“Covid 19ကပ်ရောဂါ  ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက်       ရခိုင်ပြည်နယ်နဲ့ထိစပ်နေပြီး ကုန်စည်ကူးသန်းမှုတွေရှိတဲ့ မင်းဘူးဒေခံပြည်သူများ စိုးရိမ်မှုရှိနေ”

မင်းဘူး သြဂုတ်၂၂

“Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားနေသည့်အချိန် ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု အသွားအလာတွေများတဲ့ မင်းဘူးဒေသခံပြည်သူတွေစိုးရိမ်မှုရှိနေကြတယ်လို့ သိရပါတယ်။ “မင်းဘူးခရိုင်နဲ့ ရခိုင်ပြည်နယ်ကထိစပ်နေပြီး အဓိကကူးသန်သွားလာကြတဲ့ ကုန်းလမ်းဖြစ်တဲ့ မင်းဘူး-အမ်းတောင်ကြားလမ်းလဲရှိတာကြောင့် Covid 19ကပ်ရောဂါ ကူးစက်လာမှာကို စိုးရိမ်ကြတာလို့ သိရပါတယ်၊၊ “မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်နဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းနဲ့ မင်းဘူး-အမ်းတောင်ကြားလမ်းကဂိတ်တွေကို ဩဂုတ်လ(၂၀)ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပြီလို့လဲ သိရပါတယ်။ “သွားလာရေးလမ်းကြောင်းတွေပိတ်လိုက်တဲ့ ဩဂုတ်လ(၂၀)ရက်မတိုင်ခင်က ကူးသန်းသွားလာမှုတွေ အများအပြားရှိပါတယ်၊ ကိုဗစ်ရောဂါကကူးစက်ခံရပြီးချက်ချင်းလက္ခဏာပြတာမျိုးမဟုတ်တဲ့အတွက် လမ်းတွေမပိတ်ခင် သွားလာဝင်ထွက်ခဲ့သူတွေကနေ ကူးစက်မှုရှိမရှိ မသိနိင်ပါဘူး၊ အဲ့ဒီအတွက်စိုးရိမ်မှုတွေရှိနေတာပါလို့ မင်းဘူးဒေသခံဦးကျော်ဌေးက ပြောပါတယ်။ “မင်းဘူး-အမ်တောင်ကြားလမ်းက‌နေ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ကို ကုန်စည်ကူးသန်းရောင်းဝယ်ကြတဲ့ ကားဂိတ်တွေကမင်းဘူးမြို့မှာ အခြေစိုက်ကြတာဖြစ်ပါတယ်၊ ပြည်တွင်းကူးစက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နဲ့မင်းဘူးခရိုင်က နီးကပ်နေတဲ့အတွက် ကိုဗစ်(၁၉)စတင်ဖြစ်ပွားချိန်ကထက် ပိုပြီးစိုးရိမ်မှုရှိပါတယ်၊ အခုကိုဗစ်(၁၉)ပိုးကကူးစက်မှုပိုမြန်တယ်လို့ သိရတဲ့အတွက် ပြည်သူတွေကိုပိုပြီးဂရုစိုက်စေချင်ပါတယ်လို့ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့နေ ကိုအေးလွင်က ပြောပါတယ်။ “ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းမင်းဘူးခရိုင်က နယ်စပ်ဖြစ်တဲ့အတွက်အသွားအလာများပါတယ်၊ ဒါကြောင့်နိုင်ငံတော်အစိုးရရဲ့ညွန်ကြားချက်နဲ့ လေကြောင်းလိုင်း၊ ကားလမ်းတွေကိုပိတ်ထားပါတယ်၊ ဆက်လက်ပြီး ညွန်ကြားချက်‌တွေအတိုင်း ကြိုတင်ကာကွယ်မှုတွေကိုလုပ်ဆောင်သွားမှာပါလို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက မကွေးဂျာနယ်ကို ပြောပါတယ်။ “ရခိုင်ပြည်နယ်အတွင် ထိန်းချုပ်ရန်ခက်ခဲသော Covid-19 ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းပေါ်ပေါက်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ကူးစက်နိုင်စွမ်း ၁၀ ပိုမြန်သော ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်တွေ့ရှိထားကြောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဩဂုတ်လ ၁၆ ရက်မှ ယနေ့နံနက်ပိုင်းအထိ တစ်ပတ်အတွင်း အတည်ပြုလူနာ ၄၅ ဦးအထိရှိလာကြောင်း၊ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့် စစ်တွေမြို့တွင် ဩဂုတ် ၂၁ ရက်မှ အောက်တိုဘာ ၂၁ အထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကသိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်

အောက်ပါလင့်တွင် အသံဖိုင်နားထောင်နိုင်ပါပြီ

Leave a Reply

Your email address will not be published.