ကိုဗစ်အလွန်၌ကျေးလက်နေပြည်သူများငါးစားသုံးမှုမြင့်တက်လာစေရန်မကွေးမြို့နယ်ရေကန်များ၌ငါးမျိုး၁၂၅၀၀၀တစ်သိန်းနှစ်သောင်းငါးထောင်စိုက်ထည့်

မကွေး သြဂုတ်၁၅
ငါးလုပ်ငန်းဦးစီးဌာနမှကိုဗစ်-၁၉အလွန်ကျေးလက်နေပြည်သူများငါးစားသုံးမှု့မြင့်မားလာစေရန်နှင့်ငါးမွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများပြန်လည်ဦးမော့လာစေရေးအတွက်  ဒေသတွင်းရှိကျေးရွာမြေသားရေကန်ှများသို့သွားရောက်၍သြဂုတ်၁၄ရက်နေ့နံနံနက်ပိုင်းကငါးသားပေါက်၁၂၅၀၀၀အခမဲ့ဖြန့်ဖြူးစိုက်ထည့်ပေးခဲ့ကြောင်းမကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မကွေးမြိုနယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆန်း ငါးလုပ်ငန်းဦးစီးဌာန မကွေးခရိုင်ဦးစီးမှုး
ဦးစိုးလှိုင်မြင့် ကျေးရွာအုပ်ချုပ်ရေးမှုးများ ပူးပေါင်းပါဝင်ကြပြီးမော်တော်ယာဥ်နှစ်စီးဖြင့်တောင်တွင်းကြီး ငါးသားဖောက်စခန်းမှငါးမျိုးများအားငါးမျိုးအိတ်များဖြင့်သယ်ယူကာမကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ ဖိုးပေါက်ကန်ကျေးရွာ ရွာသာ ကျေးရွာ နွားခြံကုန်း ကျေးရွာ ကန်တော််ကျးရွာ  ကန်ဆွယ်ကျေးရွာ လျှော်တောကျေးရွာ ကြာပြည့်အင်း ကျေးရွာရေကျော်ကျေးရွာ၉ရွာရှိမိုးမီမြေသားးရေကန်၉ကန်သို့ထိုင်းငါးခုံးမကြီးမျိုးငါးသားပေါက်များစိုက်ထည့်ပေးနိုင်ရန်ကျေးရွာအုပ်ချုပ်ရေးမှားများအားငါးမျိုးအိတ်များလွှဲပြောင်းပေးအပ်ခြင်းစပါးစိုက်ဧက၈၀၀ခန့်ကန်ရေကိုစိုက်ပျိုးရေအဖြစ်သာမကသောက်သုံရေအသုံးပြုနေသောရွာ
သာကျေးရွာရှိပြည်တော်သာကန်ကြီးထဲသို့ငါးမျိုးများစိုက်ထည့်ပေးထည်ပေးခဲ့သည်ဟုသိရသည်။ ပုံ”တွောင်းကြီးငါးသားဖောက်စခန်းမှ
ငါးမျိုးစေ့များသယ်ဆောင်လာပြီး
ဖိုးပေါက်ကန် ကျေးရွာ ရေကန်သုံးကန်
ဧက ၈၀၀ ခန့် စပါးစိုက်လို့ရတဲ့
ရွာသာရွာရေကန်ကြီး
နွားခြံကုန်းကျေးရွာ ရေကန်ကြီး
သစ်ယာကောက်ကျေးရွာမှ ရေကန်သုံးကန်
ကန်ဆွယ်ကျေးရွာ ရေကန်
ကန်တော်ကျေးရွာ ရေကန်
လျှော်တောကျေးရွာ ရေကန်
ကြာပြည့်အင်းကျေးရွာ ရေကန်များသို့
      သွားရောက်ပြီး ငါးမျိုးစေ့များစိုက်ထည့်
ခဲ့ကြပါတယ်။ နှစ်စဥ် ပြည်သူပြည်သားများ
စားဝတ်နေရေးတဖက်တလမ်းမှအထောက်
အကူဖြစ်စေဖို့ပါ။
     မကွေးမြို့နယ် တောင်ဘက်််ခြမ်းကန်တွေငါးမျိုးစိုက်ထည့်ပေးခဲ့တာပါ။
ကန်ရေများလျင် ဆောင်ရွက် ရန်ကျန်ပါသေးတယ်။မကွေးနယ်တောင်ဖက်ခြမ်းကျေးရွာကန်တွေလဲဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ကိုဗစ်ကာလအလွန်ကျေးလက်နေပြည်သူများငါးများများစားရအောင်စားဝတ်နေရေးအဆင်ပြေအောင််ငါးမျိုးတွေထိန်းသိမ်းတဲ့အနေနဲ့လည်း
နှစ်စဥ်ဆောင်ရွက်ပေးနေပါတယ်
“ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောသည်။
ငါးလုပ်ငန်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီး ငါးသားဖောက်စခန်းမဒေသအကြိုက်ငါးခုံးမကြီး၊ငါးမြစ်ချင်း၊ရွှေဝါငါးကြင်းငါးမျိုးများကိုငါးမွေးကန်၁၀လုံးဖြင့်ငါးကောင်ရေသိန်း၃၀ခန့်ကိုထုတ်လုပ်ပေးပြီးမကွေး၊သရက်၊အောင်လံ၊ပခုက္ကူ၊နတ်မောက်၊မြို့သစ်၊တောင်တွင်းကြီးမြို့နယ်၇မြို့နယ်သို့ငါးသားပေါက်များဖြန့်ဖြူးပေးနိုင်ခဲ့ရာကိုဗစ်ကာလတွင်အဆိုပါမြို့နယ်များသို့ငါးသားပေါက်ကောင်ရေ၁၀သိန်းကျော်အားယနေ့အထိဖြန်းဖြူးပေးပြီးဖြစ်ကြောင်းငါးလုပ်ငန်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီး၊ငါးသားဖောက်စခန်းတာဝန်ခံဦးကျော်စွာဝင်းကပြောပြ၍သိရသည်။

ဟသၤာ(ေတာင္တြင္းၾကီး)

Leave a Reply

Your email address will not be published.