ကုန်ပစ္စည်းတွေ စျေးမြှင်တင်ရောင်းရင်၊ စျေးနှုန်းကစားရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ၅အရ အရေးယူခံရမယ်

COVID-19ပတ်သက်ပြီး ကာကွယ်၊ထိန်းချုပ်၊ ကုသရေးရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်း‌များ၊ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ၅အရ အရေးယူခံရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
COVID-19ပတ်သက်ပြီး ကာကွယ်၊ထိန်းချုပ်၊ ကုသရေးရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်း‌များ၊ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို ၂၀၂၀ မတ်လ၃၀ရက်နေ့ကစပြီး အရေးကြီးကုန်စည်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်၊မတ်လ၃၀ရက်နေ့ကစပြီးဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ကုန်သွယ်ခြင်းဈေးကစားရန်ရည်ရွယ်ပြီးတော့မှသိုလှောင်ခြင်းမပြုရဆိုပြီးအမိန့်ထုတ်ပြန်လိုက်ပါပြီလို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးမြင့်ဝင်းက ပြောပါတယ်။
COVID-19ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ကော်မတီဖွဲ့စည်းပြီးတော့မှ တစ်နိုင်ငံလုံးအမျိုးသားရေးတာဝန်တရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီလိုCOVID-19ရောဂါဖြစ်တုန်း စားသုံးကုန်တွေ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့mask‌တွေ၊ လက်ဆေးပစ္စည်းတွေ၊ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ဆီ၊စားတွေကို ဈေးသည်၊ ကုန်သည်၊ ကုန်စည်လုပ်ငန်းရှင်တွေဘက်ကမတော်မတရား ဈေးနှုန်းမြှင့်တင် ရောင်းချမှုတွေဖြစ်လာတဲ့အတွက် တိုင်ကြားမှု‌တွေရှိလာပါပြီ၊ ရှိလာတဲ့အတွက်ဒီအ‌ပေါ်မှာအရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်လို့
ဦးမြင့်ဝင်းက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးမြင့်ဝင်းက ပြည်သူတွေကိုလဲ ပြောခြင်ပါတယ်၊ ဒီလိုအချိန်မှာ ဈေးနှုန်းမြှင့်တင်ရောင်းချမှုတွေ့ရှိပါက ရဲအရေးပိုင်ဖြစ်တဲ့အတွက် ရဲစခန်းမှာ တိုင်ကြားနိုင်သလို စားသုံးသူရေးရာမှာလဲ လာရောက်တိုင်ကြားနိုင်ပါတယ်၊ တိုင်ကြားတဲ့အခါမှာ ဝယ်ယူခဲ့တဲ့ကုန်စည်ရဲ့‌ဘောင်ချာအထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားလို့ရပါတယ်လို့ ပြောကြားပါတယ်။
ယခင်၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်းစျေးနှုန်းမြှင့်တင်တဲ့အပိုင်းကို စားသုံးသူရေးရာဦးစီးဌာနမှ အရေးယူဆောင်ရွက်ပေးလို့မရကြောင်း၊ ၂၀၂၀ခုနှစ်မတ်လ၃၀ရက်နေ့မှာ စီးပွားကူးသန်းဝန်ကြီးဌာနကနေပြီး ညွှန်ကြားချက်အမိန့်ကြော်ငြာစာ၂၁/၂၀၂၀အရ ကုန်သည်များ၊ကုန်စည်ရှင်များ ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချမှုကို အရေးယူဆောင်ရွက်လို့ရကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးအပ်နှင်းသည့်လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးအရေးကြီးကုန်စည်သတ်မှတ်ခြင်းနှင့်အရေးကြီးကုန်စည်တွေကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရဆိုပြီး ပြဌာန်းချက်အမိန့်ညွှန်ကြားစာထွက်ထားကြောင်း သိရပါတယ်။
အ‌‌ရေးကြီးကုန်စည်ဥပဒေပုဒ်မ၅အရအရေးယူခံရပါက ပြစ်ဒဏ်၂မျိုးရှိကြောင်း၊ထောင်ဒဏ်၆လမှ အများဆုံး၃နှစ်နဲ့ ငွေဒဏ်ကျပ်၅သိန်း၊ဒါအပြင် ပြစ်ဒဏ်၂မျိုးစလုံးအထိ ချမှတ်နိုင်ကြောင်းသိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.