3513

အိန္ဒိယဝယ်လိုအားကောင်းနေတာကြောင့် ပို့ကုန် မတ်ပဲနှင့်ပဲစင်းငုံ ဈေးကောင်းနေသော်လည်း အခြားပဲနှမ်းများ ဈေးအေးနေ

ရွေမန်း

အိန္ဒိယဝယ်လိုအားကောင်း နေခြင်း၊ ဒေါ်လာငွေလဲလှယ်မှုနှုန်း မြင့်မားနေခြင်းတို့ကြောင့် ပို့ကုန်၊ မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကောင်း အဝယ်လိုက်နေသော်လည်း ပြည် တွင်း ပဲ၊ နှမ်းများ ဈေးအေးနေ ကြောင်း ပဲ၊နှမ်းကုန်သည်များထံ က သိရသည်။

အိန္ဒိယပို့ကုန်ပဲနှစ်မျိုး ဈေး ကောင်းအဝယ်လိုက်နေရာ မတ်ပဲ သုံးတင်းဝင်တစ်အိတ် ငွေကျပ် နှစ်သိန်းဝန်းကျင် ပေါက်ဈေးရှိနေ ပြီး၊ ပဲစင်းငုံမှာ တစ်အိတ်ငွေကျပ် ၂၀၅၀၀၀ ပေါက်ဈေးရှိပြီး လက် ကျန်ပစ္စည်း နည်းလာတာကြောင့် ဆက်လက်မြင့်တက်နိုင်ကြောင်း တရုတ်ပို့ကုန်ပဲ၊ ပဲတီစိမ်းနှင့် မြေပဲ ဆန်မှာ ဈေးကျ၊ အဝယ်ရပ် နေပြီး၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ ဈေးကျဆင်းမှုမရှိ အဝယ်အေးနေကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင် သိန်းပွဲရုံ)က ပြောသည်။

“ပို့ကုန်ပဲနှစ်မျိုးပဲ ဈေးကောင်း နေ ပါတယ်။ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၂၀၅၀၀၀ ပေါက်ဈေး၊ မတ်ပဲဈေးကတော့ ၁၉၅ယ၀၀၀-၂၀၀ယ၀၀၀ ပေါက်ဈေး ရှိပါတယ်။ တရုတ်လိုင်းက ပဲတီ စိမ်း၊ မြေပဲဆန်တို့မှာ ဈေးအေး နေတယ်။ အသစ်ဝင် မြေပဲဆန် ရှယ်စမှာ တစ်ပိဿာ ငွေကျပ် ၆၀၀၀ ခန့်သာ ပေါက်ဈေးရှိတယ်။ အသစ်ဝင်ရောက်မှု အနည်းအများ နှင့်မဆိုင်ဘဲ တရုတ်ဝယ်လက်မရှိ ဖြစ်နေပါသည်။ ကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းများလည်း ဈေးအေးနေ ပါတယ်။ ဈေးကျဆင်းမှုတော့ မရှိပါဘူး။ ပဲဈေးကွက်တစ်ခုလုံးမှာ မတ်ပဲနှင့် ပဲစင်းငုံကလွဲ၍ ကျန်ပဲများ ဈေးအေး နေသည်။ ပဲစင်းငုံ၊ မတ်ပဲမှာ အိန္ဒိယဝယ်လိုအားကောင်း နေခြင်း ဒေါ်လာငွေ လဲလှယ်မှု မြင့်မားနေခြင်းကြောင့် ဈေးကောင်း ရရှိနေပါတယ်´´ ဟု ၎င်းက ပြော သည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ

ပြည်တွင်းဒေါ်လာဈေးမတည် ငြိမ်မှုကြောင့် ဈေးအတက်အကျ များခဲ့သော်လည်း အိန္ဒိယဝယ် လိုအား ကောင်းနေတာကြောင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် မတ်ပဲတစ်အိတ် ကျပ် ၁၉၅ယ၀၀၀-၂၀၀ယ၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေ ကျပ် ၂၀၅ယ၀၀၀ ပေါက်ဈေးရှိနေပြီး ပစ္စည်းလက်ကျန် နည်းလာတာ ကြောင့် ဆက်လက်ဈေးမြင့်တက် နိုင်ကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။ တရုတ်ပို့ကုန် ပဲတီစိမ်းမှာ လမ်းပန်းဆက်သွယ် မှုအခက်အခဲများကြောင့် ဈေးကွက် တွင်း အဝယ်အေးနေပြီး ဈေးကျ ဆင်းနေရာ သုံးတင်းဝင်တစ်အိတ် လျှင် ကျပ် ၁၃၅ယ၀၀၀-၁၅၅ယ၀၀၀ သာ ပေါက်ဈေးရှိနေသည်။

မြေပဲ

အသစ်ဝင် မြေပဲဆန်များ ဈေးကွက်တွင်း အများအပြား ဝင် ရောက်လာတာကြောင့် ဈေးအနည်း ငယ်ကျဆင်းသွားပြီး တရုတ်လမ်း ကြောင်းမှာလည်း အခက်အခဲ ရှိနေ၍ ဝယ်ယူမှု အေးသွားပြီး မြေပဲဆန်ဈေး အနည်းငယ်ကျ ဆင်းသွားရာ ပို့ကုန် မြေပဲ S၁ လုံးဆန်များမှာ တစ်ပိဿာလျှင် ငွေကျပ် ၆ç၁၀၀ ၊ အနီလုံးဆန် တစ်ပိဿာ လျှင် ငွေကျပ် ၆ç၁၀၀ အထိ တစ်ပိဿာ ကျပ် ၄၀၀ ခန့် ကျဆင်းသွားသည်။ မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၄ç၅၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁ç၀၀၀ ၊ စားအုန်းဆီ တစ်ပိဿာ လျှင် ငွေကျပ် ၉၀၀၀ အောက် ကျဆင်းသွားကြောင်း သိရသည်။

ပို့ကုန်ပဲနှစ်မျိုးသာ ဈေး ကောင်း အဝယ်သွက်နေပြီး ပြည် တွင်းသုံး ပဲများမှာ ဈေးကျဆင်းမှု မရှိသော်လည်း အရောင်းအဝယ် အေးနေရာ စက်တင်ဘာ ၂၁ ရက်တွင် ကုလားပဲဠ၂ တစ်အိတ် လျှင် ငွေကျပ် ၁၉၅၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ငွေကျပ် ၁၆၀ç၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၆၀ç၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၁၇၃ç၀၀၀၊ စွန်တာ ပြာ တစ်အိတ်လျှင် ငွေကျပ် ၁၅၅ç၀၀၀၊မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၇၀ç၀၀၀၊ ကျွန်း စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၁၀ç၀၀၀ ပေါက်ဈေးဖြစ်နေ သည်။

Leave a Reply

Your email address will not be published.