ရွှေမန်း

တရုတ်နိုင်ငံမှ ကိုဗစ်စည်း ကမ်းချက်များကြောင့် ဖရဲ၊ သခွား အပါအဝင် ကုန်သွယ်မှုကျဆင်းနေ ခဲ့ရာ ဒီဇင်ဘာ ၂ ရက်မှစတင်ပြီး ကျင်စန်းကျော့ဂိတ်မှ ဝမ်တိန်အသီး ကွင်းသို့ အသီးကားများ ဝင်ရောက် မှုကို ဖြေလျှော့ပေးခဲ့သည်။

ဒီဇင်ဘာ ၈ ရက်၊ ၉ ရက် များတွင် အဝေးအသီးဝယ်လက်များလာပြီး ဖရဲ၊ သခွားအသီးဈေး ကွက်မှာ
၊အစေ့မဲ့ဖရဲ 3.6၊ရွှေ သခွား မွှေး4.3၊

  1. ဖရဲဗမာ ဖရဲ 2.4ယွမ်855 ရှမ်းသီး ဖရဲ 2.6 ယွမ်
    နှင့် သခွားတစ်ကီလိုလျှင် ၃ ဒသမ ၅ ယွမ်ထိ ပေါက်ဈေးဖြစ်လာခဲ့ သည်။ နေ့စဉ် ဖရဲ၊ သခွားစီးရေ ၅၀ ကျော် တင်ပို့နေပြီး ၁ ယွမ် မြန်မာငွေကျပ် ၄၁၀ ကျော် ပေါက် ဈေးရှိသည်။

တရုတ်ငွေဈေး မြင့်မားနေ ခြင်းကြောင့် ပို့ကုန် ဖရဲ၊ သခွား ဈေးများ ဈေးရရှိမှု ကောင်းနေ ကြောင်း သို့သော်လည်း သယ်ယူ ပို့ဆောင်စရိတ်များ မြင့်မားနေတာ ကြောင့် အကျိုးအမြတ်ရရှိသင့်သ လောက် မရရှိကြောင်း တောင်သူ များထံမှ သိရသည်။

နိုဝင်ဘာလလယ်မှ စတင် သည့် ဆောင်းဖရဲဈေးကွက်မှာ ဈေးကွက်အစပိုင်းတွင် တင်ပို့နိုင် ခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်တွင် သာ ရောင်းချနေရသဖြင့် တောင်သူ များ အရှုံးပေါ်ခဲ့သည်။

ဒီဇင်ဘာ လဆန်းပိုင်းမှစတင် ပြီး ဖြေလျှော့လာသည့် ကုန် သွယ်ရေးမူဝါဒကြောင့် ဖရဲ၊ သခွား အပါအဝင် အခြားသီးနှံများ၊ ရေ ထွက်ကုန်များ၊ ပဲမျိုးစုံနှင့် ရာဘာ ထွက်ကုန်များ ပိုမိုတင်ပို့နိုင်တော့ မည်ဖြစ်သဖြင့် ကျဆင်းနေသည့် ကုန်သွယ်ရေးပြန်လည်ကောင်းမွန် တော့မည်ဖြစ်ကြောင်း မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများ အသင်း မှ အမှုဆောင်တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published.