ကိုဗစ်ကာလအဆင်မပြေသောစာရေးဆရာများနှင့်သတင်းထောက်များအား တပ်မတော်က စားသောက်ကုန်များ ထောက်ပံ့ကူညီ

မကွေးခရိုင် ၊တောင်တွင်းကြီးမြို့အတွင်ရှိအဆင်မပြေ သောမြန်မာနိုင်ငံစာရေးဆရာအသင်းဝင် မြို့နယ်စာရေး ဆရာအချို့နှင့်ဒေသအခြေစိုက် သတင်းမီဒီယာသမား အချို့အား ကိုဗစ်ကာလ စားသောက်ရေး ယာယီပြေ လည်စေရန်အတွက် မေ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စာရေးဆရာအသင်းရုံး၌ ဒေသအခြေ စိုက် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်၊တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၏လမ်းညွှန်မှုဖြင့် ဗိုလ်မှူး တင်မင်းဦး ဦးစီးသော တပ်မတော်သားမျာက မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ထံအခြေခံစာသောက်ကုန် ဖြစ်သော ဆန်(၇)အိတ်နှင့် ကြက်ဥအလုံး(၅၀၀)အား ထောက်ပံ့ကူညီပေးအပ်ရာ ဥက္ကဌ မှလက်ခံရယူခဲ့ကြောင်း သိရသည်။
တပ်မတော်က ကိုဗစ်ကာလ အဆင်မပြေသောမြို့နယ် စာရေးဆရာအချို့နဲ့သတင်းမီဒီယာအချို့အတွက် ယနေ့ ဆန်(၇)အိတ်နဲ့ကြက်ဥအလုံး(၅၀၀)ထောက်ပံ့ကူညီ လှူ ဒါန်းခဲ့ပါတယ်။အမှန်တကယ်အဆင်မပြေတဲ့စာရေးဆရာ အချို့နဲ့သတင်းမီဒီယာသမားအချို့အား သင့်တော်သလို ပြန်လည်ခွဲဝေပေးနေပါတယ်။ယ္ခုချိန်ထိတော့ စာရေးဆ ရာနဲ့သတင်းမီဒီယာသမား (၁၂)ဦးကိုခွဲဝေပေးပြီးပါပြီ သတင်းသမာတစ်ဦးလျှင် ဆန်(၅)ပြည်၊ကြက်ဥ(၁၅)လုံး ခွဲဝေပေးပြီး၊သက်ကြီးစာရေးဆရာနှင့်ကျန်မားရေးချို့တဲ့ သူကို တစ်ဦးလျှင် ဆန် (၈)ပြည်၊ကြက်ဥအလုံး(၂၀)ခွဲဝေ ပေးလျှက်ရှိပါတယ်ဟု မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဟင်္သာ(တောင်တွင်းကြီး)ထံမှသိရသည်။

ထက်ထက်ခိုင်(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.