ဂန့်ဂေါမြို့နယ် ယာယီပျံကျဈေးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

ဂန့်ဂေါ အောက်တိုဘာ ၂၃

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ယာယီပျံကျဈေးတွင် ယနေ့နံနက်က ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်းပြသသည်။ အဆိုပါနံရံကပ်စာစောင်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာလအတွင်း မိမိ၏ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များကို လိုက်နာရန်၊ သင်ဟာ အသက်(၁၈)နှစ်ပြည့်ပြီးသူဆိုရင် မဲဆန္ဒရှင်စာရင်းတွင် သင့်နာမည်ပါ/ မပါ စစ်ဆေးပြီးပြီ လား၊ မဲဆန္ဒရှင်စာရင်း သွားရောက်စစ်ဆေးရန် သင့်မှာအချိန်မရှိ/ မလုံလောက်ဖြစ်နေပါက အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊ QR ကုတ်ကို အသုံးပြု၍ ဝက်ဘ်ဆိုက်ကို လွယ်ကူစွာဝင်ရောက်နိုင်ရန် အသုံးပြုနည်းများစသည့် အသိပညာပေးနံရံကပ် ပြဘုတ်များကို ပြည်သူများလွယ်ကူစွာသိရှိနိုင်ရန် ဖော်ပြပါရှိကြောင်း သိရသည်။ ထို့ပြင် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.