ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များ၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွားများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

ဂန့်ဂေါ အောက်တိုဘာ ၃၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော မြို့နယ်များတို့၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွားများ သည် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၌ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။ ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်၌ အသက် (၆၀ ) နှစ်အထက် အဘိုး၊ အဘွား ၁၀၉၃၀၅ ရှိပြီး ၆၉၉၀ ဦးသည်လည်းကောင်း၊ ထီးလင်းမြို့နယ်၌ အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွား ၃၉၄၂၆ ဦးရှိပြီး ၂၅၁၉ ဦးသည်လည်းကောင်း၊ ဆောမြို့နယ်တွင် အသက် (၆၀) နှစ်အထက် အဘိုး၊ အဘွား ၅၈၉၉၉ ဦးရှိပြီး ၄၁၃၅ ဦးသည်လည်းကောင်း ဆန္ဒမဲပေးကြပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆန္ဒမဲပေးကြသူများအနက် ဦးဆောင်နိုင်မည့်သူဟု ယူဆရသည့် ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး မဲထည့်ခဲ့ပါတယ်၊ လွတ်လပ်စွာ ဆန္ဒမဲထည့်ခွင့်ရှိတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ် ဟု ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်တွင် ဆန္ဒမဲလာရောက်ပေးသူ တစ်ဦးဖြစ်သည့် ဦးစောမောင် က ပြောသည်။ အဆိုပါ မဲရုံများ၌ မဲထည့်ရန်လာရောက်ကြသူများကို လက်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည့် အပြင် မဲရုံတွင် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် တာဝန်ရှိသူများတို့က လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.