ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဂန့်ဂေါမြို့တွင် Test Kit ဖြင့် စစ်ဆေး

ဂန့်ဂေါ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အဝင် ဂေါက်ကွင်းစစ်ဆေးရေးဂိတ်၌ ယနေ့နံနက်တွင် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးကြကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် ဂန့်ဂေါမြို့သို့ ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိချက်ချင်းသိနိုင်ရန် RTD နည်းအရ Test Kitဖြင့် ချက်ချင်းစစ်ဆေးခဲ့ပြီးဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တွေ့ရှိခြင်းမရှိကြောင်း ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးမျိုးဝင်း၏ ပြောပြချက်အရ သိရသည်။ ဂန့်ဂေါတွင် အဆိုပါဂိတ်အပြင် မြို့ဝင်စစ်ဆေးရေးဂိတ်၊ ဂန့်ဂေါ – ဟားခါး ကားလမ်း၊ ပုလဲ- ဂန့်ဂေါ ကားလမ်း၊ ထီးလင်း – ဂန့်ဂေါ ကားလမ်းဆုံဂိတ်တွင်လည်း ဖြတ်သန်းမောင်းနှင်သည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို စစ်ဆေးလျက်ရှိသည်။ ထို့အပြင် မြောက်ကုန်းရပ်ကွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၊ အခြားမြို့များ မှ ဝင်လာသူများအား ဂန့်ဂေါ- ထီးလင်း ကားလမ်းနှင့် မတူပီမြို့နယ် အိုက်ကား- ဂန့်ဂေါ လမ်းဆုံဖြစ်သည့် အောင်မြင်ရွာတို့တွင် ဂိတ်များဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းလျက် လုံခြုံရေးလုပ်ငန်းများ နေ့စဉ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။Auto-converted: ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဂန့်ဂေါမြို့တွင် Test Kit ဖြင့် စစ်ဆေး

Leave a Reply

Your email address will not be published.