Covid 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများက လှူဒါန်း

မကွေးခရိုင် တောင်တွင်းကြီးမြို.နယ်အခြေစိုက် Myanmar Rescue Organization Taungdwingyi
အရေးပေါ်အသက်ကယ်ဆယ်ရေးအဖွဲ့၊မြို့နယ်ကြက်ခြေ
နီအဖွဲ့၊ရွှေအိုး(၂)ရပ်ကွက် covid 19 ထိန်းချုပ်တုံ့ပြန်ရေး
ပရဟိတအဖွဲ့များအား တောင်တွင်းကြီးမြို့၊တောင်ပြင်
(၁)ရပ်ကွက်၊ပြည်လမ်းရှိ စွမ်းအား(၂)အိမ်ဆောက်ပစ္စည်း
နှင့်လယ်ယာသုံးပစ္စည်းအရောင်းဆိုင်မိသားစုမှ Covid – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်မှုများပြုလုပ်ရာတွင်
အသုံးပြုနိုင်ရန်အတွက် ဧပြီ ၂၆ ရက် ညနေ ၅ နာရီ အချိန်က မြို့နယ်ကြက်ခြေနီအဖွဲ့အား ပိုးသတ်ဆေးဖျန်း
ပုံး(၃)ပုံး၊အရေးပေါ်အသက်ကယ်ဆယ်ရေးအဖွဲ့သို့ ပိုးသတ်ဆေးဖျန်းပုံး(၂)လုံး၊covid -19ထိန်းချုပ်/တုံ့ပြန်ရေးပရဟိတအဖွဲ့အား ဂါလံ(၅၀)ဆန့်ပီပါ(၁)လုံး
အား အသီးသီးပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာအဖွဲ့
တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရပါတယ်။

အလားတူ ရွှေအို(၂)ရပ်ကွက် Covid -19ထိန်းချုပ်တုံ့
ပြန်ရေး ပရဟိတအဖွဲ့မှ Myanmar Rescue Organiz
ation Taungdwingyi. အရေးပေါ် အသက်ကယ်ဆယ်
ရေးအဖွဲ့သို. ဂလိုရင်းပိုးသတ်ဆေးလှူဒါန်းခဲ့ကြောင်းသိ
ရသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.