ပြည်ပမှ ဂျုံတင်သွင်းမှု မရှိတာကြောင့် ပြည်တွင်းဂျုံသီးနှံ သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၂၀၀၀၀၀ အထိ ဈေးကောင်းရ

ရွှေမန်း

ပြည်တွင်း၌ စိုက်ပျိုးသည့် မြန်မာလယ်ယာထွက်ကုန် ဂျုံသီးနှံများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သည့်အပြင် ပြည်ပမှတင်သွင်းမှု မရှိတာကြောင့် ဈေးနှုံးအနေဖြင့်လည်းလက်ရှိအချိန်တွင်သုံးတင်းဝင်တစ်အိတ်လျင်‌ငွေကျပ် ၂၀၀၀၀၀ အထိဈေးကောင်းရ ရှိနေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

ဂျုံသီးနှံများသည် မန္တလေးဈေးကွက်အတွင်းသို့ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်စသည့် ဒေသများမှ ဝင်ရောက်လာကာ အရောင်းအဝယ်သွက်နေကြောင်း၊ ဂျုံသီးနှံသည် မတ်လအတွင်းက သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၉၅၀၀၀ ဈေး ရှိခဲ့သော်လည်း၊ ယခုအချိန်တွင် သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၂၀၀၀၀၀ ထိပေါက်ဈေးရှိကာ အမြင့်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

” ဒီနှစ်မှာ ဂျုံသီးနှံက အထွက်နှုန်းကောင်းမွန်တဲ့အပြင် အမြင့်ဈေး နှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဂျုံကတော့ ကမ္ဘာမှာစားသုံးမှုအများဆုံးသီးနှံဖြစ်တယ်။ မြန်မာ နိုင်ငံမှာဆန်စပါးပြီးရင် ဂျုံသီးနှံဟာ ဒုတိယအများဆုံးစားသုံး တဲ့ သီးနှံဖြစ်ပါတယ်။ ယခု ၂၀၂၂ ခုနှစ်မှာ ဂျုံဈေးတွေ‌ကောင်းနေ တဲ့အတွက်တောင်ပေါ်၊ မြေပြန့် ဂျုံစိုက်တောင်သူတွေအဖို့ အမြတ်အ စွန်းရပြီး အကျိုးရှိတဲ့ နှစ်ဖြစ်ပါတယ်။ ယခုလို ဂျုံဈေးတွေ ကောင်းနေတာကြောင့် လာမယ့်နှစ်ဂျုံရာသီမှာ စိုက်ဧကတွေတိုးလာ မှာပါ။ ဂျုံစားသုံးမှုကလည်း တစ်နှစ်ထက်တစ်နှစ်များပြားလာပါ တယ်။ ဂျုံကလည်း မြန်မာပြည်အတွက် စားသုံးတဲ့နေရာမှာ အရေး ပါတဲ့အရာဖြစ်တယ်” ဟု ၄င်းကရှင်းပြသည်။

အဆိုပါ ဂျုံသီးနှံကို တစ်နှစ်လျင်တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ မြန်မာပြည်တွင် ဂျုံသီးနှံကို မန္တလေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ အဓိကထားစိုက်ပျိုးကြပြီး၊ ရှမ်း ပြည်(တောင်ပိုင်း)၊ ရှမ်းပြည်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း၊ ဂျုံသီးနှံသည် နေရာဒေ သမရွေး စိုက်ပျိုး၍မရနိုင်ကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား ပေါ်မူတည်ပြီး စိုက်ပျိုးထွက်ရှိ‌ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.