ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၁၇၃၆)ဦးထိ ရှိလာျပီျဖစ္တဲ့#မကွေးတိုင်းဒေသကြီး

#မကွေး ဒီဇင်ဘာ ၁၁

#မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၃၃)ဦး ထပ်တိုးတွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၁၇၃၆)ဦးထိ ရှိပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။#တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုမိုတွေ့ရှိနေဆဲပါ၊ ဒီဇင်ဘာလ ၁၁ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက RDT၊Gene Xpert 3 results များအရ တွေ့ရှိခဲ့တာဖြစ်ပြီး၊ ပခုက္ကူက(၂)ဦး၊ဂန့်ဂေါ(၆)ဦး၊မကွေးက(၁၀)ဦး၊အောင်လံ(၈)ဦး၊တောင်တွင်းကြီး(၄)ဦးနဲ့ နတ်မောက်၊ ချောက်နဲ့ မင်းလှမြို့နယ်တွေက(၁)ဦးစီဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေက ပိုးတွေ့လူနာနှင့် ထိတွေ့ မှုရှိသူတွေ၊ အနံ့ပျောက် လက္ခဏာပြသူတွေနဲ့ ယာဉ်မောင်း ယာဉ်မောင်း/ယာဉ်နောက်လိုက် တွေပါ၊ ဒီနေ့ညပိုင်းအချိန်အထိ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း (၁၇၃၆)ဦးရှိနေပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။#မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၇၃၆)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ(၃၂၃)ဦးရှိကာ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၄၀၉)ဦးနှင့် သေဆုံးသူ(၄)ဦး ရှိကြောင်း တိုင်းဒေသ ကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရပြီး၊တိုင်းဒေသကြီးအတွင်း၌ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P Contact) များထဲမှ ပိုးတွေ့လူနာများ ထပ်တိုး တွေ့ရှိလာတာကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

#သန်းနိုင်ဦး(ငဖဲ)

Leave a Reply

Your email address will not be published.