မတ်လ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်သို့ အမေရိကန်နိုင်ငံမှပြန်လည်ရောက်ရှိလာသူ၂ဦး Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူခဲ့ရာ ၎င်းတို့၂ဦးကို ထောင်ဒဏ်၃လစီချမှတ်လိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။
မတ်လ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်သို့ အမေရိကန်နိုင်ငံမှပြန်လည်ရောက်ရှိလာတဲ့ ဦးတင်ယမန်း(ဘ)ဦးပိုင်လင်း၊ စည်ပင်ရပ်ကွက် ဂန့်ဂေါမြို့နယ်နှင့် ဦးဆန်းဇော်ဦး(ဘ)ဦးဗွေးထောင်း၊ ကျောတိုက်ရပ်ကွက်၊ဂန့်ဂေါမြို့နယ်ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း သတ်မှတ်ရက်မပြည့်မီ ၎င်းတို့သဘောဆန္ဒအလျှောက် ဂန့်ဂေါမြို့မှ မတူပီမြို့သို့ထွက်ခွာသွားရာ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းအပေါ် ဖောက်ဖျက်ကျူးလွန်ခဲ့ပါသဖြင့် တာဝန်ရှိသူတို့မှ အမှုဖွင့်တိုင်းတန်းသဖြင့် ဧပြီလ ၆ရက်နေ့က ဂန့်ဂေါမြို့နယ်တရားရုံးမှ ဦးတင်ယမန်း(ဘ)ဦးပိုင်လင်းအမှုအမှတ်(၃၆၁/၂၀၂၀)နှင့် ဦးဆန်းဇော်ဦး(ဘ)ဦးဗွေးထောင်း၊ အမှုအမှတ်(၃၆၂/၂၀၂၀)တို့အား ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ၁၈အရထောင်ဒဏ်၃လစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။
ပြည်သူအများ ကျန်းမာရေးအတွက်သေရေးရှင်ရေးအရေးကြီးကာလမှာ စည်းကမ်းချိုးဖေါက်သူတွေကို ဆက်ပြီးအရေးယူသွားမှာပါလို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကမကွေးဂျာနယ်ကို ပြောပါတယ်။
ကောင်းပါတယ်၊အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်မှာ စည်းကမ်းမလိုက်နာသူတွေကို အရေးယူသင့်ပါတယ်၊ သင်္ကြန်ရက်မှာလဲစည်းကမ်းမလိုက်နာသူတွေကို အခုလိုအရေးယူစေချင်ပါတယ်လို့ မကွေးဒေသခံ၁ဦးက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
မြန်မာမှုလူငယ်တေးသံရှင်ဝိုင်းရတီ
ဒေါ်လာဈေးတက်လာတာနှင့်အတူ ပို့ကုန်ပဲများ အတက်ဈေးဖြစ်လာ
ပန်းချီအးငြိမ်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၉၀ ကျပ် ထပ်မံစျေးကျဆင်း
ကုလားပဲသစ်များ ဝင်ရောက်လာသော်လည်း ဈေးကောင်း မရရှိသေး
သတင်းများ
ဂန့်ဂေါမြို့နယ်တွင် ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူ ထောင်ဒဏ်၃လစီချမှတ်

Leave a Reply