3413

၂၀၂၂ ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအ တွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်သန်း ၃၀၀၀၀ ကျော်ထုတ်ချေးပေး ထား

ရွှေမန်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှ တိုင်းဒေသကြီးအတွင်းရှိ၂၀၂၂ ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်သန်း ၃၀၀၀၀ ကျော်ကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၃ မြို့နယ်မှ စိုက်ပျိုးရေးတောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ပေါင်း၅၀၄၀၄ သန်းကို ခွင့်ပြုထားပြီး ဇွန်လမှစတင်၍ စပါးနှင့် အခြားသီးနှံစိုက်ပျိုးသည့် တောင်သူများကို ထုတ်ချေးပေးလျက်ရှိရာ ယခုလ ၂၂ ရက်နေ့အထိ တောင်သူဦးရေ ၅၀၀၀၀ ကျော်အတွက် ချေးငွေကျပ် ၃၀၈၁၄ သန်းကို ထုတ်ချေးပေးထားပြီးဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။

” စိုက်ပျိုးရေးတောင်သူတွေအတွက် နှစ်စဉ်ချေးငွေကို မိုး၊ ဆောင်း၊ မိုးကြိုငွေဆိုပြီး ထုတ်ချေးပေးလျက်ရှိပါတယ်။ ထုတ်ချေးပေးတဲ့အ ခါမှာ စပါးတစ်ဧကကို တစ်သိန်းငါးသောင်းကျပ်နဲ့ အခြားသီးနှံများ ဖြစ်တဲ့ မြေပဲ၊ ပဲတီစိမ်း၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ မတ်ပဲ၊ ပြောင်း၊ ပဲပုတ်စ တဲ့ သီးနှံတွေကိုတော့ တစ်ဧကကို ငွေကျပ်တစ်သိန်းနှုန်းထုတ်ချေး ပေးတာဖြစ်ပါတယ်။ ခုလိုထုတ်ချေးပေးနေတာက တောင်သူတွေအတွက်စိုက်ပျိုး ချိန်ကာလမှာ ပိုမိုထိရောက်တဲ့စိုက်ပျိုးစရိတ်‌တွေကိုထုတ်‌ချေး‌ပေးနိုင်ဖို့အတွက်ပါ။ ဒါအပြင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ဆန်စပါးဖူလုံစေဖို့အတွက် လည်း ရည်ရွယ်ပြီးဆောင်ရွက်ပေးနေတာပါ” ဟု ၄ကရှင်းပြ သည်။

၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်(၂၃)မြို့ နယ်အတွင်းရှိ ကျေးရွာ ၆၂၃ ရွာ၊ တောင်သူပေါင်း ၅၀၀၂၆ ဦးတို့၏ စပါးနှင့် အခြားသီးနှံဧကပေါင်း (၂၆၉၈၆၉)ဧကတို့အတွက် ထုတ် ချေးပေးပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် စိုက်ဧကများကိုလည်း တောင်သူများ၏ လိုအပ်ချက်ပေါ်မူတည်ပြီး စက်တင်ဘာလ(၃၀) ရက်နေ့ မတိုင်ခင်အထိ ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.