ကျန်းမာရေး စောင့်ရှောက် ကြည့်ရှု့သူများကို ပိုးတွေ့ရှိ မရှိ ဆေးစစ်ခြင်းနှင့်ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်

မကွေးခရိုင် မြို့သစ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ မြို့နယ်အဆင့် ကျန်းမာရေးစင်တာ ဖွင့်လှစ်ထားရှိပြီး ပြည်တော်ပြန်များကိုလည်း Facility Quarantine ထားရှိခဲ့ရာတွင် covid-19ပိုးတွေ့လူနာ
case(53)နှင့်
အခန်းခြင်းကပ်လျှက်ရှိပြည်တော်ပြန်နှင့်ကျန်းမာရေး စောင့်ရှောက် စောင့်ကြည့်သူများကို ပိုးတွေ့ရှိ မရှိ ဆေးစစ်ခြင်းနှင့်ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ Case-53 လူနာနှင့်အနီးကပ်ကျန်းမာရေးစောင့်ကြည့်ခဲ့ကြသည့်ကျန်းမာရေးဌာနမှ၀န်ထမ်း(၆)ဦးနှင့်မြို့နယ်ကြက်ခြေနီအလုပ်အမှု
ဆောင်နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးတို့နှင့်အတူ case-53 ပိုးတွေ့လူနာ နှင့်အခန်းခြင်းကပ်လျှက်ရှိပိုးရှိ မရှိစစ်ဆေးရန်ကျန်ခဲ့သည့်ပြည်တော်ပြန်(၅)ဦးတို့ကို ယနေ့နေ့လည်(၃)နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှပြည်သူ့ကျန်းမာရေးဆရာ၀န်ဒေါက်တာရဲလင်းကျော်နှင့်မြို့နယ်ဓာတ်ခွဲမှူးဒေါ်ဥမ္မာတို့ကလည်ချောင်းတို့ဖတ်နှင့်နှာခေါင်းတို့ဖတ်တို့ကိုယူ၍အမျိုးသားဓာတ်ခွဲခန်းရန်ကုန်သို့ ပိုးရှိမရှိ
စစ်ဆေးရန် ဆောင်ရွက်ခဲ့ကြကြောင်းမြို့နယ်ကျန်းမာရေးဦူစီးဌာနမှသိရသည်။

မြို့သစ်မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် Facility Quarantine ထားရှိသည့် ပြည်တော်ပြန် (၁၈)ဦးနေထိုင်သည့် အခန်းနှင့်အဆောင်များကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပိုးသတ်ဆေးပက်ဖြန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှိုင်ဘွား ( မြို့သစ်)

Leave a Reply

Your email address will not be published.