Home က်န္းမာရေးရှုထောင့္

Category: <span>က်န္းမာရေးရှုထောင့္</span>

Post
ကိုဗစ်နဲ့ တိုက်တန်းနစ်

ကိုဗစ်နဲ့ တိုက်တန်းနစ်

ကောင်းဇာ် ကိုဗစ်ဖြစ်ခဲ့တဲ့သူဟာ တိုက်တန်းနစ်သင်္ဘောပေါ်မှာ လိုက်ပါ စီးနင်းမိတဲ့သူလိုပါပဲ။သက်သာပျောက်ကင်းလာတဲ့သူ့ကို သင်္ဘောဦးမှာ ချစ်သူနဲ့အတူ လက်နှစ်ဖက်ဆန့်ရင်း ပျော်နေသူလို့ အများအမြင်မှာ မြင်ချင်မြင်နေနိုင်ပါတယ်။အမှန်တကယ်က ရေခဲတောင်ထိပ်ပိုင်းနဲ့ တိုက်မိပြီး စီးပွားရေး၊ကျန်းမာရေးသင်္ဘောကြီးပျက်ကာ သမုဒ္ဒရာထဲ လက်ပစ်ကူးနေရတယ်လို့ ထင်မှာ မဟုတ်ပါဘူး။တကယ်က အချိန်မရွေး နစ်မြုပ်သွားနိုင်သူတွေပါ။ “ခုဆို ကိုဗစ်သံကြားရင် ကိုယ့်ရှေ့မှာ လဲနေခဲ့တဲ့ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ကိုယ့်သမီးလေးကို ပြန် မြင်တယ်။ နောက်တကြိမ်ထပ်ဖြစ်ဖို့ လူအား ငွေအား အစစ ခံနိုင်ရည်အား မရှိတော့။ လူတိုင်း လူတိုင်းအတွက် စိုးရိမ်တယ်။ တကယ်တန်းဖြစ်ရင် တကယ်မလွယ်ပါ။ အတတ်နိင်ဆုံး မဖြစ်အောင် ကြိုးစားကာကွယ်ရမှာပါပဲ”လို့ ကိုဗစ်တတိယလှိုင်း delta မှာ သမီးလေးနဲ့အတူ အောက်ဆီဂျင် (၄၂)ရက် ရှူခဲ့ရတဲ့ မိခင်ဖြစ်သူ(ဒေါ်သူဇာ)က အခုထက်ထိခံစားနေရဆဲ စိုးရိမ်ပူပန်မှုနဲ့ အတူ ပြောပြပါတယ်။ကိုဗစ်လှိုင်းတွေမှာ ပရဟိတလုပ်ငန်းကို...

Post
ကိုဗစ်သည် ဒေဝေါ မဟုတ်

ကိုဗစ်သည် ဒေဝေါ မဟုတ်

ကောင်းဇော် ကိုဗစ်က ဒေဝေါကြီးလာတော့မယ်၊ ဒေဝေါကြီး လာတော့မယ် ဆိုပြီး ကလေးတွေကို ဘာမှန်း မသိ၊ ညာမှန်းမသိ ခြောက်လှန့်နေတဲ့ အရာမဟုတ်ဘူး။လာပြီဆို တကယ်လာမှာ။ တကယ်အန္တရာယ်ပေးမှာ။ကလေးတွေတင်မက လူကြီးတွေပါ အန္တရာယ်ပေးမှာ။ပြည်သူတွေတတ်နိုင်တာကလည်း ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေ သုံးဖို့ပဲ တတ်နိုင်တာ။ပြောရပေါင်းများလို့ လက်‌လည်းပေါက်၊ အာလည်းပေါက်နေပြီ။နှာခေါင်းစည်း(Mask)တပ်ပါ။ အမြဲတပ်ပါ။ အခုအချိန်က စပြီး အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်တဲ့ အလေ့အထ ပြန်ကျင့်သုံးပါ။လက်ကို စင်ကြယ်အောင် ဆေးပါ။ စိတ်ကို စင်ကြယ်အောင် ဆေးဖို့လိုတဲ့သူတွေကျ ဘယ်လိုပြောမလဲ အထွန့် မတက်ပါနဲ့။အပြင်က ပြန်လာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးပါ။လူတဦးနဲ့တဦး ကိုဗစ်စည်းကမ်းတွေနဲ့အညီ ခပ်ခွာခွာနေပါ။ အန္တရာယ်တွေကြားမှာ နေတတ်ပါ။ မလိုအပ်ရင် လူများတဲ့ နေရာ ရှောင်ပါ။ဒေဝေါက အချိန်မရွေးလာတနိုင်သလို ကိုဗစ်ကလည်း အကြောင်းသုံးပါး မရွေး လာနိုင်ပါတယ်။လာလည်းလာနေတဲ့ အသံဗလံတွေ...