Home 2022 November

Month: <span>November 2022</span>

Post

မန္တလေးဈေးကွက်တွင် ကြက်သွန်နီအဟောင်းများ လက်ကျန် မရှိသလောက်နည်းပါးပြီး အသစ်များ ဝယ်လိုအားကောင်းနေ

ရွှေမန်း မန္တလေးဈေးကွက်တွင် ကြက် သွန်နီအဟောင်းများကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ပြည်ပ ဝယ်လိုအားကြောင့် လက်ကျန်မရှိ သလောက်နည်းပါးပြီး အသစ်များ မှာလည်း ဝယ်လိုအားကောင်းနေ သဖြင့် ဈေးကောင်းရနေကြောင်း မန္တလေးကြက်သွန်ပွဲရုံတစ်ခုမှ သိရ သည်။ ဗီယက်နမ်နှင့် မြ၀တီဘက်မှ ဝယ်လိုအားကြောင့် ကြက်သွန်အနီ အဟောင်းနှင့် အသစ်များ ဝယ်ယူ နေခြင်းနှင့် ယခုနှစ်တွင် အထွက် နှုန်းထက်ဝက်ခန့်လျော့နည်းနိုင် ခြင်းကြောင့် အသစ်ပေါ်ချိန်ဈေး ကောင်းရခြင်းဖြစ်သည်ဟု ဆိုသည်။ “ပြည်တွင်းစားသုံးတာက ပုံမှန်ပဲ။ ပြည်ပအဝယ်ကြောင့် ဈေး ကောင်းလာတယ်။ တောင်သူတွေ က ဒီဈေးကို ကြိုက်ကြတယ်။မထွက်သေးတဲ့ ဒေသတွေရှိသလို ထွက်သမျှဝယ်နေတော့ ဒီနှစ် အသစ် ပေါ်ချိန်ဈေးကောင်းတယ်လို့ ပြော ရမယ်။ အဟောင်းကလည်း ကုန် သလောက်ရှိနေပြီ ´´ ဟု ကြက်သွန်...

Post

အသစ်ဝင် နှမ်းမျိုးစုံဈေးကောင်းရ၊ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးကျဆင်းနေ

ရွှေမန်း အသစ်ဝင် နှမ်းမျိုးစုံ ဈေးကောင်း ရ၊ ပို့ကုန်ပဲများနှင့်အတူ ကုလားပဲ အုပ်စု ဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။အသစ်ဝင်နှမ်းမျိုးစုံဈေးကွက် မှာ အကောင်းဆုံးမဟုတ်သော် လည်း တစ်အိတ်ငွေကျပ် ၂၇၀၀၀၀ ထိရရှိနေကြောင်း၊ နှမ်းအဟောင်း များမှာ ပေါက်ဈေးကျဆင်းနေ ကြောင်း၊ မြေပဲဆန်ဈေးများလည်း ဈေးမြင့်တက်ခြင်းမရှိသော်လည်း အရောင်းအဝယ်ကောင်းနေကြောင်း ပြည်တွင်းလှောင်လက် အချို့တွင် သာ လက်ကျန်ပစ္စည်းရှိတော့တာ ကြောင့် ဈေးဆက်လက်မြင့်တက် နေခြင်းဖြစ်ကြောင်း ပဲ၊ နှမ်းများ ပို့ကုန်အကုန်အဖြစ် တင်ပို့ရာမှာ ဒေါ်လာဖြင့်သာ ပေးချေရန် သက် မှတ်ချက်က အဝယ်သမားများ အတွက် အခက်အခဲရှိကြောင်း၊ ပို့ကုန်ပဲများ အရောင်းအဝယ်အေး တာနှင့်အတူ ပြည်တွင်းသုံးကုလား ပဲ အုပ်စုလည်း ဈေးကျဆင်းနေ ကြောင်း ဦးကျော်သွင် (ရွှေစင် သိန်းပွဲရုံ)က...

Post
ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့် အရည်အသွေးကောင်းသစ်သီးများထုတ်လုပ်မှုစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ပို့ချ

ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့် အရည်အသွေးကောင်းသစ်သီးများထုတ်လုပ်မှုစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ပို့ချ

ရွှေမန်း ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့်အရည်အသွေးကောင်းသစ်သီးများထုတ်လုပ်မှုစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ကို စဉ့်ကိုင်မြို့နယ် ဆည်ရွာရှိ သဇင်နွယ်သရက်ခြံတွင် နိုဝင်ဘာ ၂၅ရက်မှ ၂၆ ရက်ထိဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ၊နေပြည်တော် မှသီးနှံကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်း က အဖွင့်အမှာစကားပြောကြာပြီး မန္တလေးတိုင်းဒေသကြီးတိုင်းဦးစီး ဦးတိုးမင်း ၊ သဇင်နွယ်သရက်ခြံပိုင်ရှင် တို့က သင်တန်းဖွင့်အမှာ စကားပြော သည်။ ထိုနောက် သင်တန်း ပို့ချပေးရာ ဒေါက်တာဝဏ္ဏထွန်း၊ ဒေါက်တာခင်ညွှန့်ရီ တို့က ပိုးရောဂါကာကွယ်နှိမ်နှင်းခြင်း၊GAP ရိတ်သိမ်းခူးဆွက်မှုနည်းပညာ ၊မြေဆီလွှာပြုပြင်မဥ ပိုးသက်ဆေးစနစ်တကျသုံးခြင်း စသည့်ဘာသာရက်များကို ပ်ို့ချပေးခဲ့ကြောင်းသိရသည်။ GAP စနစ်ဖြင့်သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း များအကြောင်း ၊ အော်ဂဲနစ်စိုက်ပျိုးရေးစနစ် ၊ ဈေးကွက်မြင့်တင်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်း၊ GAP အသိအမှတ်ပြုလက်မှတ်များ ရရှိ အောင် ဆောင်ရွက်ခြင်း ၊ အကြောင်းကို ဒေါက်တာဝဏ္ဏထွန်း...

Post
ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အေးနေသော်လည်း ပို့ကုန်ပဲများပုံမှန်သင်္ဘောတင် အဝယ်ရှိနေ

ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အေးနေသော်လည်း ပို့ကုန်ပဲများပုံမှန်သင်္ဘောတင် အဝယ်ရှိနေ

ရွှေမန်း ဒေါ်လာငွေဈေး တည်ငြိမ်နေ တာနှင့်အတူ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးအေးနေသော်လည်း ပို့ ကုန်ပဲများ ပုံမှန်သင်္ဘောတင် အဝယ် ရှိနေကြောင်း ပဲ၊ နှမ်း ကုန်သည် များထံက သိရသည်။ ဒေါ်လာငွေဈေး ငြိမ်နေတာ နှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခု လုံး ဈေးအေးနေကြောင်း၊ ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာလည်း ပုံမှန် သင်္ဘောတင်ရှိသော်လည်း အဝယ် အေးနေကြောင်း၊ အသစ်ဝင် နှမ်း နှင့် မြေပဲဆန်တို့မှာ ဈေးမြင့်တက် ခြင်းမရှိသော်လည်း ဈေးကွက် အတွင်း ဝင်သလောက် အဝယ်ရှိ နေကြောင်း၊ မကြာမီ ပဲအသစ် များ ပေါ်လာချိန်မှသာ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး လှုပ်လှုပ်ရှား ရှားဖြစ်လာမည်ဖြစ်ကြောင်း ဦးစိုး ဝင်းမြင့်(စိုးဝင်းမြင့်)ပွဲရုံက ပြော သည်။...

Post
သကြား အသစ်ပေါ်ချိန်ကြံရာသီ.ရောက်ရှိတော့မည်ဖြစ်တာကြောင့် ပြည်တွင်းသကြားဈေးတည်ငြိမ်နေ

သကြား အသစ်ပေါ်ချိန်ကြံရာသီ.ရောက်ရှိတော့မည်ဖြစ်တာကြောင့် ပြည်တွင်းသကြားဈေးတည်ငြိမ်နေ

ရွှေမန်း ပြည်တွင်းသကြားစက်များမှ ထုတ်လုပ်သည့်သကြားများကို ပြည်ပ သို့တင်ပို့မှုများနှင့် ပြည်တွင်းစားသုံးသူဈေး ကွက်သို့ ရောင်းချလျက်ရှိရာ သကြားအသစ် ပေါ်ချိန် ကြံရာသီ ရာက်ရှိတော့မည်ဖြစ်၍လက်ရှိသကြားဈေးထက် မြင့် တက်လာဖွယ် မရှိကြောင်းမြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “သကြားဈေးက ပြီးခဲ့တဲ့လတွေက တစ်ပိဿာကို ငွေကျပ်၂၅၀၀ ဝန်းကျင်ရှိခဲ့ရာက အနည်းငယ်ကျ ဆင်းလာ ပြီး တစ်ပိဿာငွေကျပ်၂၄၅၀ ဝန်းကျင်ဖြစ်လာတယ်။ခုဆိုရင် သကြားအသစ်တွေထွက်ပေါ်တော့မှာ ဖြစ်လို့ လက်ရှိဈေးထက် မြင့်တက်မယ့် အခြေအနေမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်”ဟု ၎င်းကပြောသည်။ လက်ရှိသကြားဈေးကွက်တွင် တစ်ပိဿာ ၂၄၅၀ ကျပ်ဖြစ်ပြီး ယင်းဈေးထက် ကျဆင်းလျင်လည်း အနည်းငယ် သာအပြောင်းအလဲရှိနိုင်ပြီး လာမည့်ဒီဇင်ဘာလကုန်တွင် စက်ရုံမှ သကြားအသစ်များထွက်ရှိလာတော့မည်ဖြစ် ကြောင်း၊၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် သကြားဈေးမှာတစ်ပိဿာငွေကျပ် ၂၀၀၀ ဝန်းကျင်ရှိခဲ့ရာက လက်ရှိ တွင် ၂၄၅၀ကျပ်...

Post
တရုတ် နိုင်ငံ တဟုန်ကုန်သည်ကြီးများအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများ အသင်းတို့ နှစ်နိုင်ငံ ကုန်သွယ်ရေးမြင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည်

တရုတ် နိုင်ငံ တဟုန်ကုန်သည်ကြီးများအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများ အသင်းတို့ နှစ်နိုင်ငံ ကုန်သွယ်ရေးမြင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည်

ရွှေမန်း တရုတ်-မြန်မာကုန်သွယ်ရေးလုပ်ငန်းများ ယခင်ထက်ကျဆင်းလျက်ရှိရာ ကိုဗစ်ရောဂါပိုးထိန်းချုပ်မှု များနှင့် အတူကုန်သွယ်မှုပြုနေခြင်းဖြစ်ရာ လက်ရှိကာလတွင် ကုန်သွယ်မှုပြန်လည်မြင့်တင်နိုင်ရန် နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်းများ က အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်သဘောတူ ခဲ့ကြောင်း သိရသည်။ ယင်းသဘောညီချက်အရ နှစ်နိုင်ငံကုန်သည်ကြီးများ ဖြစ်ပေါ်နေသည့် အခက်အခဲများ ကုန်သည်အသင်းအသီးသီး သက်ဆိုင်ရာနိုင်ငံ ကုန်သွယ်ရေးရာအပါအဝင်ဌာနဆိုင်တာဝန်ရှိသူများထံ အပြန်အလှန်အကူအညီပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် ဆက်ဆံရေးရုံး အခြေစိုက်ထားရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းဌေးက ပြောသည်။ “ နှစ်နီုင်ငံကုန်သည်အသင်းအချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်မယ့်ကိုယ်စားလှယ်ရုံးထားရှိပါမယ်။ ကုန်သည်ကိစ္စတွေ အပြန်အလှန်ချက်ချင်းဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်အတွက် ပါ။ မြန်မာနိုင်ငံ ကုန်သည်တွေ အခက်အခဲဖြစ်တာတွေကို သူ့တို့ဖက်က အစိုးရဆီတင်ပြပြီး အဆင်ပြေအောင် ကူညီပေးမယ်။ တရုတ်ကုန်သည်တွေ အဆင်မပြေဖြစ်နေတာကိုလည်း အပြန်အလှ န်အကူ အညီပေးရေး အတွက်ဆောင်ရွက်ဖြေရှင်းသွားမှာပါ။မြေပြင်အခြေအနေတွေနဲ့ နှစ်နိုင်ငံ ကုန်သွယ် ရေးမူဝါဒတွေနဲ့...

Post
ဆေးမြီးတိုဖြင့် ကုမရ သည့်ရောဂါ

ဆေးမြီးတိုဖြင့် ကုမရ သည့်ရောဂါ

တင်လင်းဇော် ကျွန်တော်သည် ဝါသနာနှင့် ရည်မှန်းချက် တစ်ထပ်တည်းကျသူဖြစ်ပါသည်။ ကျောင်းဆရာ,စာရေးဆရာဖြစ်ချင်သည်။ ဖြစ်နေရပြီ။ ကျောင်းဆရာ ဘဝမှာ တစ်သက်လုံး စာသင်ကြားသူသာဖြစ်သည်။ အုပ်ချုပ်,စီမံ,ခန့်ခွဲရသော ကျောင်းအုပ် စသည် အကြာကြီးမလုပ်ခဲ့ရ။ သင်ကြားရေးမှာသာ အနေကြာခဲ့သည်။ တွဲဖက် ဆရာ ၄ နှစ်၊ အစိုးရဆရာ ၃၆ နှစ် ။ စုစုပေါင်း လုပ်သက် ၄၀ စာသင်ခဲ့သည်။ အခုအငြိမ်းစားယူပြီးလည်း စာသင်နေဆဲဖြစ်သည်။ ၆နှစ်ရှိပြီ။ သို့အတွက် စာသင်နှစ် မှာ ရွှေရတုနီးခဲ့ပါပြီ။ သည်ကာလတစ်လျှောက်လုံး မြန်မာစာချည်းသင်ပေးခဲ့ပါသည်။ စာရေးဆရာ ဖြစ်တော့လည်း မြန်မာစာအခြေခိုင်ရေးဆိုင်ရာ ကဗျာ၊ဆောင်းပါး တွေသာ အရေးများခဲ့ပါသည်။တေဇ ရုပ်စုံမှာ မြန်မာ ဝေါဟာရ ဆိုင်ရာ ကဗျာတွေချည်း ပုဒ်ရေ ၁၀၀ ကျော်နေပြီ။ အခုလည်း လစဉ်ရေးနေဆဲဖြစ်သည် ။...