ဂရိတ်ဝေါလ်စိုက်ပျိုးရေး သုတေသနခြံသို့ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ လာရောက်လေ့လာ

မန္တလေး မတ် ၁၂

မန္တလေး၊ ချမ်းမြသာစည် မြို့နယ်၊ ၇၃လမ်းနှင့် ၁၁၀လမ်း ထောင့်ရှိ ဂရိတ်ဝေါလ်စိုက်ပျိုးရေး သုတေသနခြံသို့ မတ် ၁၀ ရက် နံနက်ပိုင်းက စစ်ကိုင်းခရိုင် စိုက် ပျိုးရေးဝန်ထမ်းများနှင့် တောင်သူ များ လာရောက်လေ့လာခဲ့သည်။

မွေးမြူရေးအစားအစာ အဲဗား ဂရင်းမြက်၊ကြီးမြန်သစ်ပင်၊ ပြည်လုံး ချမ်းသာသစ်ပင်များကို တစ်သျှူး ကာချာလ်နည်းဖြင့် စမ်းသပ် အောင်မြင်ဖြစ်ထွန်းနေမှုများကို လည်းကောင်း၊ စက်မှုကုန်ကြမ်း သီးနှံအဖြစ် ဖြစ်ထွန်းအောင်မြင် နေသည့် G-3 ကြက်ဆူစိုက်ခင်း ကိုလည်းကောင်း၊ အထွက်တိုး ဂျုံ၊ စပါးမျိုးများကို စိုက်ပျိုးနည်း စနစ်မျိုးစုံဖြင့် စမ်းသပ်စိုက်ပျိုး အောင်မြင်နေမှုများကို ဂရိတ် ဝေါလ်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင်က ရှင်းပြသည်။

ထို့နောက် လာရောက်လေ့လာ ကြသော စိုက်ပျိုးရေးဝန်ထမ်းများ က သိရှိလိုသည်များကို မေးမြန်း ရာ ကုမ္ပဏီမှ သုတေသနမှတ်တမ်း များအရ တွေ့ရှိချက်များ လက်ရှိ ပြည်တွင်းတွင် စီးပွားဖြစ်အောင် မြင်စွာ စိုက်ပျိုးနိုင်သည့် စပါးမျိုး များ၊ ကြီးမြန်သစ်ပင်စိုက်ပျိုးမှု များ၊စီးပွားရေးတွက်ခြေကိုက်သည့်စက်မှုကုန်ကြမ်းသီးနှံကြက်ဆူ သီးနှံစိုက်ပျိုးခြင်းများကို မြေပြင် လက်တွေ့သရုပ်ပြခြင်းနှင့် ပရိုဂျက် တာဖြင့် သိရှိလိုသည်များကို ရှင်းလင်းတင်ပြခဲ့သည်။

အဲဗားဂရင်းမြက်မှာ သုံးနှစ် ကျော် သုတေသနပြု စမ်းသပ် စိုက်ပျိုးထားပြီး ဓာတ်ခွဲနမူနာများ အရ ပရိုတင်းဓာတ်ပါဝင်မှုမြင့်မား ပြီး မွေးမြူရေးအစားအစာဖြင့် အရည်အသွေးကောင်းမွန်ကြောင်း၊ တစ်ကြိမ်စိုက်ပျိုးပြီးလျှင် ၁၀နှစ် မှ ၁၅နှစ်အထိ ပြန်လည်စိုက်ပျိုး ရန် မလိုဘဲ အလှည့်ကျရိတ်သိမ်း နိုင်ခြင်း၊ မြက်တစ်ဧကစိုက်ပျိုး ထားလျှင် နှစ်လတစ်ကြိမ် ၁၅ တန်ခန့်ထွက်ရှိပြီး တစ်နှစ်လျှင် အနည်းဆုံး တန် ၉၀ခန့် ထွက်ရှိ ကြောင်း၊နွား ၁၈ကောင်နှင့် ဆိတ် အကောင် ၂၂၀ ကို ကျွေးမွေးရန် လုံလောက်ကြောင်း၊ ထို့နောက် ပြည်လုံးချမ်းသာတစ်ပိုင်တစ်နိုင် သစ်တောစိုက်ပျိုးစနစ်သစ်အရ တစ်ဧကလျှင် အပင် ၁၁၀ စိုက် ပျိုးပြီး ငါးနှစ်အတွင်း စီးပွားဖြစ် သစ်ထုတ်လုပ်နိုင်ကြောင်း၊ စက်မှု ကုန်ကြမ်းသီးနှံအဖြစ် G-3 ကြက် ဆူမျိုးကို လေးလခန့် စိုက်ပျိုးပြီး စိုက်ခင်းအတွင်း အောင်မြင်ဖြစ် ထွန်းနေသော ကြက်ဆူသီးများ ကို တွက်ချက်ရာ တစ်ဧကလျှင် ပျမ်းမျှတင်း ၈၀ကျော် ထွက်ရှိပြီး လက်ရှိဈေးကွက်ပေါက်ဈေးမှာ တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀ ခန့် ပေါက်ဈေးရှိသဖြင့် တစ်ဧက လျှင် ၂၄ သိန်းကျော် အကျိုးမြတ် ကျန်ရှိကြောင်း သိရသည်။

ပျိုးပင်နှင့် စိုက်ပျိုးနည်းစနစ် များကို လေ့လာလိုသော တောင်သူ များအနေဖြင့် အဆိုပါသုတေသန ခြံ၊ ၇၃လမ်းနှင့် ၁၁၀လမ်းထောင့် သို့လည်းကောင်း၊ ခြံတာဝန်ခံ ဖုန်း ၀၉-၇၆၅၄၇၄၉၇၆ သို့ ဆက်သွယ်လာရောက်လေ့လာနိုင် ကြောင်း သိရသည်။

ရွှေမန်း

Leave a Reply

Your email address will not be published.