ကိုဗစ်မျိုးကွဲအသစ်တွေ့ရှိတယ်လို့ သတင်းတွေမှာတွေ့ရပါတယ်။ဒါကို Omicronလို့ WHOက အမည်သတ်မှတ်ယ်လို့ပါရှိပါတယ်။သတိပြုဆင်ချင်နိုင်ဖို့ပါ(တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။“B.1.1.529 မျိုးကွဲကို စိုးရိမ်ရတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ပြီး၊ Omicron လို့ အမည်ပေးထားပါတယ်” လို့ WHO အရေးပေါ်အစီအစဉ်က နည်းပညာဆိုင်ရာအကြီးအကဲ Maria Van Kerkhove က သောကြာနေ့က ပြောဆိုလိုက်တာပါ။ကနဦး ရရှိတဲ့ အထောက်အထားတွေအရ ဒီပိုးဟာ ကိုဗစ်ရောဂါ ကူးစက်ဖူးတဲ့လူတွေကို ထပ်မံကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေ တွေ့ရှိချက်တွေကို ဆန်းစစ်လေ့လာအပြီး ထုတ်ပြန်တဲ့ WHO ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။)Crd သစ်ထူးလွင်

Leave a Reply

Your email address will not be published.