ကုလားပဲသစ်များ အိတ်ရေထောင်ချီဝင်ရောက်လာသော်လည်းဈေးကျဆင်းမှုမရှိ ဝယ်လိုအားကောင်းနေ

ရွှေမန်း

ကုလားပဲအုပ်စုပဲသစ်များ အိတ်ရေထောင်ချီဝင်ရောက်လာသော် လည်းဈေးကျဆင်းမှုမရှိဘဲဝယ်လို အားကောင်းနေကြောင်း ပဲ၊နှမ်းကုန် သည်များထံက သိရသည်။

ပဲသစ်ရာသီအသစ်ဝင်ပဲများ ပမာဏများများ ဝင်ရောက်မှုရှိလျှင် ဈေးကွက်ပေါက်ဈေး အနည်းငယ် ကျဆင်းလေ့ရှိသော်လည်း ယခုနှစ် တွင် ပြည်တွင်းပဲကုန်သည်များ ငွေ မကိုင်ထားလိုဘဲ ပစ္စည်းသာ ကိုင် ထားလိုကြသဖြင့် ဈေးကွက် အတွင်း အသစ်ဝင်သလောက် ဝယ်လိုအားကောင်းနေခြင်းဖြစ် သည်။
ကုလားပဲအုပ်စုပဲများ အသစ် ဝင်သလောက်ဝယ်လိုအားကောင်း နေကြောင်း၊ အခြားပို့ကုန်ပဲများ လည်း ပုံမှန်အမြင့်ဈေးဖြင့် အဝယ် ကောင်းနေကြောင်း မြေထောက်ပဲ များ တစ်အိတ် ငွေကျပ် ၂၉၀၀၀၀ ခန့်ပေါက်ဈေးဖြင့် စံချိန်တင် အကောင်းဆုံးပဲဖြစ်လာသော်လည်း နှမ်းမျိုးစုံဈေးကွက်မှာ တစ်အိတ် ငွေကျပ် သုံးသိန်းအောက် ကျဆင်း နေပြီး ပဲမာလိုင်းများမှာ ဈေးငြိမ်နေ ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

“ကုလားပဲအုပ်စု ပဲအသစ် အိတ်ရေ တစ်ထောင်ကျော် ဝင် ရောက်လာပေမယ့် ဈေးကျဆင်း မှုမရှိဘဲ ဈေးကောင်းနေပါတယ်။ ပဲအသစ်ဝင်ချိန် ပို့ကုန်အဝယ် မရှိရင် ဈေးကျဆင်းလေ့ရှိပါတယ်။ အခုချိန်မှာ အသစ်ဝင်သလောက် ကို အဝယ်ရှိနေပါတယ်။ငွေကြိုပေး စနစ်နဲ့ကို အဝယ်ကောင်းနေလို့ ကုလားပဲ V2 တစ်အိတ်ငွေကျပ် ၁၈၈၀၀၀ ပေါက်ဈေး ရှိလာပါ တယ်။ ပို့ကုန်ပဲတွေလည်း အမြင့်ဈေးအတိုင်း ပုံမှန်အဝယ် ရှိနေပါတယ်။ ပို့ကုန်ပဲတွေထဲမှာ မြေထောက်ပဲကတော့ ထူးထူး ခြားခြား ဈေးမြင့်တက်လာပါ တယ်။ တစ်အိတ်ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေးနဲ့ အမြင့်ဆုံး ဈေးဖြစ်လာပါတယ်။ နှမ်းမျိုးစုံ အုပ်စုကတော့ တစ်အိတ် ငွေကျပ် ၂၈၅၀၀၀-၂၉၀၀၀၀သာ ပေါက် ဈေး ရှိတော့တယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ဈေးအပြောင်း အလဲမရှိတော့ဘဲ လက်ရှိပေါက်ဈေး တွေက အခြေခံပေါက်ဈေး ဖြစ်လာ ပါတယ်´´ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

မက်ပဲဈေး အနည်းငယ်ကျ ဆင်းပြီး ပဲစင်းငုံဈေး ဆက်လက် မြင့်တက်နေရာ ဖေဖော်ဝါရီ ၂၃ ရက် တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၈၂၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၁၉၈၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ် အိတ်လျှင် ငွေကျပ် ၂၂၅၀၀၀၊ အညာမှာ ထိပ်စသုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀ ပေါက်ဈေးရှိသည်။ ယခင် သီတင်း ပတ်ထက် မတ်ပဲနှင့် ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ခန့် ဈေးကျဆင်းသွားသည်။

နှမ်း၊ မြေပဲ

တရုတ်လိုင်းတွင်ပို့ကုန်များ တင်ပို့ရာတွင် ရက်ကြာမြင့်ခြင်း ကြောင့် နှမ်းမျိုးစုံ ဈေးကွက်အဝယ် အေးသွားရာ တစ်အိတ် ငွေကျပ် သုံးသိန်းအောက် ကျဆင်းသွားခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၂၃ ရက်တွင် နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၃၁၀၀၀၀ အထိ အမြင့် ဆုံးပေါက်ဈေးဖြစ်လာပြီး နှမ်းနက် စမုန်မှာ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ အထိ ပေါက်ဈေးဖြစ်လာ သည်။ မြေပဲအနီလုံးဆန် တစ်ပိ ဿာ ငွေကျပ် ၇၂၀၀၊ ဆီဆန် တစ်ပိဿာ ငွေကျပ် ၆၅၀၀ ပေါက် ဈေးအတိုင်း အရောင်းအဝယ်ပုံမှန် ရှိနေသည်။
အသစ်ဝင်ပဲများ အဝယ် ကောင်းနေပြီး ကုန်သည်များ လက်ဝယ်ပစ္စည်းသိုလှောင်ထားရန် အဝယ်ရှိနေတာကြောင့် ပြည်တွင်း သုံး ပဲမာလိုင်းများ ဈေးကျဆင်းမှု မရှိ တည်ငြိမ်နေရာ ဖေဖော်ဝါရီ ၂၃ တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၁၈၈၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၅၆၀၀၀၊ ပဲကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ပဲလွန်းဖြူတစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀၊ ပဲထောပတ်(သစ်)တစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ပဲဇီး ကွက် တစ်အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၈၅၀၀၀၊ ကျွန်းစား တော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေး ရှိနေသည်။

Leave a Reply

Your email address will not be published.