ကြက်သွန်နီအသစ်များ ပေါ်နေပြီဖြစ်၍ ကြက်သွန်ဈေးကွက် အငြိမ်ပိုင်းတွင် ရှိနေ


ရွှေမန်း

ပြည်တွင်းစားသုံးသူဈေးကွက် တွင် ကြက်သွန်နီများ ပေါ်နေ ပြီဖြစ်ပြီး ပြည်ပဝယ်ယူမှုမရှိ သဖြင့် ကြက်သွန်နီ ဈေးကွက်မှာ အငြိမ်ပိုင်းတွင် ရှိနေကြောင်း မန္တလေးကြက်သွန်နီပွဲရုံများမှ သိရသည်။

လက်ရှိတွင် မြစ်သားနှင့် ကျောက်ဆည်မှ ကြက်သွန်နီ အသစ်များ မန္တလေးဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး အမျိုး  အစားပေါ်မူတည်၍ ဈေးနှုန်း ကွဲပြားသည်ဟု ဆိုသည်။

“အသစ်တွေပေါ်တာရယ်၊ ပြည်ပလိုင်းက အဝယ်မရှိတာ ရယ်ကြောင့် ဈေးကတော့ ငြိမ် နေတယ်။ ကြက်သွန်နီအဟောင်း ကလည်း မရှိသလောက်နည်း သွားသလို အညှောင့်တွေပေါက် နေတော့ ဈေးတန်းမဝင်တော့ဘူး။ အသစ်ပဲ အရောင်းအဝယ်လုပ် နေကြတယ်´´ဟု မန္တလေး၊ ၂၉ လမ်း၊ ကြက်သွန်ပွဲရုံတစ်ခုမှ ပြော သည်။

လက်ရှိမန္တလေးဈေးကွက် တွင် ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးများမှာ အဟောင်း မှာ ငွေကျပ် ၂၅၀၀-၃၀၀၀ ဝန်း ကျင်ရှိပြီး အသစ်များမှာ ငွေကျပ် ၂၀၀၀-၂၅၀၀ ဝန်းကျင်ရှိကြောင်း သိရပြီး မြစ်သားနှင့် ကျောက် ဆည်၊မုံရွာနယ်များမှ ကြက်သွန်နီ များဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြောကြားသည် မှာ “ ကြက်သွန်နီအသစ်တွေက မရင့်သေးဘဲ တူးပြီးဈေးကွက်တင် တာတွေ ရှိတယ်။အဲဒါတွေက ဈေးသိပ်မရဘူး။ ပြည်တွင်းစားသုံး သူဈေးကွက်ကိုဘဲ အဓိကထား ရောင်းနေရတော့ ဈေးတန်းက အငြိမ်ပိုင်းဘဲသွားမယ်လို့ ခန့်မှန်းပါ တယ်´´ ဟု ၎င်းက ပြောသည်။

Leave a Reply

Your email address will not be published.