Covid-19ကပ်ဆိုးကြီးဖြစ်နေချိန် မကွေးတိုင်း ကံမမြို့နယ်အတွင်းမှ စားဝတ်နေရေးခက်ခဲသော မိသားစုများကို ကူညီနိုင်ရန်အတွက် ယနေ့ ဧပြီလ၂၆ရက်နေ့က ပြည်မြို့ ပေးဆပ်သူများအဖွဲ့မှ စားနပ်ရိက္ခာများ လာရောက်လှူဒါန်းတယ်လို့ သိရပါတယ်။
ပြည်မြို့က DVBသတင်းထောက် ဆရာမင်းညိုက ကံမမြို့နယ်မှာ ဒီအချိန် တကယ်စားစရာမရှိတဲ့မိသားစုတွေ ရှိနေတာကို သိရှိပြီး အွန်လိုင်းကနေပိုစ့်တင်အကူညီတောင်းတဲ့အတွက် ပြည်မြို့ ပေးဆပ်သူများအဖွဲ့က
ဆန် ၃ပြည်အိတ် ၆၀၊ ဆီ ဗူးသေး ၆၀၊ ကြက်သွန် ၃၀ပိသာ၊ကြက်ဥအလုံး ၆၀၀၊ ကိုငွေတိုး တက်တိုးအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ခေတ္တရာ မြို့သစ် ပြည်မှ ငွေ၁သိန်း၊ ကိုဇော်လေး မန္တလေးမှ mask ၁၀၀၊ နိင်ငံရေးအကျဥ်းသားဟောင်းကိုကျော်ဆွေ ပြည်မြို့မှ ဆန်၁အိတ် လာရောက်လှူဒါန်းပါတယ်လို့ ကံမမြို့ အမှတ်၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။
အခုလို စားစရာအခက်အခဲဖြစ်နေတဲ့သူတွေကို လှူဒါန်းပေးနိင်အောင် နှိုးဆော်ပေးတဲ့ DVBသတင်းထောက် ကိုမင်းညိုကို ကျေးဇူးတင်ပါတယ်၊ Covid-19ကပ်ရောဂါကြောင့် ပြည်သူတွေ အိမ်မှာနေကြရတယ်၊ တစ်နေ့လုပ်လို့ တစ်နေ့စားရမယ့်ပြည်သူတွေမှာတော့ အခက်အခဲဖြစ်တာပေါ့၊ ရွာတစ်ရွာက ထင်းခုတ်စားရတဲ့ပြည်သူတစ်ယောက်ဆိုရင် သူခမျှ ထင်းခုတ်ပြီး အကြော်ဆိုင်တွေပို့ရတယ်၊ အခုဆိုင်တွေပိတ်တော့ အလုပ်မရှိ စားစရာမရှိဖြစ်လာတော့ ကျွန်တော်ရှိရောက်လာပြီး ပုဆိုးအဟောင်းလေး၂ထည်ကိုယူပါ ဆန်လေးရသလောက်ပေးပါ၊ အိမ်မှာစားစရာမရှိဖြစ်နေလို့ပါလို့ပြောတယ်ဗျာ၊ ကျွန်တော်လဲ တတ်နိင်သမျှဆန် ဆီ ဆားပေးလိုက်ပါတယ်၊ အာ့ဒီလိုပါဘဲ မြို့မဟုတ် တောမဟုတ်မှာ နေရတဲ့ပြည်သူတွေ ဒီအချိန်မှာ စားဖို့အတွက် အတော်ကို ဒုက္ခရောက်နေကြတာပါ၊ အခုလို လာရောက်လှူဒါန်းတာတွေကို တကယ်စားစရာမရှိတဲ့ အိမ်ထောင်စု၆၀လောက်ကို သေချာလေ့လာပြီး ကျွန်တော်ကိုယ်တိုင် အဖွဲ့နဲ့ သွားရောက်လှူဒါန်းမှာပါလို့ ဦးဇော်ဝင်းက ပြောပါတယ်။
ကံမမြို့နယ်က Home Quarantine Campတွေမှာ ကိုယ့်ထမင်းကိုယ်စား အိမ်ကပို့ရတာ၊ ဗော်လံတီယာမရှိဘူး၊ အခက်အခဲတွေရှိနေတယ်၊ ကံမကအမတ်တစ်ယောက်ကို ဆက်သွယ်မေးမြန်းတယ်၊ နောက်ထပ်က ရွာတွေက စားစရာမရှိလို့ ဆန်လာလာတောင်းကြတာကို သိရတယ်၊ Home Stayဆိုတော့ အလုပ်မရှိ စားစရာမရှိဖြစ်နေတာတွေကို တိုင်းပြည်ကသိသွားရင် အကူအညီလေးရအောင် ကျွန်တော့်Fbကနေတင်လိုက်တယ်၊ ကူညီချင်သူတွေက ဆက်သွယ်လာလို့ ဒီနေ့ ကံမသွားပြီးလှူဒါန်းဖြသ်တယ်လို့ ပြည်မြို့က DVBသတင်းထောက် ဆရာမင်းညိုက ပြောပါတယ်။
Covid-19ကပ်ဆိုးရောဂါကြောင့် ပြည်သူတွေ Home Stayနေရချိန် စားဝတ်နေရေးအတွက် အတော်များများဒုက္ခရောက် ငတ်နေကြကြောင်း၊ အဓိက တောနေလူတန်းစားထက် မြို့မကျ တောမကျလူတန်းစားများက ပို၍ဒုက္ခရောက်နေကြောင်း၊ တောနေ ရွာနေလူတန်းစားများမှာ စားစရာဆန်ရှိလောက်ပြီး လိုအပ်ပါက ဟိုဘက်အိမ် ဒီဘက်အိမ်တွေကနေ ချေးငှားရနိင်ပေမယ့် မြို့မကျ တောမကျလူတန်းစားများမှာတော့ ဆန်မရှိ၍ ပိုဒုက္ခရောက်နေကျတယ်လို့ ဆရာမင်းညိုက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတပိသာ ၉၅ ကျပ် စျေးထပ်မံကျဆင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ပထမဆုံးလ တွင်ပြည်ပသို့ ဆန်၊ဆန်ကွဲတန်ချိန် တစ်သိန်းကျော်တင်ပို့နိုင်ခဲ့
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်

Leave a Reply