Home Lastted post

Tag: <span>Lastted post</span>

Post
မြန်မာ့ကြက်သွန်နီကို ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ် နှင့် မလေးရှားသို့ တင်ပို့နေ

မြန်မာ့ကြက်သွန်နီကို ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ် နှင့် မလေးရှားသို့ တင်ပို့နေ

    ရွှေမန်း မြန်မာ့ကြက်သွန်နီကို  ထိုင်း နိုင်ငံမှတစ်ဆင့် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ တင်ပို့နေ တာကြောင့် တောင်သူများ ဈေး ကောင်းရနေကြောင်း သိရသည်။  ကြက်သွန်ဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအတွက် ဖူလုံ ပိုလျှံတာကြောင့် ပြည်ပနိုင်ငံများ သို့တင်ပို့နိုင်မှသာကြက်သွန် စိုက် တောင်သူများ အဆင်ပြေနိုင်မည် ဖြစ်သည်။ “ ဗီယက်နမ်နဲ့ မလေးရှား  နိုင်ငံတွေက အဝယ်လိုက်နေတော့ နယ်ကြက်သွန်ဈေးကွက်မှာတွဲကား တွေနဲ့ နေ့စဉ်အဝယ်ရှိနေပါတယ်။ နယ်ကြက်သွန်ဈေးတက်တော့ တောင်သူတွေ အဆင်ပြေကြပါ တယ်။ အဓိကတော့ မြစ်သားနယ် က အဝယ်များတယ်။ ထိုင်းနိုင်ငံ ကနေတစ်ဆင့် တင်ပို့နေတာပါ။ ပြည်တွင်းစားသုံးမှုအနေနဲ့လည်း ရန်ကုန်ကို တင်ပို့နေကြပါတယ်´´ ဟု  မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ များအသင်း တာဝန်ရှိသူတစ်ဦး က ပြောသည်။...

Post
ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေး ပြန်မြင့်တက်လာ  

ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေး ပြန်မြင့်တက်လာ  

ရွှေမန်း ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲ ဈေးပြန်မြင့်တက်လာကြောင်း  ပဲကုန်သည်များထံက သိရသည်။  ခိုင်မာမှုမရှိသည့် ပို့ကုန် မူဝါဒ အပြောင်းအလဲသတင်းများ ကြောင့် ဈေးကျဆင်းနေသည့်  မတ်ပဲ၊ ပဲစင်းငုံမှာ ဈေးပြန်မြင့် တက်လာသော်လည်း အသစ်ဝင် ပဲမာလိုင်းများသာ ဈေးကျဆင်း နေပြီး နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာ တရုတ်လိုင်းအဝယ်ကောင်းလာ တာကြောင့် ဈေးမြင့်တက်လာ သည်။ ပဲဈေးကွက်အတွင်း အသစ် ဝင် ပဲများ စုံလင်စွာ ဝင်ရောက် လာတာကြောင့် ယခင် ပဲမာလိုင်း အဟောင်းဈေးများထက် ဈေး ကျဆင်းနေကြောင်း၊အဝင်များလို့ ဈေးကျဆင်းသော်လည်း ကုလား ပဲအုပ်စုအနည်းငယ် ဈေးပြန် တက်လာကြောင်း၊ ခိုင်မာမှုမရှိ သည့် သတင်းများကြောင့်  ဈေး ကျဆင်းသွားသည့် ပို့ကုန်ပဲတွေ ဒီနေ့ကစပြီး ဈေးပြန်တက်လာ ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင်...

Post
ဈေးငြိမ်နေသည့် ကြက်သွန်နီဈေး ပြည်ပတင်ပို့မှု ရှိလာတာကြောင့် ဈေးမြင့်တက်လာ

ဈေးငြိမ်နေသည့် ကြက်သွန်နီဈေး ပြည်ပတင်ပို့မှု ရှိလာတာကြောင့် ဈေးမြင့်တက်လာ

ရွှေမန်း မန္တလေးကြက်သွန်နီဈေးကွက် တည်ငြိမ်နေရာမှ ယခုရက်ပိုင်းတွင် ပြည်ပတင်ပို့မှုရှိလာတာကြောင့်  အဝယ်လိုက်လာသဖြင့် ဈေးကွက် လှုပ်ရှားလာကာ ဈေးအမြင့်ဘက် သို့ ရောက်လာကြောင်း မန္တလေး ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံ များမှ သုံးသပ်သည်။ ပြီးခဲ့သည့် ရက်သတ္တ တစ် ပတ်ကျော်က ကြက်သွန်နီဈေး ကွက်တည်ငြိမ်ခဲ့ရာက မတ်လ တွင်ထွက်ရှိမည့် ကြက်သွန်နီ များမှာ ငွေကြိုပေးဝယ်ယူသူများ ကြောင့် အဝယ်လိုက်လာသည် ဟု ဆိုသည်။ “ ငွေကြိုပေးဝယ်တဲ့ အလှမ်း ပေးဝယ်သူတွေကြောင့် ကြက်သွန် ဈေးကွက်လှုပ်လာပါပြီ။ ကြက် သွန်နီအရွယ်ကြီးတာတွေက လှောင်လက်တွေကြိုက်ကြသလို ဈေးတန်းလည်းကောင်းတယ်။လမ်းပန်းဆက်သွယ်ရေး ကောင်း မယ်ဆိုရင် ဒီနှစ်က ကြက်သွန် ပေါ်တာနဲ့ အရောင်းအဝယ်ပို ကောင်းလာမယ်´´ ဟု ကိုင်းတန်း ဈေးမှ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦး က ပြောသည်။ လက်ရှိ...

Post
ပို့ကုန်ပဲများဈေးကျဆင်းမှုနှင့်အတူပြည်တွင်းသုံးပဲများလည်းလိုက်ပါဈေးကျဆင်းနေ

ပို့ကုန်ပဲများဈေးကျဆင်းမှုနှင့်အတူပြည်တွင်းသုံးပဲများလည်းလိုက်ပါဈေးကျဆင်းနေ

ရွှေမန်း ပို့ကုန်ပဲများ ဈေးကျဆင်းမှု နှင့်အတူ ပြည်တွင်းသုံးကုလားပဲ နှင့် ပဲမာလိုင်းများလည်း လိုက်ပါ ဈေးကျဆင်းနေကြောင်း ပဲကုန် သည်များထံက သိရသည်။ ပို့ကုန်မှုဝါဒ အပြောင်းအလဲ များကြောင့် ပဲနှမ်းဈေးကွက် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သလို ပဲစင်းငုံ မှာ တစ်အိတ်လျှင် ငွေကျပ်၈၀၀၀၀ ကျော် ဈေးကျဆင်းသွားခဲ့ခြင်းဖြစ် သည်။ ဖေဖော်ဝါရီ လဆန်းပိုင်းက စံချိန်တင်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ကောင်းခဲ့သည့် မတ်ပဲနှင့်ပဲစင်းငုံမှာ လကုန်ပိုင်း သီးတင်းပတ်တွင် နေ့စဉ်ဆက် တိုက် ဈေးကျဆင်းလာကြောင်း ပို့ကုန်သမားများ စောင့်ကြည့်ဝယ် ယူနေရသည့် အခြေအနေဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပဲမူဝါဒ သတင်းများကလည်း ပြည်တွင်း ပဲဈေးကွက်ကို ရိုက်ခတ်မှုများ ရှိနေကြောင်း လက်ရှိအချိန်တွင် ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်း သုံး ပဲဈေးကွက်တစ်ခုလုံးအသီး သီးဈေးကျဆင်းအရောင်းအဝယ် အေးနေကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင်ဦးကျော်သွင်က...

Post
မြန်မာ့စိန်တလုံး သရက်သီးဈေးကွက်အလားအလာ

မြန်မာ့စိန်တလုံး သရက်သီးဈေးကွက်အလားအလာ

ရွှေမန်း ပြည်တွင်းမှာ စိန်တလုံးသရက်သီးကို တန်ဖိုး မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် ပြင်ဆင် သင့်ပြီး လတ်ဆတ်သီးနှံအဖြစ် စိန်တလုံးသရက် သီးကို ၂၀၁၁ခုနှစ်က စတင်ကာ တရုတ်ဈေးကွက် အပြင် အခြားနိုင်ငံများကို တင်ပို့ခဲ့သည်။ ထိုသို့ တင်ပို့ရာတွင်လည်း အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာများကို ကြိုတင်ပြင်ဆင်ပြီး ဈေးကွက်ဈေးကောင်းရရှိနိုင်သည့် နိုင်ငံခြားဈေး ကွက်သို့ တင်ပို့ရာတွင် ခေတ်မီအအေးခန်းများဖြင့် သိုလှောင်ခြင်း၊ အအေးခန်းကွန်တိန်နာများဖြင့် တင် ပို့နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လိုအပ်လျက်ရှိသည်။ထို့သို့တင်ပို့ရာတွင်အအေးခန်းကွန်တိန်နာများ အခက်အခဲရှိနိုင်ခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီး မြင့်ခြင်းများကြောင့် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ ရာတွင် တင်ပို့နိုင်သည့် ကုန်သည်အချို့သာ တင်ပို့ နေပြီး တောင်သူများက ထိုကုန်သည်အနည်းငယ် ထံသို့သာ ရောင်းချရသဖြင့် ဈေးကွက်ဈေးကောင်းရ သော်လည်း ပမာဏများများ တင်ပို့နိုင်ခြင်းမရှိ ဖြစ်နေသည်။ လက်ရှိအချိန်တွင် ပြည်တွင်းသရက်သီး အမျိုး...

Post
လာမည့်သရက်ရာသီတွင် စိန်တလုံးဈေးကွက် ပြည်တွင်းဈေးကွက်သို့သာ ဦးတည်

လာမည့်သရက်ရာသီတွင် စိန်တလုံးဈေးကွက် ပြည်တွင်းဈေးကွက်သို့သာ ဦးတည်

ရွှေမန်း မန္တလေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအလယ် ပိုင်းမှ ထွက်ရှိသည့် စိန်တလုံး ဈေးကွက်မှာ ပြည်တွင်းဈေးကွက် တွင်သာ အားထားရောင်းချရမည် ဖြစ်ကြောင်း သရက်စိုက်တောင်သူ များထံက သိရသည်။ လက်ရှိအချိန်တွင် တရုတ် နယ်စပ်သို့ တင်ပို့နိုင်ရန် လမ်းပန်း ဆက်သွယ်မှုအခက်အခဲများနှင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့် တာကြောင့် ပြည်တွင်းသရက် ခြံအများစုမှာ ကြိုတင်ပြင်ဆင်မှု များ အားနည်းပြီး သွင်းအားစု ထည့်သွင်းမှု၊ ခြံပြုပြင်မှုများကို အများစုမပြုလုပ်နိုင်ဘဲ ရပ်နားထား ကြသည်။ သို့ဖြစ်၍ ထွက်ရှိလာမည့် သရက်သီးများမှာလည်း အရည် အသွေးကျဆင်းမှုများ၊ အထွက် နှုန်းကျဆင်းမှုများရှိလာနိုင်ကြောင်း၊ ပို့ကုန်အရည်အသွေးမီ စိုက်ပျိုး ထုတ်လုပ်မည်ဆိုပါက တစ်နှစ် ပတ်လုံး ခြံပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရပြီး ရာသီအလိုက် ရေသွင်းခြင်း၊ အပင်အာဟာရ ကျွေးခြင်းများကို အချိန်ကိုက် ဆောင်ရွက်မှသာ...

Post
အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်ဈေးသတ်မှတ်မည့်သတင်းများကြောင့်  ပို့ကုန်ပဲများ ဈေးကျဆင်းလာ

အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်ဈေးသတ်မှတ်မည့်သတင်းများကြောင့်  ပို့ကုန်ပဲများ ဈေးကျဆင်းလာ

ရွှေမန်း အိန္ဒိယနိုင်၏ ပဲရည်ညွှန်ဈေး သတ်မှတ်မည့်သတင်းများကြောင့် ပို့ကုန်ပဲများဈေးကျဆင်းနေကြောင်း  ပဲကုန် သည်များထံက သိရသည်။ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး မှာ ဈေးကျဆင်းမှုရှိလာတာ ကြောင့် စောင့်ကြည့် အရောင်း အဝယ်လုပ်နေကြတာကြောင့် အရောင်းအဝယ်ခပ်အေးအေးသာ ရှိနေသော်လည်း ပြည်တွင်း မြေပဲ ဆန်မှာ ပြည်တွင်းစက်ပိုင်များ အဝယ်ကောင်းသဖြင့် ဈေးကောင်း ရနေခြင်းဖြစ်သည်။ ပို့ကုန်ပဲတွေ သီတင်းပတ် နှစ်ပတ်ဆက်တိုက် ဈေးကျဆင်း နေကြောင်း စံချိန်တင်အမြင့်ဆုံး ဈေးတွေပေါက် ဈေးရှိလာရာမှ အိန္ဒိယနိုင်ငံ၏  ပြည်တွင်းပဲ ဈေးနှုန်းကို သက်မှတ်ဈေးအတိုင်း ရောင်းချရန်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်ဝယ်လက်များ၏ စောင့်ကြည့်ဝယ်ယူမှုများကြောင့် ပြည်တွင်း  ပဲဈေးတွေကျဆင်း ကြောင်း  ပြည်တွင်းသုံးပဲမာလိုင်း များမှာ  နယ်စုံဝင်လာတာကြောင့် အမြင့်ဈေးမှ အနည်းငယ်ကျဆင်း လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က  ပြောသည်။ “ ပဲစင်းငုံ၊မတ်ပဲတွေ...

Post
မြေပဲဆန်ဈေးကောင်းတာကြောင့် မြေနုကျွန်းစိုက်တောင်သူများ အဆင်ပြေ

မြေပဲဆန်ဈေးကောင်းတာကြောင့် မြေနုကျွန်းစိုက်တောင်သူများ အဆင်ပြေ

ရွှေမန်း ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးသည့် မြေပဲဆန်များ ယခင်နှစ်ထက် ဈေးကွက်ဈေးကောင်းရရှိတာကြောင့် မြေနုကျွန်း စိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ မြေနုကျွန်းစိုက် မြေပဲစိုက်ခင်းများကို အောက်တိုဘာလ ၁၅ ရက် ဝန်းကျင်က စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် နုတ်သိမ်းရာ တစ်ဧက မြေပဲတင်း(၅၀)ခန့်ထွက်ရှိတာကြောင့်လည်း အထွက်နှုန်း ကောင်းခဲ့သည်။ ထို့အပြင် မြေပဲဆန်ဈေးမှာလည်း ပိဿာ ၁၀၀လျှင် ငွေကျပ် ၈၇၀၀၀၀ ကျော် ပေါက်ဈေးရှိတာကြောင့်လည်း တောင် သူများထပ်ဆင့် အကျိုးအမြတ်ကောင်းခဲ့ကြောင်း  ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးခင်မောင်ရင်က  မန္တလေး နေ့စဉ်ကို ပြောသည်။ “ မြေနုကျွန်းစိုက်ခင်းတွေကို စက်တင်ဘာ ရေကျချိန်မှာ မြေပြုပြင် ပြီး ဈေးကွက်ကောင်းမည့် သီးနှံကို ရွေးချယ်စိုက်ပျိုးခဲ့တာပါ။သီးနှံ ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ မြေနုကျွန်းရာသီဥတုနဲ့ ကိုက်ညီတဲ့သီးနှံလည်းဖြစ်ပါတယ်။ အထွက်နှုန်းလည်း ကောင်းသလို...

Post
ပြည်တွင်းမှ အာလူးထွက်ရှိမှု များပြားလာတော့မည်ဖြစ်၍ ဈေးနှုန်းတည်ငြိမ်နိုင်

ပြည်တွင်းမှ အာလူးထွက်ရှိမှု များပြားလာတော့မည်ဖြစ်၍ ဈေးနှုန်းတည်ငြိမ်နိုင်

ရွှေမန်း ပြည်တွင်း၌ ဖေဖေါ်ဝရီ ဒုတိယပတ်မှ စ၍ အာလူးထွက်ရှိမှုများပြားလာတော့မည်ဖြစ်၍ ဈေးကွက်တည်ငြိမ်လာ နိုင်မည်ဖြစ်ပြီး ကြားကာလများတွင် တရုတ်ဘက်မှ အာလူးများဝင်ရောက်နေကြောင်း နောင်တရားအာလူး အသင်းမှ တာဝန်ရှိသူက ပြောသည်။ အာလူးတွင် စဖိုချောင်သုံးစွဲမှုအတွက် စားအာလူးနှင့် အာလူးကြော်ထုတ်လုပ်သူများအတွက် ကြော်အာလူးဟူ ၍ ရှိပြီး ကြော်အာလူးမှာ အရသာကောင်းမွန်သည့် ပြည်တွင်းအာလူးများသာ ဝယ်ယူအသုံးပြုသည်ဟုဆိုသည်။ “ဇန်နဝါရီ၊ဖေဖေါ်ဝါရီအတွင်းရှမ်းပြည်ကထွက်တဲ့ အာလူးရှိပေမယ့် လုံလောက်မှုလိုအပ်နေပေမယ့် ဖေဖေါ်ဝါရီ ဒုတိယပတ်မှာ ဆင်ဖြူကျွန်းအာလူးတွေ ထွက်တော့မှာဖြစ်တာနဲ့ တရုတ်ဘက်က တင်သွင်းမှုရှိနေတာ ကြောင့် ဈေးကွက်ငြိမ်လာမယ်။ဈေးကွက်မှာ အာလူးပြတ်လပ်တာမရှိပေမယ့် အမြောက်အမြားထွက်တာနဲ့ နည်း တာ တော့ ရှိတယ်”ဟု ၎င်းကပြောသည်။ စဖိုချောင်သုံး စားအာလူးများမှာ တစ်ပိဿာလျင် ငွေကျပ် ၂၅၀၀ ဝန်းကျင်နှင့် အကြော်အာလူးများမှာ တစ် ပိဿာလျင် ငွေကျပ် ၃၈၀၀...