ကိုဗစ်သည် မြန်မာ့နိုင်ငံရေး ပင်လယ်ပြင်ထဲ၌ လမ်းမမြင်၊ ကမ်းမမြင် ကူးခတ်နေ၏။ ဆန္ဒပြကြွေးကြော်သံမုန်တိုင်းများ၊ သံပုန်းမိုးသီးမိုးပေါက်များ ကြားတွင် မြုပ်ချည် ပေါ်ချည်ရုန်းကန်နေရသည့် လှေငယ်ပမာ ကိုဗစ်ဝေဒနာရှင်များကို လှမ်းမြင်နေရသည်။ မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန လူမှုကွန်ယက်စာမျက်နှာတွင် (၂၉ရက်) ဇန်နဝါရီလ (၂၀၂၁)ခုနှစ်က ဖော်ပြချက်အရ တိုင်းအတွင်း အတည်ပြုလူနာ (၃၃၇၈)ဦးထိရှိခဲ့ကြောင်း သိရသည်။ ၎င်းစာမျက်နှာသည် ဇန်နဝါရီလ (၃၁)ရက်ထိသာ ကိုဗစ်အခြေအနေကို ဖော်ပြထားသည်ကို တွေ့ရ၏။ ထိုရက်များနောက်ပိုင်းတွင် ကိုဗစ်နိုင်တင်းနှင့် ပါတ်သက်သည့် သတင်းများကို မဖော်ပြနိုင်တော့ပါ။ ကိုဗစ်သတင်းများကို တိကျရေရာစွာ မကြားရသော်လည်း နီးစပ်ရာမိတ်ဆွေများမှတဆင့် ရောဂါနှင့် သေဆုံးသည့်သတင်းများကို ကြားရသည်။ ရေနံချောင်းနှင့်မကွေးတို့တွင် ရောဂါဖြင့်သေဆုံးသူများရှိကြောင်းသိရသည်။ သတင်းသမားတဦးက “ရေနံချောင်းမှာ ကျွန်တော့ အမေအရွယ် အသက် (၆၀)ကျော်တွေ ကိုဗစ်နဲ့သေတာ သုံး၊လေးယောက်လောက်ရှိတယ်”ဟု ပြောသည်။ မကွေးမှာလည်း သေဆုံးသူအနည်းငယ်ရှိသည်ဟုကြားရသည်။ မကွေးမှ အခြားဘာသာဝင်တဦးက”ကိုယ်တွေလို ဘာသာခြားတွေ ကိုဗစ်နဲ့ဆုံးတဲ့အခါ မြေမြုပ်ရတာဆိုတော့ ကျန်းမာရေးအတွက် ပိုပြီးဂရုစိုက် သဂြိုလ်ရတယ်ဟု ပြောသည်။ အနံ့ပျောက်သူအချို့ရှိကြောင်းလည်း ကြားနေရသည်။ ပရဟိတအသင်းတခုမှ ဥက္ကဋ္ဌတဦးနှင့် ကိုဗစ်ကိစ္စ ဆွေးနွေးရာ အနံ့ပျောက်သူတွေရှိကြောင်းနှင့် အနံ့ပျောက်သူတွေ ရှိလာပါက ဗိုက်တာမင်စီဆေးလုံးကို မနက်တလုံး၊ ညတလုံး သောက်ရန် အချင်းချင်းအသိပညာပေးနေရကြောင်း ပြောသည်။ တောင်တွင်းကြီးမှ ကိုဗစ်ကာကွယ်ကုသရေးကို အစဉ်တစိုက်လုပ်ဆောင်နေသူတဦးက တောင်တွင်း အထက(၁)ကို Quarantine Centerအဖြစ် ယခု(မတ်လ ဆယ်ရက်နေ့)ထိ ဖွင့်လှစ်စောင့်ရှောက် ထားဆဲ ဖြစ်ကြောင်းနှင့် ” နယ်စပ်ဒေသက ပြန်လာသူတွေ ရှိနေဆဲပါ။ သူတို့ကို Quarantine Centerမှာထားတယ်။ မြို့ထဲကဖြစ်ဖြစ်အနံ့ပျောက်သွားတယ်လို့ သတင်းပို့တာတွေရှိရင်၊ အိမ်မှာပဲနေဖို့၊ လူခွဲနေဖို့ပဲ မှာနိုင်တော့တယ်။ သွေးအတွင်းအောက်ဆီဂျင်ကျရင်၊ အသက်ရှူကြပ်ရင် အဖျားကြီးလာရင်တော့ အရေးပေါ်ဆက်လက်ကုသနိုင်ဖို့ စီစဉ်ထားတယ်”ဟု သက်ပြင်းချရင်း ပြောပြသည်။ ဆေးရုံတခုမှ တာဝန်ရှိသူတဦးကို ကိုဗစ်နိုင်တင်းနှင့်ပါတ်သက်၍ ဆက်သွယ်မေးမြန်းရာတိုင်းကျန်းမာကို မေးမြန်ရန်နှင့် သူအနေနှဲ့ ရှိသည့် လူအင်အားနှင့် အရေးပေါ်ကုသမှုပေးနိုင်ရန်စီစဉ်နေကြောင်း ရှင်းပြသည်။ နိုင်ငံ့အရေးအတွက် ဆန္ဒထုတ်ဖော်သူများနေ့စဉ်နှင့်အမျှ ရှိနေသည်။ သူတို့အထဲမှ အချို့ကို ဆက်သွယ် မေးမြန်းရာ ဆန္ဒပြရာမှာ ပါဝင်မယ်ဆိုရင် Mask(နှာခေါင်းစည်း) မဖြစ်မနေ တပ်ရပါမယ်။ တကယ်လို့မပါတဲ့သူတွေကိုဆိုရင် Mask တွေ ဝေပေးနိုင်ဖို့ စီစဉ်ထားပါတယ်ဟု ဆိုကြသည်။ သူတို့သည် ကျန်းမာရေးအန္တရာယ်နှင့် အခြားအန္တရယ်များအတွက် နှာခေါင်းစည်းများ အများစု တပ်ကြသော်လည်း မတပ်သူများကိုလည်း တွေ့နေရဆဲဖြစ်သ ည်။ ကိုဗစ်နှင့်ပါတ်သက်၍ စိုးရိမ်စရာများ ရှိနေသည့်ကြားက မတ်လ (၁၀)ရက်နေ့ကစပြီး မကွေးမြို့ရှိ လူမှုကူညီရေး အချို့ သူတို့လုပ်ငန်းများကို ခေတ္တရပ်နားကြောင်း သတင်းများကို ကြားလာရသည်။ သူတို့အသင်းများတွင် ကိုဗစ်စတင်သည်မှ တနှစ်ကျော်ကြာသည့်တိုင် အခက်အခဲများပေါင်းစုံကိုရ။င်ဆိုင်ကျော်ဖြတ်နေရသည်။ ငွေကြေးအခက်အခဲနည်းတူ လူများပင်ပန်းသလို၊ ကားများလည်း ပြုပြင်ရန် လိုအပ်နေသည်။ စိတ်ဓါတ်များဖြင့် ရုန်းကန်နေကြခြင်းဖြစ်သည်။ ပရဟိတအသင်းများသည် လုပ်နိုင်ကိုင်နိုင်သည့်လူငယ်တို့အင်အား၊ ပြည်သူ့ထောက်ပံ့မှုငွေကြေးအင်အားနှင့် အာဏာပိုင်တို့မှ ပေးအပ်သည့် လုပ်နိုင်ခွင့်အပေါ်မူတည်နေရသည်ဟု ဆိုကြသည်။ နိုင်ငံ့ကောင်းကျိုးလိုလားသူတို့သည် ရပ်တန့်မရနိုင်သည့် လှိုင်းလုံးများပမာ ကျောက်တောင်များပြိုသည်အထိ ရိုက်ခတ်နေသည်။ လှိုင်းလုံးများနှင့်အတူ ခရီးနှင်နေသည့် လှေငယ်မှာ ကမ်းခြေကို လှမ်းမြင်စ ပြုနေပြီလား။ ကိုဗစ်ကာကွယ်ကုသရေးအစီအစဉ်များလည်း လှေငယ်နှင့်အတူ ခရီးနှင်နေသည်လား။ ပင်လယ်မှာ သွေးညှီနံ့တို့ နှင့် တစတစ ဖုံးလွှမ်းေချပြီ။
FlashNews:
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
မြန်မာမှုလူငယ်တေးသံရှင်ဝိုင်းရတီ
ဒေါ်လာဈေးတက်လာတာနှင့်အတူ ပို့ကုန်ပဲများ အတက်ဈေးဖြစ်လာ
ပန်းချီအးငြိမ်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၉၀ ကျပ် ထပ်မံစျေးကျဆင်း
ကုလားပဲသစ်များ ဝင်ရောက်လာသော်လည်း ဈေးကောင်း မရရှိသေး

Leave a Reply