“NLDလွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်းဆိုင်းဘုတ်အား ဖျက်စီးယူဆောင်သွားသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်၁ဦးကို အမှုဖွင့်”

“မကွေးတိုင်း စလင်းမြို့နယ် ဆည်ကန်အုပ်စု ဆည်ကန်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးသည်ဟုဆိုကာ တစ်ရွာထဲနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်တဦးကို စက်တင်ဘာ ၁၇ရက်နေ့က လင်းဇင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရပါတယ်။ “ဆည်ကန်ကျေးရွာက Nldပါတီဝင်ဦးစိုးဝင်းအိမ်ဝိုင်းထဲမှာ စက်တင်ဘာ ၁၆ရက်နေ့ နံနက်စိုက်ထူမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်း ၄ပေ-၈ပေရှိ ဆိုင်းဘုတ်ကိုတစ်ရွာတည်း မျက်နာခြင်းဆိုင်နေသူ မောင်ပိုင်ဆိုသူက သူအိမ်ထဲဝင်ဖျက်ဆီးတယ်လို့ လာတိုင်တာပေါ့၊ စက်တင်ဘာ၁၇ရက်နေ့မှာ (ပ)၄၁/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ၄၂၇/၄၄၇နဲ့ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်လို့ စလင်းမြို့နယ် လင်းဇင်းနယ်မြေရဲစခန်း စခန်းမှူးရဲအုပ်သိန်းမြင့်က ပြောပါတယ်။ “ဆည်ကန်ကျေရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်၁ဦးဖြစ်တဲ့ ဦးစိုးဝင်းရဲ့နေအိမ်က NLD ဆိုင်းဘုတ်ကို အိမ်ထဲဝင်ရောက်ပြီး ဖျက်ဆီးသွားကြောင်း၊ စက်တင်ဘာ ၁၆ရက်မနက် စည်းရုံးရေးသွားမဲ့နေ့ ကိုယ်စားလှယ်ဆိုင်းဘုတ်ထောင်မယ်ဆိုပြီး ကလေးတွေ ညမှလုပ်တာဖြစ်ကြောင်း၊ အိမ်ထဲမှာဘဲထောင်ထားတာဖြစ်ပြီး အိမ်ဝိုင်းထဲဝင်ပြီး ဓါးနဲ့လှီးသွားတယ်ထင်ကြောင်း၊ ည(၂)နာရီလောက်ဝင်ရောက်ဖျက်ဆီးသွားတာဖြစ်ကြောင်း စလင်းမြို့နယ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးစိုးရှင်က ပြောပါတယ်။ “ဆိုင်းဘုတ် ဖျက်စီးခံရမှုကို NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား အသိပေးထားပါတယ်၊​ ရဲစခန်းမှာ အမှုဖွင့်တာက အိမ်ပိုင်ရှင်ပေါ့၊ ရဲအရေးပိုင်နဲ့ ပိုင်နက်ကျူးလွန်မှု‌ပေါ့ ၊ ၄၂၇/ ၄၄၇နဲ့ အမှုဖွင့်ထားပါတယ်၊ NLD ဘက်က သက်သေ(၄)ယောက်နဲ့ အမှုဖွင့်ထားတာပါ၊ ရိပ်မှန်းသံမှန်းတော့သိရပါတယ်၊ မနက်ဆိုင်းဘုတ်တင်မှာဆိုတော့ ညတွင်းချင်းဆိုင်းဘုတ်လုပ်တာမှာ အိမ်ဝိုင်းရှေ့လာပြီးတော့ မင်းတို့ကိစ္စမပြီးသေးဘူးလား၊ မူးမူးနဲ့လာပြီးရစ်ပါတယ်၊ ရွာဆိုတာကလည်း ဒီလိုလုပ်ရဲတဲ့သတ္တိဆိုတာ ၁၀ယောက်မှာ ၁ယောက်မရှိပါဘူး၊ကျွန်တော်အမြင်ကတော့ ရဲစစ်လို့ပေါ်တာမပေါ်တာတစ်ပိုင်းပေါ့၊ ဆည်ကန်ရွာရဲ့အုပ်ချုပ်ရေးမှူးက ကြံ့ခိုင်ရေး၊ ကော်မရှင်ဥက္ကဌကကြံ့ခိုင်ရေး၊ NLD ဆိုင်းဘုတ်ဖျက်ဆီးသွားတဲ့ကလေးက ကြံ့ခိုင်ရေးဆိုင်းဘုတ်တင်ထားတဲ့အိမ်ကပါ၊မျက်နှာချင်းဆိုင်နေကြတာပါလို့ စလင်းမြို့နယ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ပါတီမှအတွင်းရေးမှူး ဦးစိုးရှင်က ပြောပါတယ်။။ အဆိုပါအမှုနှင့်ပတ်သတ်ပြီး လင်းဇင်းနယ်မြေရဲစခန်းတွင် တရားလိုကို ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်ဆေးနေကြောင်း သိရပြီး၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံရမှုများ တိုင်းနှင့်ပြည်နယ်တချို့တွင် ဖြစ်ပွားနေကြောင်း သတင်းအချက်အလက်များအရ သိရပါတယ်။

ရွာသား(မကွေး)

မကွေးဂျာနယ်

60602 Comments9 SharesLikeCommentShare

Leave a Reply

Your email address will not be published.