ကြက်သွန်နီဈေးကွက်တွင် ဈေးပိုမြင့်လာနိုင်သည်ဟု ခန့်မှန်း

ရွှေမန်း

မီးဖိုချောင်သုံးစားကုန်ဖြစ်သည့် ကြက်သွန်နီဈေးကွက်တွင် လက်ကားဈေး တစ်ပိသာ ကျပ် ၃၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး တောင်သူလက်ထဲတွင် ကြက်သွန်နီမရှိသလောက်ရှားပါးသွားခြင်းကြောင့် လက်ရှိပေါက် ဈေးထက်ထပ်မံ၍ ဈေးမြင့်လာနိုင်သည်ဟု ကြက်သွန်ပွဲရုံအချို့က ခန့်မှန်းကြကြောင်းသိရသည်။

ကြက်သွန်နီသည် ယမန်နှစ်က အမြင့်ဆုံးတစ်ပိဿာ ကျပ် ၃၀၀ သာရရှိခဲ့သဖြင့် အရှုံးပေါ်ခဲ့သောကြောင့် ကြက်သွန်နီစိုက်သူနည်းပါးရာက ယခုနှစ်တွင် ပုံမှန်ထက် ကုန်ကြမ်းနည်းပါးသည်ဟုဆိုသည်။

“ပွဲရုံတွေကတော့ ဈေးမတက်ခြင်ကြပါဘူး။ဒါပမေယ့် ငွေတန်ဖိုးထိန်းတဲ့အနေနဲ့ ကြက်သွန်နဲ့ နီးစပ်သူက ကြက်သွန်ဝယ်ထားတယ်၊ပဲနဲ့ နီးစပ်သူက ပဲဝယ်ထားတယ်ဆိုတော့ တောင်သူလက်ထဲမှာ လက်ကျန် မရှိ တော့ဈေးကွက်အတွက် လိုအပ်လာရင် သူတို့ဆီက ဝယ်ရပြီး ဈေးမြင့်လာတယ်။မြတ်သလားဆိုတော့လည်း မမြတ်ကြဘူး။ငွေမထားဘဲ နီးစပ်ရာဝယ်ထိန်းကြလို့ ကြက်သွန်ဈေးက တစ်ပိဿာ ၄၀၀၀ ဝန်းကျင် ဖြစ်လာ နိုင်တယ်လို့ တချို့ကခန့်မှန်းနေကြတယ်”ဟု မန္တလေးမြို့ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံ တစ်ခုကပြောသည်။

မန္တလေးကြက်သွန်နီဈေးကွက်တွင် ဇူလိုင်လက တစ်ပိဿာ ကျပ် ၂၀၀၀-၂၃၀၀ ဝန်းကျင်မှ သြဂုတ်လတွင် တစ်ပိဿာ ကျပ် ၃၀၀၀ ထိပေါက်ဈေးရှိလာပြီး တစ်ပိဿာ ကျပ် ၁၀၀၀ ဈေးမြင့်တက်လာရာ ဈေးကွက်တွင် ကုန်ကြမ်းရှားပါးမှုကြောင့်ဖြစ်သည်ဟုသိရသည်။

“ မနှစ်က အရှုံးပေါ်လို့ စိုက်တဲ့သူနည်းသွားသလို တောင်သူတွေက သူတို့ လက်ထဲ မထားဘဲ ပေါ်တာနဲ့ ရောင်းကြတယ်။ဒါကို အထွက်နည်းရင် ဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းပြီး ဒေသခံ ပွဲစားတွေ ကုန်သည်တွေ က ဝယ်လှောင်ထားကြတော့ ဈေးတန်းက သူတို့လက်ထဲမှာဖြစ်လာတယ်။အစစအရာရာ တက်ဈေးဖြစ်နေချိန် မှာ ငွေအနေနဲ့ မထားကြဘဲ ဝယ်လှောင်ထားကြသလို ကြက်သွန်ကုန်ကြမ်းကလည်း အတော်ကို နည်းနေပြီ” ဟု ၎င်းကဆက်လက်ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြက်သွန်နီ တန်ချိန် သိန်း၂၀၀နှင့် ၃၀၀ ခန့်ထွက်ရှိရာ ပြည်တွင်းစားသုံး မှုဖူလှုံသဖြင့် ယခင်နှစ်များက Export တင်ပို့ခြင်းဖြင့် ဈေးကောင်းရခဲ့ကြကြောင်း၊ကိုဗစ်ကာလများတွင် ဝယ်လိုအားကျဆင်းမှုနှင့် ကြက်သွန်ဈေးကောင်းမရခြင်းများကြောင့် စိုက်ပျိုးထုတ်လုပ်မှုနည်းပါးရာက ယခုနှစ်တွင် ကုန်ကြမ်းရှားပါးနေကြောင်းသိရသည်။
ယခုနှစ်ကြက်သွန်နီဈေးကွက်တွင် Export မရှိဘဲ ဈေးမြင့် တက်နေခြင်းမှာ ကြက်သွန်ထွက်နှုန်းယခင်နှစ် ထက် နည်းပါးခြင်း ငွေတန်ဖိုးကျဆင်းခြင်း၊မူဝါဒများ အပြောင်းအလဲများနှင့်မြေသြဇာကဲ့သို့ သွင်းအားစုများ ၃ ဆခန့်ဈေးမြင့်တက်ခြင်းစသည့် အကြောင်းများကြောင့် ကြက်သွနနီဈေးနုန်း ထပ်မံမြင့်တက်လာနိုင်ကြာင်း ကြက်သွန်ကုန်သည်အချို့က သုံးသပ်ကြသည်။

Leave a Reply

Your email address will not be published.