊ ၄ဦးပြင်းထန်ဒဏ်ရာများရ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ်၆၄/၅ ဂုတ်စီးရိုးကျေးရွာအနီးတွင်‌ ကျောက်မှုန့်များသယ်ဆောင်လာသော ၁၂ဘီးကားတစ်စီး ချောက်ထဲတိမ်းမှောက်မှု ဧပြီလ၇ရက် ည၇နာရီ၃၀မီနစ်အချိန်ခန့်တွင် ဖြစ်ပွား
ခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဥ်မှာ ယာဉ်မောင်းဦးတိုးဝင်းမောင်းနှင်၍ ယာဉ်နောက်လိုက်စိုးမိုးအောင်၊အလုပ်သမားမျိုးမင်းဝေ(ခ)မျိုးသီဟကျော်၊ ညီညီထွေး၊ ဦးပေါ်တင်၊ ဦးဝင်းဇော်တို့ လိုက်ပါတဲ့ ယာဉ်အမှတ်3D-3625နံပါတ်ပါ NISSAN DIESELအမျိုးအစားအဖြူရောင်၁၂ဘီးကားသည် ပဒါန်းကျေးရွာဘက်မှ အမ်းမြို့ဘက်သို့ လမ်းခင်းကျောက်မှုန့်များ တင်ဆောင်မောင်းနှင်လာစဉ် မင်းဘူး-အမ်းကားလမ်းမိုင်တိုင်အမှတ်၆၄/၅ ဂုတ်စီးရိုးရွာအနီး အကွေ့အရောက်တွင်ကားဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲလမ်း၏လက်ဝဲဘက် အနက်၁၅၀ပေချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ဂုတ်ကြီးရဲကင်းစခန်းက သိရပါတယ်။
အဆိုပါယာဥ် ထိုးကျတိမ်မှောက်မှုကြောင့် ကားရှေ့ခေါင်းခန်းတွင် လိုက်ပါလာသေ
ယာဉ်မောင်းဦးတိုးဝင်းနဲ့ ကားရှေ့ခေါင်းခန်းတွင် လိုက်ပါလာသေ
ကိုမျိုးမင်းဝေ(ခ)ကိုမျိုးသီဟကျော်တို့ သေဆုံးခဲ့ပြီး ကျန်၄ဦးပြင်းထန်ဒဏ်ရာများ ရရှိတာကြောင့် မင်းဘူးဆေးရုံးမှာ ၂ဦး၊ ပဒါန်းဆေးရုံမှာ၂ဦး တက်ရောက်ဆေးကုသနေတယ်လို့ သိရပါတယ်။
နတ်မောက်က ကားလို့ သိရပါတယ်ည၇နာရီ၃၀မီနစ်အချိန်ခန့်က ဖြစ်တာပါ၊ ဒါပေမဲ့ ဒရိုင်ဘာက ည၁၁နာရီကျော်အချိန်လောက်မှ ဆွဲထုတ်လို့ရတယ် ၊ကားပေါ်မှာ ၆ဦးပါတယ်၊ ကားခေါင်းခန်းက၃ဦး၊ နောက်ကကျောက်ချမဲ့သူ၃ဦးပေါ့၊ ခေါင်းခန်းကဒရိုင်ဘာနဲ့‌ နောက်၁ဦးသေတယ်၊ ဒဏ်ရာက၄ဦးရတာပေါ့၊ ၄ဦးထဲက ၂ဦးက ရတဲ့ဒဏ်ရာပြင်းထန်လို့ မင်းဘူးဆေးရုံကိုလွှဲရပါတယ်၊ ၂ဦးကတော့ ပဒါန်းဆေးရုံမှာ တင်ထားပါတယ်လို့ ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ရဲနိင်စိုးက ပြောပါတယ်။
ယင်းဖြစ်စဥ်နဲ့ ပတ်သက်ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဥ်‌
မောင်းဦးတိုးဝင်း၄၇နှစ် မြို့မကွက်သစ်ရပ်၊နတ်မောက်မြို့နေသူအား ဥပဒေအရအမှုဖွင့်အရေးယူပေးရန် ဆက်လက်လုပ်ဆောင်နေကြောင်း ဂုတ်ကြီးရဲကင်းစခန်းမှ သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.