“ကိုဗစ်(၁၉)ကာလအနှိပ်ခန်းမှ ဖမ်းမိသူ(၁၃)ဦးကို သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေဖြင့်အရေးယူ”

မကွေး စက်တင်ဘာ ၄

“Covid 19 ပြည်တွင်းကူးစက်မှုမြင့်မားနေသည်အချိန် ယနေ့ စက်တင်ဘာလ ၄ရက်နေ့ နံနက်၂နာရီ၃၀မိနစ်ခန့်က မကွေးမြို့၊ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်ဝင်းအတွင်း ဖွင့်ထားသည့် (BMB Beauty Spa)အနှိပ်ခန်းမှဖမ်းမိသူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားကြောင်း မကွေးမြို့မရဲစခန်းက သိရပါတယ်။ “မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး သတင်းအရ ဝင်ဖမ်းခဲ့ကြောင်း သိရပြီးဖမ်းဆီးမှုမှာ (Beauty Spa) မန်နေဂျာအပါအဝင် အမျိုးသား(၁၀)ဦးအမျိုးသမီး(၃)ဦး စုစုပေါင်း(၁၃)ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ “အနှိပ်ခန်းမှာ တွေ့ရှိသူအကုန်လုံးကိုဖမ်းဆီးခဲ့တာပါ၊ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)နဲ့ အရေယူဖမ်းဆီးခဲ့တာပါလို့ မကွေးမြို့မြို့မရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်က ပြောပါတယ်။ “ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ရေးအမိန့်နှင့်ညွန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပြီး ဘေးအန္တရာယ်တစ်စုံတရာကျရောက်နိုင်သည်ကိုသိလျှက် အနှိပ်ခန်းဖွင့်လှစ်ဆောင်ရွက်နေတာကို တွေ့ရှိခဲ့ရတယ်၊အဲ့ဒီအတွက်အနှိပ်ခန်းမှာ တွေ့ရှိရတဲ့မန်နေဂျာ၊ အနှိပ်သမားနဲ့ လာရောက်တဲ့ဧည့်သည်တွေ၊ အနှိပ်ခန်းဖွင့်လှစ်ရာမှာအသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သက်သေအဖြစ်ဖမ်းဆီးခဲ့​ကာ ဒုရဲအုပ်သန့်ဇင်ထွန်းမှ တရားလိုပြုလုပ်တိုင်တန်းအမှူဖွင့်ထားပါကြောင်း စခန်းမှူးဒုရဲမှူးဝင်းနိုင်က ပြောပါတယ်။ ၎င်းတိုင်တန်းမှုကို (၂၀၁၃) နှစ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိပြီး ကိုဗစ်(၁၉)ကာလ စည်းကမ်းမလိုက်နာမှုများကိုပြင်းပြင်းထန်ထန် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း မကွေးမြို့ မြို့မရဲစခန်းစခန်းမှူးဒုရဲမှူးဝင်းနိင်က ပြောပါတယ်။

ရွာသား(မကွေး) မကွေးဂျာနယ်

သတင်းဓါတ်ပုံ မကွေးတိုင်းရဲတပ်ဖွဲ့

Leave a Reply

Your email address will not be published.