Home 2022 August

Month: <span>August 2022</span>

Post
ပို့ကုန်ရငွေဒေါ်လာငွေတန်ဖိုးမြင့်တက်လာနှင့်အတူ အိန္ဒိယပဲလိုအပ်ချက်မြင့်မားနေတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာ

ပို့ကုန်ရငွေဒေါ်လာငွေတန်ဖိုးမြင့်တက်လာနှင့်အတူ အိန္ဒိယပဲလိုအပ်ချက်မြင့်မားနေတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာ

ရွှေမန်း ပို့ကုန်ရငွေဒေါ်လာငွေတန်ဖိုးမြင့်တက်လာနှင့်အတူ အိန္ဒိယပဲလိုအပ်ချက်မြင့်မားနေတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။နိုင်ငံခြားငွေ လဲလှယ်နှုန်းမြင့်တက်လာသလို အိန္ဒိယပဲဝယ်လိုအား FOB ပဲဈေးနှုန်းမြင့်တက်လာတာကြောင့် ချက်ခြင်းဆိုသလို ပြည်တွင်းပို့ကုန် မတ်ပဲ ၊ပဲစင်းငုံများ တစ်အိတ်ကျပ် ၁၅၀၀၀-၂၀၀၀၀ ဈေးမြင့်တက်လာပြီး ပဲဈေးကွက်အတွင်း အရောင်းအဝယ်သွယ်လာကြောင်း၊ ပြည်တွင်းသုံးကုလားပဲများလည်း လက်ကျန်နည်းလာသလို လိုက်ပါဈေးမြင့်တက်လာကြောင်း ပြည်တွင်းဆီစားသုံးမှုက မြေပဲဆီစားသုံးမှုကို ပိုမိုများပြားလာတာကြောင်းလည်း အသစ်ဝင်မြေပဲတွေရှိမှာ ဈေးကောင်းရရှိနေကြောင်း ပြည်တွင်းသုံးပဲမာလိုင်းများကတော့ အမြင့်ဈေးနဲ့ အရောင်းအဝယ်ပုံမှန်သာ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။“ ပို့ကုန်ရငွေ ဒေါ်လာငွေလဲလှယ်မှု တန်ဖိုးမြင့်တက်လာတာနှင့်အတူ အိန္ဒိယ ပဲဝယ်လိုအားကောင်းအားက FOB ဈေးမြင့်တက်လာတာခြင်းက လည်း ပြည်တွင်း ပို့ကုန်ပဲ ဈေးတွေ တစ်ပတ်အတွင်း ပဲဈေးတွေ မြင့်တက်လာပါတယ်။ ပဲစင်းငုံ...

Post
ထိုင်းနိုင်ငံသို့တင်ပို့နိုင်သည့် လက်ကျန်ရက်များတွင် အမြန်ဆုံးတင်ပို့နိုင်ပါက ပြည်တွင်းပြောင်းလက်ကျန်ပြောင်းများ အတွက်အဆင်ပြေနိုင်မည်

ထိုင်းနိုင်ငံသို့တင်ပို့နိုင်သည့် လက်ကျန်ရက်များတွင် အမြန်ဆုံးတင်ပို့နိုင်ပါက ပြည်တွင်းပြောင်းလက်ကျန်ပြောင်းများ အတွက်အဆင်ပြေနိုင်မည်

ရွှေမန်း ထိုင်းနိုင်ငံသို့တင်ပို့နိုင်သည့် လက်ကျန်ရက်များတွင် အမြန်ဆုံးတင်ပို့နိုင်ပါက ပြည်တွင်း ပြောင်းလက်ကျန်ပြောင်းများ အတွက်အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြောင်းလုပ်ငန်းရှင်များ ထံ က သိရသည်။ ပြည်တွင်းပြောင်းလက်ကျန်မှာ သြဂုတ်လဆန်းပိုင်းထိ ပြောင်းတန်ချိန် ၂၂၀၀၀၀ ကျော် အိတ်ရေ သိန်း ၄၀-၅၀ ခန့် ကျန်ရှိနေသေးကြောင်း ပြည်တွင်းဒေါ်လာဈေး ၂၀၁၀ ကျပ် သို့ အပြောင်းအလဲ သက်မှတ်ချက် ကြောင့် ပြောင်းဈေးပြန်လည်မြင့်တက်လာသော်လည်း ယခင်ပြောင်းဈေး တစ်ပိဿာကျပ် ၁၀၀၀ကျော်သို့ မရောက်ရှိသေးကြောင်း ပို့ကုန်လိုင်စင်များ အမြန်ဆုံး ရရှိတင်ပို့နိုင်မှသာ လက်ကျန်ပြောင်းဈေးကွက်ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းအသင်း ဒုတိယဥက္ကဌ ဦးသန့်ဇင်ထွန်း ကပြောသည်။ “သြဂုတ်လဆန်းပိုင်းထိ ပြောင်းတန်ချိန် နှစ်သိန်း နှစ်သောင်းကျော် ပြောင်းတစ်တင်းခွဲအိတ် သိန်း ၄၀-၅၀ကြားလောက်ကျန်ရှိနေပါတယ်။ ဒေါ်လာဈေးအပြောင်းအလဲရှိလာတော့ ပြောင်းဈေးမြင့် တက်လာပါတယ်။ ပြည်တွင်းအစာစက်တွေကလည်း ထိုက်သင့်တဲ့ဈေးနဲ့ ပြောင်းဈေးမြှင့်...

Post
ပြည်တွင်းစားသုံးမှု များသည့် ဆန်အမျိုးအစားများဝယ်လိုအားကောင်းလာတာကြောင့် စျေးမြင့်တက်လာ

ပြည်တွင်းစားသုံးမှု များသည့် ဆန်အမျိုးအစားများဝယ်လိုအားကောင်းလာတာကြောင့် စျေးမြင့်တက်လာ

ရွှေမန်း ပြည်တွင်းစားသုံးမှုများသည့် ဆန်ဈေးကွက်တွင် ဇူလိုင် လဆန်းနောက်ပိုင်း ဆန်ဝယ်လိုအားကောင်းလာပြီး လက်ကျန်စပါးဟောင်းလျော့ နည်းလာတာ ကြောင့် ဆန်ဈေးမြင့်တက်လာခဲ့ရာ ရွှေဘိုပေါ်ဆန်း(ဘေးကြား)သည် ဈေးမြင့်တက်သွားခဲ့ကြောင်း သိရသည်။ အထူးသဖြင့် မန္တလေးတွင် ဆန်ဝယ်ယူမှုများလာပြီးအခြားဆန်ဈေးနှုန်းများမှာ ၂၄ ပြည်တစ်အိတ်လျင် ပျမ်းမျှ ကျပ်၂၀၀၀ မှ ကျပ် ၅၀၀၀ ခန့်ထိ ဈေးမြင့်ခဲ့ပြီး လက်ရှိစားသုံးသူဈေးကွက်တွင် ဝယ်လိုအား ကောင်းနေကြောင်းသိရသည်။ “ပြီးခဲ့တဲ့ မိုးမှာ စိုက်တဲ့ မိုးစပါးလည်း တောင်သူလက်ထဲမှာ လက်ကျန်နည်းလာပြီ။ ဝယ်လို အားကောင်း လာချိန်မှာ စပါးအဟောင်းရှားလာတာကြောင့် ဆန်ဈေးတက်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်” ဟု ဆန်စပါး ကုန်သည် ဦးကြိုင်က ပြောသည်။ လက်ရှိဆန်ဈေးကွက်တွင်ဆန်တစ်ပိုင်းလျင် ရွှေဘိုပေါ်ဆန်း(ဘေးကြား)မှာ ယခင်လက ၆၂၀၀၀ ကျပ်ရှိရာက ကျပ်တစ်သောင်း ကျော်၊ မဂျမ်း(ထူးရှယ်)မှာ ကျပ်...

Post
ပြည်တွင်းပဲဈေးကွက်တွင် မြေပဲဆန်တစ်မျိုးတည်းသာ စံချိန်တင် ဆက်လက် မြင့်တက်နေ

ပြည်တွင်းပဲဈေးကွက်တွင် မြေပဲဆန်တစ်မျိုးတည်းသာ စံချိန်တင် ဆက်လက် မြင့်တက်နေ

ရွှေမန်း ပြည်တွင်း ပဲဈေးကွက်တွင် မြေပဲဆန်တစ်မျိုးတည်းသာ စံချိန် တင် ဆက်လက် မြင့်တက်နေပြီး ကျန်ပို့ကုန်ပဲများ အနည်းငယ်သာ ဈေးမြင့်တက်နေကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။ ပြည်တွင်း ကုလားပဲအုပ်စုဝင် ဗွီတူးကုလားပဲများမှာ နယ်အဝယ် မြင့်တက်လာတာကြောင့် ဈေး မြင့်တက်နေပြီး သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၁၆၂၀၀၀ ပေါက်ဈေးဖြစ်လာကြောင်း၊ပြည်တွင်း စားဆီဈေးမြင့်တက်နေမှု နှင့်အတူ လက်ကျန်နည်းလာသည့် မြေပဲ လုံးဆန်မှာ တစ်ပိဿာ ငွေကျပ် ၆၃၀၀ အထိ စံချိန်တင် ဈေးမြင့် တက်လာသည်။ အခြားပို့ကုန်ပဲ များဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံတို့မှာ ဈေးအနည်းငယ်သာ မြင့်တက် လာကြောင်းနှင့် ပဲမာလိုင်းများ မှာ ဈေးငြိမ်နေကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်...

Post
ကိုဗစ်နဲ့ တိုက်တန်းနစ်

ကိုဗစ်နဲ့ တိုက်တန်းနစ်

ကောင်းဇာ် ကိုဗစ်ဖြစ်ခဲ့တဲ့သူဟာ တိုက်တန်းနစ်သင်္ဘောပေါ်မှာ လိုက်ပါ စီးနင်းမိတဲ့သူလိုပါပဲ။သက်သာပျောက်ကင်းလာတဲ့သူ့ကို သင်္ဘောဦးမှာ ချစ်သူနဲ့အတူ လက်နှစ်ဖက်ဆန့်ရင်း ပျော်နေသူလို့ အများအမြင်မှာ မြင်ချင်မြင်နေနိုင်ပါတယ်။အမှန်တကယ်က ရေခဲတောင်ထိပ်ပိုင်းနဲ့ တိုက်မိပြီး စီးပွားရေး၊ကျန်းမာရေးသင်္ဘောကြီးပျက်ကာ သမုဒ္ဒရာထဲ လက်ပစ်ကူးနေရတယ်လို့ ထင်မှာ မဟုတ်ပါဘူး။တကယ်က အချိန်မရွေး နစ်မြုပ်သွားနိုင်သူတွေပါ။ “ခုဆို ကိုဗစ်သံကြားရင် ကိုယ့်ရှေ့မှာ လဲနေခဲ့တဲ့ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ကိုယ့်သမီးလေးကို ပြန် မြင်တယ်။ နောက်တကြိမ်ထပ်ဖြစ်ဖို့ လူအား ငွေအား အစစ ခံနိုင်ရည်အား မရှိတော့။ လူတိုင်း လူတိုင်းအတွက် စိုးရိမ်တယ်။ တကယ်တန်းဖြစ်ရင် တကယ်မလွယ်ပါ။ အတတ်နိင်ဆုံး မဖြစ်အောင် ကြိုးစားကာကွယ်ရမှာပါပဲ”လို့ ကိုဗစ်တတိယလှိုင်း delta မှာ သမီးလေးနဲ့အတူ အောက်ဆီဂျင် (၄၂)ရက် ရှူခဲ့ရတဲ့ မိခင်ဖြစ်သူ(ဒေါ်သူဇာ)က အခုထက်ထိခံစားနေရဆဲ စိုးရိမ်ပူပန်မှုနဲ့ အတူ ပြောပြပါတယ်။ကိုဗစ်လှိုင်းတွေမှာ ပရဟိတလုပ်ငန်းကို...

Post
ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လက်ရှိဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂ သန်း တင်ပို့သွားမည်

ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လက်ရှိဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂ သန်း တင်ပို့သွားမည်

ရွှေမန်း ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လက်ရှိဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂ သန်း တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲ တင်ပို့ရောင်းချမှု ရပ်တန့်နေခြင်းမရှိဘဲ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌဦးရဲမင်းအောင်က ‘‘ပုံမှန်အားဖြင့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေဟာ ဆန်ပြည်ပတင်ပို့မှု သာမန်အချိန်တွေထက် လျော့နည်းပြီး အထူးသဖြင့် ပွင့်လင်းရာသီကာလတွေဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကနေပြီးတော့မတ်၊ ဧပြီ၊ မေလတွေမှာ ပြည်ပတင်ပို့မှုများပါတယ်’’လို့ ၎င်းက ပြောသည်။ MRF အနေဖြင့် လစဉ်တန်ချိန် ၂ သိန်းခန့် ပြည်ပကို တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ဇွန်လမှာ ဆန်/ဆန်ကွဲတန်ချိန် ၁ သိန်းခွဲနှင့် ဇူလိုင်လမှာ တန်ချိန် ၁ သိန်း ၈ သောင်းအထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိ ပြည်ပကို...

Post
ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသည့် ပြောင်းတန် သုံးသိန်း ပြောင်းအိတ်ပေါင်း သန်း ၆၀ ခန့် ပြောင်းကုန်သည်များထံ ကျန်ရှိနေ

ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသည့် ပြောင်းတန် သုံးသိန်း ပြောင်းအိတ်ပေါင်း သန်း ၆၀ ခန့် ပြောင်းကုန်သည်များထံ ကျန်ရှိနေ

ရွှေမန်း ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသည့် ပြောင်းတန် သုံးသိန်း ပြောင်းအိတ်ပေါင်း သန်း ၆၀ ခန့် ပြောင်းကုန်သည်များထံ ကျန်ရှိနေ ကြောင်း ပြောင်းလုပ်ငန်းရှင်များထံက သိရသည်။ ပြောင်းတင်ပို့မှုနှင့်ပတ်သက်၍ ပို့ကုန်မှုဝါဒ၊ အခွန်ဆောင်ခြင်းနှင့်အတူ ငွေလဲလှယ်နှုန်းကွာခြားချက်များကြောင့် ပင်လယ်ရေကြောင်း FOB သင်္ဘောတင်ပို့ခြင်း ၊ မြဝတီနယ်စပ်မှတင်ပို့ခြင်း ၊တရုတ်နိုင်ငံသို့ GACC လမ်းကြောင်း မှ တင်ပို့နိုင်ရန် စီစဉ်ခြင်းများမှာ လည်းတင်ပို့နိုင်ခြင်းမရှိသေးတာကြောင့် ပြည်တွင်း ပြောင်းကုန်သည်များလက်ဝယ် ပြောင်းတန်ချိန် သုံးသိန်းကျော် အိတ်ရေ သန်း ၆၀ ခန့် ကျန်ရှိနေသေးကြောင်း မြန်မာနိုင်ငံ ပြောင်းအသင်းမှ ဒုတိယဥက္ကဌ ဦးသန့်စင်ထွန်း ကပြောသည်။ “ ပြောင်းတင်ပို့မှု ရပ်ထားရလို့ ခန့်မှန်းခြေ တန်ချိန် သုံးကျော်လောက်ကျန်နေပါတယ်။သုံးတင်းဝင်အိတ်ရေ အိတ်ရေ သန်း ၆၀ လောက်ကျန်တာပေါ့။ ရှမ်းမြောက်ဒေသမှာ အများဆုံးကျန်ရှိပါတယ်။ပြောင်းအသစ်တွေကလည်း...

  • 1
  • 2