ရွှေမန်း

ကန်စွန်းဥဈေးကွက်မှာ ယခုနှစ်တွင် တစ်ပိဿာကျပ် ၉၀၀ အခင်းဈေးရရှိတာကြောင့် ယခင်နှစ်ထက် နှစ်ဆ ဈေးကောင်းလာရာ ဧရာဝတီမြစ်ကျွန်းစိုက်ခင်းများတွင်စိုက်ပျိုးသော တောင်သူများ အဆင်ပြေ ကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်းကျေးရွာတောင်သူများထံ ကသိရသည်။

ဧရာဝတီမြစ်ရေစတင်ကျဆင်းသည့် သီးတင်းကျွတ်လ ကတည်းက ကုန်စွန်းဥက်ို စတင်စိုက်ပျိုးပြီး
သုံးလ ခွဲခန့်ကြာ ဇန်နဝါရီလတွင် ကန်စွန်းဥ လှိုင်လှိုင်ပေါ်လေ့ပြီး ယခင်က တစ်ပိဿာ ကျပ် ၄၅၀-၅၀၀ ခန့်သာ ပေါက်ဈေးပြီး ယခုနှစ်တွင် တစ်ပိဿာကျပ် ၉၀၀ ထိအခင်းဈေးရရှိကြောင်း သံဘ်ိုကျွန်းကျေးရွာ မှာ ဦးခင်မောင်ရင်က မန္တလေးနေ့စဉ်ကို ပြောသည်။

“ ဒီနှစ်က ကန်စွန်းဥဈေးက မမျှော်လင့်ဘဲ ဈေးကောင်းနေတော့ ကန်စွန်းဥစိုက်တောင်သူတွေ ပိုအဆင်ပြေလာပါတယ်။ မနှစ်ကထက် ဈေးကတစ်ပိဿာ ၉၀၀-၁၀၀၀ နှစ်ဆဖြစ်လာတော့ တွက်ခြေပိုကိုက်တယ်။တစ်ဧကကို ကုန်ချိန် ၃၀၀၀ -၄၀၀၀ လောက်ထွက်တယ်။ လက်ရှိပေါက်ဈေးနဲ့ ဆို ၂၇သိန်းလောက် ရတယ် ”ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းဥ အပါအဝင် ၊မြေပဲ ၊မုံညှင်း၊ နံနံ၊ ချဉ်ပေါင်၊ မုန်လာဥ၊ ဗူးသီး၊သခွားသီး ကြက်ဟင်းခါးသီး ၊ခရမ်းသီး စသည့် စားဖိုးဆောင်သီးနှံများကို အဓိကထားစိုက်ပျိုးပြီး မန္တလေးကုန်ဈေးတန်းဈေးကွက်သို့ တင်ပို့ရောင်းချကြောင်းသိရသည်။

Leave a Reply

Your email address will not be published.