3409

ပို့ကုန်ပဲများ အိန္ဒိယဝယ်လိုအား ကောင်းနေ၍ အမြင့်ဈေးတွင် တည်ငြိမ်နေပြီး ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးအနည်းငယ်ကျဆင်းလာ

ရွှေမန်း

ပို့ကုန်ပဲများ အိန္ဒိယဝယ်လိုအား ကောင်းနေတာကြောင့် အမြင့်ဈေး ဖြင့် တည်ငြိမ်နေပြီး ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးအနည်းငယ် ကျဆင်းလာကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။

ပို့ကုန်ပဲများ အိန္ဒိယဝယ်လို အားကောင်းနေတာကြောင့် အမြင့် ဈေးဖြင့် ဈေးတည်ငြိမ်နေပြီး အဝယ် သွက်နေကြောင်း ပြည်တွင်းသုံး ကုလားပဲအချို့ ဈေးအနည်းငယ် ကျဆင်းသွားသော်လည်း ပဲမာလိုင်း များ ဈေးတည်ငြိမ်နေကြောင်း၊ အသစ်ဝင်မြေပဲဆန်များ ဈေးကွက် အတွင်းဝင်ရောက်လာ၍ ဈေး အနည်းငယ်ကျဆင်းခဲ့ရာ မြေပဲအနီ လုံးဆန် တစ်ပိဿာ ငွေကျပ် ၆၄၀၀ ပေါက်ဈေးရှိကြောင်း၊ ကျွန်း စားတော်ပဲမှာ အမြင့်ဆုံးဈေးဖြင့် စံချိန်တင်ဈေး တစ်အိတ်ငွေကျပ် ၄၀၀၀၀၀ အထိရှိနေကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)ကပြောသည်။

“ပို့ကုန်ပဲမျိုးစုံဈေးတန်းက အမြင့်ဆုံးရောက်ခဲ့တော့ ဆက် မတက်နိုင်တော့ဘူး။ ပြည်တွင်း သုံးကုလားပဲအုပ်စုက အနည်းငယ် ဈေးပြန်ကျတယ်။ ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံက အမြင့်ဈေးနဲ့ ဈေးနှုန်း အပြောင်းအလဲသိပ်မရှိဘူး။ အိန္ဒိယ အဝယ်ကောင်းနေလို့ ဈေးငြိမ်နေ တယ်။ ပဲစင်းငုံတစ်အိတ်ငွေကျပ် ၁၈၇၀၀၀၊မတ်ပဲတစ်အိတ်ငွေကျပ် ၁၉၅၀၀၀ ပေါက်ဈေးရှိနေတယ်။ တရုတ်လိုင်းမှာ ပဲတီစိမ်း၊ နှမ်းတို့ က အရည်အသွေးလိုက် ဈေးကောင်း ရနေတယ်။ နယ်စုံကနေ မြေပဲဆန် အသစ်တွေက စတင်ဝင်ရောက် လာပါတယ်။ပြည်တွင်းသုံး ကုလား ပဲအုပ်စု ဈေးအနည်းငယ် ပြန်ကျ နေပြီး ပဲမာလိုင်းတွေကတော့ ဈေး ငြိမ်နေပေမယ့် ကျွန်းစားတော်ပဲ တစ်အိတ် ငွေကျပ် ၄၀၀၀၀၀ အထိ စံချိန်တင်မြင့်တက်လာ တယ်” ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း ၊ပဲစင်းငုံ
အိန္ဒိယဝယ်လိုအားကောင်း နေတာကြောင့် ဈေးနှုန်းအပြောင်း အလဲမရှိဘဲ ယခင်သီတင်းပတ် အတိုင်း ဈေးတည်ငြိမ်နေကြောင်း မတ်ပဲမှာ တစ်အိတ် ငွေကျပ် ၁၉၅၀၀၀၊ ပဲစင်းငုံမှာလည်း တစ်အိတ် ငွေကျပ် ၁၈၇၀၀၀ အထိ ပေါက်ဈေးဖြစ်ခဲ့သည်။ ယခုသီတင်းပတ်တွင် စက်သုံးဆီ ဈေးဆက်လက်မြင့်တက်မှုနှင့်အတူ ပြည်တွင်းတန်ဆာခများလည်း ဈေးမြင့်တက်လာခဲ့သည်။

 မြေပဲ
 မြေပဲဆန်အသစ်ကို အောင်လံ၊ ကျောက်ပန်းတောင်း၊ မကွေး၊ ရမည်းသင်း၊ တပ်ကုန်း၊ ပျော်ဘွယ် ဒေသများမှ စတင်ဝင်ရောက်လာ ရာ မြေပဲဆန်အမျိုးအစားအလိုက် ဈေးအနည်းငယ်ကျဆင်းခဲ့သည်။ ဩဂုတ် ၂၅ ရက်တွင် S၁ မြေပဲ လုံးဆန် တစ်ပိဿာ ငွေကျပ် ၆၄၀၀၊ အနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၆၄၀၀-၆၄၅၀၊ ဆီဆန် တစ်ပိဿာ ငွေကျပ် ၅၇၀၀-၅၈၀၀ ပေါက်ဈေးရှိသည်။ စားဆီ ဈေးကွက်တွင် အခြေခံရည်ညွှန်း ဈေးတစ်ပိဿာ ငွေကျပ် ၄၀၀၀ ကျော် သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေး တစ်ပိဿာငွေကျပ် ၁၀၀၀၀ ကျော် ပေါက်ဈေးရှိနေ သည်။မြေပဲဆီ တစ်ပိဿာငွေကျပ် ၁၃၅၀၀၊နှမ်းဆီတစ်ပိဿာ ငွေကျပ် ၁၀၀၀၀ ကျော်ပေါက်ဈေး ဖြစ် လာသည်။

ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးအနည်းငယ်ကျဆင်းလာသော် လည်း ပဲမာလိုင်းများမှာ ဈေးငြိမ် နေကြောင်း သိရသည်။ ဩဂုတ် ၂၅ ရက်တွင် ကုလားပဲ V2 တစ်အိတ်ငွေကျပ် ၁၉၅၀၀၀၊ပဲယင်း တစ်အိတ် ငွေကျပ် ၁၄၅၀၀၀၊ပဲကြီး တစ်အိတ်ငွေကျပ် ၂၃၅၀၀၀၊ ပဲထောပတ် တစ်အိတ် ငွေကျပ် ၁၆၀၀၀၀၊ စွန်တာပြာ တစ်အိတ် ငွေကျပ် ၁၄၅၀၀၀၊မြေထောက်ပဲ တစ်အိတ် ငွေကျပ် ၂၄၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်ငွေကျပ် ၄၀၀၀၀၀ အသီးသီးဈေးမြင့်တက် လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.