“ချောက်မြို့နယ် ဆူးတပ်ကျေးရွာတွင် ဖဲလောင်းကစားဝိုင်း ပြုလုပ်သော နေအိမ်ကို သတင်အရ ရဲတပ်ဖွဲ့မှဝင်ဖမ်း”

ချောက်၊ ဩဂုတ် ၂၄

“မကွေးတိုင်း ချောက်မြို့နယ် သစ်တိုကန်ကျေးရွာအုပ်စု ဆူးတပ်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖဲရိုက်လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သတင်းရရှိလို့ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းက ချောက်မြို့နယ် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ “ဝင်ရောက်ဖမ်းဆီးရာမှာ ဖဲလောင်းကစား‌နေသူ ၁၉ ဦးနဲ့ ဖဲဝိုင်းသုံးဝိုင်း ကစားနေသည်ကိုတွေ့ရှိ ဖမ်းဆီးထားကြောင်း ချောက်မြို့နယ် ဂွေးချိုနယ်မြေရဲစခန်းမှ သိရပါတယ်။ ဆူးတပ်ကျေးရွာနေ အိမ်ရှင် ဒေါ်ထွေးမေ ၅၃ နှစ်ရဲ့ နေအိမ်အနောက်ဘက် အဖီဆောင် ဝါးနှီးဖျားကြမ်း သုံးချပ်ခင်းထားတဲ့အပေါ်တွင် ဒေါ်ထွေမေပါ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၉ ဦးတို့က ဖဲအလောင်းကစားဝိုင်း သုံးဝိုင်းပြုလုပ်ကာ အလောင်းကစားပြုလုပ်လျက် စစ်ဆေးတွေ့ရှိရခြင်းဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ “ဖဲဝိုင်းခံစားနေတာ၊ အကောက်နဲ့ သုံးဝိုင်းတောင်မှ သတင်းရရှိမှုနဲ့ သွားဖမ်းတာ၊ တစ်ရွာထဲနေသူတွေ အဘိုးကြီး၊ အဘွားကြီး၊ လူငယ်တွေဆော့နေတာ၊ မိန်းမ ကိုးယောက်မှာ ငါးယောက်က တစ်ဝိုင်း၊ လေးယောက်က ထိုင်ကြည့်တယ်၊ ယောက်ကျားလေးက ငါးယောက် နှစ်ဝိုင်း၊ ဖဲဝိုင်း သုံးဝိုင်း အလောင်းကစားပြုလုပ်နေတာလို့ ဂွေးချိုနယ်မြေ ရဲစခန်းမှူး ဒုရဲအုပ်အောင်ကိုလတ်က ပြောပါတယ်။ အဆိုပါအလောင်းကစားမှ ဖဲချပ်များနဲ့အလောင်းကစားပြုလုပ်ရာတွင် အသုံးပြုတဲ့ပစ္စည်းတွေ၊ ငွေကျပ် ၇၇၇၀၀ နဲ့အတူ လူ ၁၉ ဦးကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ “နေအိမ်အတွင်း ဖဲအလောင်းကစားဝိုင်းခံပြုလုပ်တဲ့အိမ်ရှင် ဒေါ်ထွေးမေပါ ၁၉ ဦးကို ချောက်မြို့မရဲစခန်းတွင် (ပ) ၂၀၄ / ၂၀၂၀၊ အလောင်းကစားဥပဒေပုဒ်မ ၁၆ (က)/ ၁၇ (က) ဖြင့် အမှုဖွင့်ကာ အမှုစစ်ဒုရဲအုပ်အောင်ကိုလတ်က စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

ရွာသား(မကွေး)မကွေးဂျာနယ်

သတင်းဓါတ်ပုံ ချောက်အဖွဲ့(S.H)သတင်းဌာန

21521513 Comments102 SharesLikeCommentShare

Leave a Reply

Your email address will not be published.