ရွှေမန်း

ကုလားပဲမှာ အဓိကအားဖြင့် ပြည်တွင်းဝယ်လိုအားကောင်းသောကြောင့် ၂၀၂၁ ခုနှစ်က သုံးတင်ဝင် တစ်အိတ် လျင် ငွေကျပ် ၁၅၀ ၀၀၀ ၀န်းကျင်ရှိရာက၂၀၂၂ ခုနှစ်၊နှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်း ဈေးမြင့်လာပြီး လက်ရှိ တွင် ငွေကျပ် ၁၉၀ ၀၀၀ ၀န်းကျင်ပေါက်ဈေးရှိရာ ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများလာကြောင်း ပဲကုန်သည် တစ်ဦးက ပြောသည်။

ကုလားပဲသီးနံကို မန္တလေးတိ်ုင်း ဒေသကြီး အတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ကုလားပဲ စိုက်ပျိုးမှုတွင် ၂၀၂၂-၂၀၂၃ ခုနှစ် လျာထားချက်မှာ ဧကပေါင်း ၂၂၀၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

“ဆောင်းသီးနှံကုလားပဲက အောက်တိုဘာ၊နိုဝင်ဘာမှာ စိုက်နေကြပြီ။ကုလားပဲ ၀ယ်လိုအားကောင်းလို့ ဈေးမြင့်လာတာပါ။ဒီနှစ်မှာ ကုလားပဲဈေးက သုံးတင်းတစ်အိတ်ကို ငွေကျပ် ၁၈၀၀၀၀ ၀န်းကျင် ရှိနေတော့ ဈေးကောင်းရလို့ စိုက်ပျိုးသူများလာတယ်။ အတန်းလိုက်စိုက်ပျိုးတာနဲ့ ကြဲပက်စိုက်ပျိုးကြတယ်။”ဟု ၎င်းက ပြောသည်။

မန္တလေးကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ၁၂ ရက်က ကုလားပဲပေါက်ဈေးမှာ သုံးတင်းတစ်အိတ်လျင် (V-2) ကုလားပဲနှင့် (V-7)ကုလားပဲမှာ ငွေကျပ်၁၉၂၀၀၀-၁၉၅၀၀၀၊ V-9 ကုလားပဲမှာ ငွေကျပ် ၁၆၈၀၀၀ ဖြစ် ကြောင်း၊ယမန်နှစ်က သွင်းအားစုဈေးနှုန်းမြင့်မားခြင်းနှင့် အလုပ်သမားရှားပါးမှုကြောင့် အချို့မှာ စိုက်ပျိုး နိုင် မှုမရှိ၍ လျာထားချက်ထက် အနည်းငယ်လျော့နည်းခဲ့ ကြောင်းသိရသည်။

“မနှစ်က ကုလားပဲဈေး သုံးတင်းတစ်အိတ်ကို ငွေကျပ် ၁၅၀၀၀၀ ၀န်းကျင်ပါ။ ဒီနှစ် နှစ်ဆန်းပိုင်းက စလို့ ဈေးမြင့်လာခဲ့ရာက ငွေကျပ် ၁၉၀၀၀၀ ၀န်းကျင်ဖြစ်လာတယ်။ အခြားပဲမျိုးစုံလည်း စိုက်ပျိုးကြပေမယ့် ဈေး ကောင်းရနေတဲ့ တောင်သူအများစုက ကုလားပဲကို ပိုပြီးစိုက်ပျိုးလာကြတယ်”ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ယမန်နှစ်က ကုလားပဲစိုက်ပျိုးမှုတွင် ဧကပေါင်း၂၂၀၀၀၀ ကျော် လျာထားသည့်အနက် ဧကပေါင်း ၂၁၇၀၀၀ ခန့် စိုက်ပျိုးခဲ့ပြီး၊ယခုနှစ် ဒီဇင်ဘာဒုတိယပတ်အတွင်း ဧကပေါင်း ၇၂၆၀၀ ကျော်စိုက်ပျိုးပြီး စီးပြီဖြစ်ရာ နွားထိုးကြီး နှင့် မြစ်သားမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်းသိရသည်။

Leave a Reply

Your email address will not be published.