Home သတင်းများ

Category: <span>သတင်းများ</span>

Post

နိုင်ငံြခားပြောင်း အဝယ် စာချုပ်များ ဒီဇင်ဘာအထိ ရှိနေသဖြင့်ပြောင်း တစ်တန်လျင်၂၄၅ ဒေါ်လာအထက် ဖြစ်လာနိုင်ချေရှိ

ရွှေမန်း နိုင်ငံြခားပြောင်း အဝယ် FOB စာချုပ်များ ဒီဇင်ဘာအထိ ရှိနေသဖြင့် ရန်ကုန်ပြောင်းဈေး အတက်ဘက်သို့ ဦးတည်လာနိုင်၊ ပြောင်းတစ်တန်လျင်၂၄၅ ဒေါ်လာအထက် ဖြစ်လာနိုင်ချေရှိကြောင်းသိ ရသည်။ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အတက်/အကျ ပြောင်းလဲနေတဲ့ ပြောင်းဈေးက ယခုလ (နိုဝင်ဘာ) မှာ ဈေးကောင်းရပြီး တရိပ်ရိပ်တက်လာတယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးအသင်း မှ သိရသည်။အောက်တိုဘာလတွင် နိုင်ငံခြားသင်္ဘောတင်သူများက နိုင်ငံခြားဒေါ်လာငွေ ဝင်ငွေလဲလှယ်ခြင်း (earning) အပေါ် ဈေးတည်တွက်ချက်ခဲ့ခြင်းကြောင့် ပြောင်းအဝယ် အဖွင့်ဈေးတွေက နေ့စဉ်အပြောင်းအလဲ ဖြစ်ခဲ့ကြောင်းသိရသည်။တစ်ဖက်ကလည်း ရှမ်း(မြောက်)နဲ့ ကချင်ပြည်နယ်က ထွက်ရှိတဲ့ ပြောင်းတွေကို မန္တလေးအထိ လာရောက်ရောင်းချခြင်းကြောင့် ဒေါ်လာဈေးအကျနဲ့ ရောင်းလိုအားများပြီး ပြောင်းဈေး အကျပိုင်းကို ဦးတည်ခဲ့ကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။တရုတ်နယ်စပ်ဂိတ်များ ြပန်လည်ဖွင့်ရန်ရှိသဖြင့် ပြောင်းစျေးကောင်း ရနိုင်သဖြင့် သိုလှောင် စုဆောင်း နေသည့်...

Post

ကိုဗစ် အကြောင်း၊ အကျိုး

ကောင်းဇော် အကျိုးတရားအမှန်ရအောင် မနှစ်သက်တဲ့အကြောင်းတွေကို လုပ်ရတာ ရှိတယ်။ အနာဂါတ်နေ့စဥ်နေထိုင်မှုဘဝမှာ တွဲလျက်ရှိနေတော့မယ့် Mask(နှာခေါင်းစည်း)တပ်တာရယ်၊ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေထိုင်ရမှာရယ်က ငြင်းဆန်လို့မရတဲ့ အကြောင်းတရားအဆက်ပါပဲ။Maskတပ်တာကိုတော့သူသူငါငါ အလေ့အကျင့်ဖြစ်နေပါပြီ။ Mask တပ်တာက ကိုယ့်ဆီကျရောက်လာမယ့် အဆိုးတွေကို၊ ပိုးမွှားတွေကို အထိုက်အလျောက်ကာကွယ်တားဆီးနိုင်မယ်ဆိုတာကို လက်ခံကျင့်သုံးနေကြပါပြီ။ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေတာရယ်ကိုတော့ တစတစမေ့လို့ လာနေပါပြီ။ ကျရောက်လာနိုင်တဲ့ ဗိုင်းရပ်ပိုးမွှားတွေကို လက်ဆေးတာနဲ့ ကာကွယ်နိုင်တယ်။ အပြင်က ပါလာတဲ့ ပိုးတွေကို တတ်နိုင်သလောက်ဖယ်ရှားသုတ်သင်နိုင်တယ်ဆိုတာကို မေ့‌နေပါတယ်။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့၊ ကိုယ့်ဆီကူးလာတဲ့၊ကပ်ပါလာတဲ့ပိုးတွေကို နှိမ်နှင်းဖို့လုပ်ရမယ်ဆိုတာမေ့လျော့လာနေကြပါတယ်။တဦးနဲ့တဦး ကျန်းမာရေးအကာအကွယ်ရနိုင်တဲ့ အကွာအဝေးနဲ့ နေထိုင်မှုဘဝတွေကို ဖြတ်သန်းရမယ် ဆိုတဲ့နည်းလမ်းကိုလည်း ကျင့်သုံးဖို့ ပျက်ကွက် လာနေကြပါပြီ။မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ (၁၃)ရက်နေ့အထိ ကာ ကွယ်...

Post

တရုတ်နယ်စပ် ကုန်သွယ်မှုဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် သေချာမှုမရှိသော်လည်း ဖရဲသခွားစိုက်တောင်သူများ တစ်ပိုင်တစ်နိုင် စွန့်စားစိုက်ပျိုးထား

ရွှေမန်း တရုတ်နယ်စပ်ကုန်သွယ်မှုဂိတ်များပြန်လည် ဖွင့်လှစ်ရန်သေချာမှုမရှိသော်လည်း ဖရဲသခွားစိုက်တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စွန့်စားစိုက်ပျိုးထားကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။ ပြီးခဲ့သည့်ဖရဲရာသီတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများကြောင့် ဖရဲသခွားတင်ပို့ရာတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်လည်း အသီးတင်ပို့မှုနယ်စပ်ဂိတ်ပေါက်များ ဖွင့်လှစ်မှုမသေချာသေးသည့် အခြေအနေရှိနေသော်လည်း တောင်သူတစ်ဦးလျှင် အနည်းဆုံး ငါးဧကနှင့် အောက် စွန့်စားစိုက်ပျိုးထားကြောင်း သိရသည်။ သို့သော် တစ်ဧကစိုက်ပျိုးစရိတ် ကျပ်၂၅သိန်းအထက် ရှိကာ ယခင်နှစ်ထက် ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းဝန်းကျင် ပိုမို ကုန်ကျကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည် ။ မကွေးတိုင်းဒေသကြီး ၊ ရေစကြိုမြို့နယ် ၊ ဖရဲစိုက်တောင်သူများအနေဖြင့်လည်း ယင်းဒေသအနေဖြင့် အခြား ပိုမိုကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းမရှိြခင်းကြောင့် ဖရဲကိုသာ တစ်ပိုင်တစ်နိုင် အဆုံးရှုံးခံနိုင်သည့်အနေအထားကို စွန့်စားစိုက်ပျိုးထားကြောင်း နှင့် လက်ရှိတွင် တရုတ်ယွမ်ငွေစျေး မြင့်တက်နေခြင်းကြောင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက...

Post

ကိုဗစ် အကြောင်း၊ အကျိုး

ကောင်းဇော် အကျိုးတရားအမှန်ရအောင် မနှစ်သက်တဲ့အကြောင်းတွေကို လုပ်ရတာ ရှိတယ်။ အနာဂါတ်နေ့စဥ်နေထိုင်မှုဘဝမှာ တွဲလျက်ရှိနေတော့မယ့် Mask(နှာခေါင်းစည်း)တပ်တာရယ်၊ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေထိုင်ရမှာရယ်က ငြင်းဆန်လို့မရတဲ့ အကြောင်းတရားအဆက်ပါပဲ။Maskတပ်တာကိုတော့သူသူငါငါ အလေ့အကျင့်ဖြစ်နေပါပြီ။ Mask တပ်တာက ကိုယ့်ဆီကျရောက်လာမယ့် အဆိုးတွေကို၊ ပိုးမွှားတွေကို အထိုက်အလျောက်ကာကွယ်တားဆီးနိုင်မယ်ဆိုတာကို လက်ခံကျင့်သုံးနေကြပါပြီ။ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေတာရယ်ကိုတော့ တစတစမေ့လို့ လာနေပါပြီ။ ကျရောက်လာနိုင်တဲ့ ဗိုင်းရပ်ပိုးမွှားတွေကို လက်ဆေးတာနဲ့ ကာကွယ်နိုင်တယ်။ အပြင်က ပါလာတဲ့ ပိုးတွေကို တတ်နိုင်သလောက်ဖယ်ရှားသုတ်သင်နိုင်တယ်ဆိုတာကို မေ့‌နေပါတယ်။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့၊ ကိုယ့်ဆီကူးလာတဲ့၊ကပ်ပါလာတဲ့ပိုးတွေကို နှိမ်နှင်းဖို့လုပ်ရမယ်ဆိုတာမေ့လျော့လာနေကြပါတယ်။တဦးနဲ့တဦး ကျန်းမာရေးအကာအကွယ်ရနိုင်တဲ့ အကွာအဝေးနဲ့ နေထိုင်မှုဘဝတွေကို ဖြတ်သန်းရမယ် ဆိုတဲ့နည်းလမ်းကိုလည်း ကျင့်သုံးဖို့ ပျက်ကွက် လာနေကြပါပြီ။မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ (၁၃)ရက်နေ့အထိ ကာ ကွယ်...

Post

ပြည်ပသို့ ဆန်၊ဆန်ကွဲ တန်ချိန် နှစ် သိန်းကျော် အောက်တိုဘာလအတွင်း တင်ပို့ထား၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တန် ၄၆၀၀ ကျော်သာ တင်ပို့နိုင်ခဲ့

ရွှေမန်း ယခုနှစ် အောက်တိုဘာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲပမာဏ တန်ချိန် ၂၁၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့သော်လည်းနယ်စပ်ဂိတ်များမှတင်ပို့မှု လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကထုတ်ပြန်ချက် ထားသည်။ ဆန်ပို့ကုန် ကုမ္ပဏီ ၃၂ ခုက ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့် ပြည်ပနိုင်ငံများသို့ ဆန် ၂၁၁၇၅၉ တန် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အိမ်နီးချင်းနိုင်ငံတို့ထံ တန်ချိန် ၄၁၆၁ ပမာဏသာ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ နယ်စပ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြမှုကြောင့် နယ်စပ်ဂိတ်ပေါက်တွေ ပိတ်ထားခဲ့ပြီး ဆန်အပါအဝင် ပဲ ပြောင်းနှမ်း ပို့ကုန်တင်ပို့မှုပမာဏလည်း သိသိသာသာ ကျဆင်းသွားခဲ့ခြင်းလည်း ဖြစ်သည်။ “အောက်တိုဘာလအတွင်း ပြည်ပကို တင်ပို့တဲ့ ဆန်အမျိုးအစားအလိုက်ဈေးနှုန်းတွေက အရည်အသွေးအမျိုးအစားပေါ်မူတည်ပြီး ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၁၅ မှ ၃၅၀ အထိ...

Post

ဗဟိုဘဏ်က ပျမ်းမျှငွေလဲလှယ်နှုန်း ၁၇၉၀ ကျပ်ဖြင့် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းမှုနှင့်အတူ ရွှေစျေး ထပ်မံကျဆင်းလာ

ရွှေမန်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံနဲ့ အမေရိကန်ဒေါ်လာသန်း ၃၀ ကို ယခုလအတွင်း တတိယအကြိမ်မြောက် အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ထပ်မံထုတ်ရောင်းလိုက်ကြောင်းသိရသည်။အောက်တိုဘာ ၂၆ ရက်နေ့တွင်ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာပေါက်ဈေး ၁၈၈၀ ကျပ်ဖြစ်ပေါ်နေချိန် ဗဟိုဘဏ်က ဈေးပြိုင်လေလံအတွက် ငွေလဲလှယ်နှုန်းကို ၁၇၉၀ ကျပ် သတ်မှတ်ထုတ်ရောင်းချခြင်းဖြစ်သည်။ယခုလ အောက်တိုဘာ ၁၈ ရက်ကလည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာသန်း ၅၀ ၊ အောက်တိုဘာ ၂၂ ရက်မှာ သန်း ၃၀ တို့ကို ဈေးပြိုင်လေလံနဲ့ ရောင်းချခဲ့ပြီး ယခုလအတွင်း ဗဟိုဘဏ်ရဲ့ ကန်ဒေါ်လာရောင်းချမှုက သန်း ၁၁၀ အထိ ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ဗဟိုဘဏ်အနေဖြင့် ယခုလို ဈေးပြိုင်လေလံနှင့် ရောင်းချသည့် အမေရိကန်ဒေါ်လာသန်းချီကို AD လိုင်စင်ရဘဏ်တွေကတစ်ဆင့် စက်သုံးဆီတင်သွင်းသူများ၊ စားအုန်းဆီတင်သွင်းသူများနှင့် ဆေးပစ္စည်းတင်သွင်းသူများထံ...