Home 2022 July

Month: <span>July 2022</span>

Post
မိုးစပါးဆန်(ဆန်ဟောင်း)လက်ကျန်နည်းလာသဖြင့် အောက်တိုဘာလတွင် ဈေးတက်နိုင်ဖွယ်ရှိ

မိုးစပါးဆန်(ဆန်ဟောင်း)လက်ကျန်နည်းလာသဖြင့် အောက်တိုဘာလတွင် ဈေးတက်နိုင်ဖွယ်ရှိ

ရွှေမန်း ယခုလတွင် Export တင်ပို့သည့် ဆန်/ဆန်ကွဲ အကျဘက်ရှိနေပြီးဈေးကွက်အေးနေချိန်တွင် မိုးစပါးလက်ကျန် မှာ ပြည်တွင်းစားသုံးမှု ဆန်ဟောင်းဝယ်လိုအားဖြည့်ဆည်းပေးနိုင်ရန် ယခင်နှစ် ကာလတူနှိုင်းယှဉ်ပါက လက် ကျန် နည်းပါးနေသဖြင့် လာမည့်အောက်တိုဘာတွင် ဈေးတက်နိုင်ဖွယ်ရှိ ကြောင်း ဆန်ကုန်သည်များထံ က သိရသည်။“၂၀၂၁ ၊မိုးစပါးသုခဆန်က ပြည်တွင်းမှာ စားသုံးမှုအများဆုံးဖြစ်ပြီး အရောင်းအ၀ယ် ဖြစ်နေတယ်။ Export ဆန်ဈေးအကျဘက်ရှိပေမယ့် ပြည်တွင်းစားသုံးတဲ့ ဆန်ဈေးမကျနိုင်ဘူး။လက်ရှိမှာ မိုးစပါး လက်ကျန်က ကာလ တူနှိုင်းယှဉ်ရင် အများကြီးလျော့နေလို့ပါ။ညောင်လေးပင်မှာ မိုးစပါးသုခက တင်းတစ်ရာကို လက်လီ ဈေးကျပ်တစ်သောင်း ပြန်တက်တယ်” ဟု ဆန်ကုန်သည် ဦးကြိုင် ကပြောသည်။ ပြီးခဲ့သည့် လများက မိုးစပါး လုံးတီးဆန်များ အရောင်းအ၀ယ်သွက်ခဲ့ရာက လက်ကျန်ပစ္စည်းနည်းသွားချိန်တွင် စားသုံးသူဝယ်လိုအားကြောင့် ဈေးမြင့်တက်လာဖွယ်ရှိ ကြောင်း၊ မကြာမီ ၂၀၂၂...

Post
ပဲမျိုးစုံဈေးကွက်မှာ ပုံမှန်မဟုတ်သည့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေ

ပဲမျိုးစုံဈေးကွက်မှာ ပုံမှန်မဟုတ်သည့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေ

ရွှေမန်း ပဲမျိုးစုံဈေးကွက် မှာ ဒေါ်လာဈေး ကုန်သွယ်ရေးမှုဝါဒ အပြောင်းအလဲကြောင့် ဈေးကွက် အတွင်း ပဲ၊ နှမ်း အားလုံး ဈေးမြင့်တက်လာ သည့်အပြင် လက်ကျန်နည်းလာသည့် ပို့ကုန်ပဲများ တစ်နေ့တစ်ဈေး ဖြစ်နေကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။ ကုန်သွယ်ရေးမှုဝါဒမှာ ဒေါ်လာငွေ သက်မှတ်ချက် အပြင် ငွေပေးချေးမှု တင်ပို့မှုဆိုင်ရာ လိုင်စင် တစ်ခေါက်ခြင်း လျှောက်ထားရမှုတို့ကြောင့် ပဲ၊နှမ်းဈေးကွက် ၂ ရက်ခန့် အရောင်းအဝယ် ရပ်ဆိုင်းလုဖြစ်သွားပြီးနောက် ပစ္စည်းလက်ဝယ်ရှိသူများမှာ ပြင်ပဒေါ်လာဈေး ပေါ်မှုတည်ပြီး ပုံမှန်ထက်ဈေးမြင့်တက်လာကြောင်း ကြိုက်ဈေးရမှသာရောင်းချသည့်ပုံစံဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။ “ ပဲ၊နှမ်းဈေးကွက်ကတော့ အကုန် အတက်ဈေးတွေဖြစ်နေပါတယ်။ မြေပဲဆန်ဆိုရင် တစ်ပိသာကျပ် ၅၀၀၀ ကျော်နေတယ်။ ကုလားပဲဆိုရင်လည်း ထိုင်ဝမ်ပဲက...

Post
GW-18 အဆင့််မြင့်အထွက်တိုးမျိုးကောင်းမျိုးသန့် စမ်းသပ် စပါးမျိုး စံကွက်ရိတ်သိမ်းရာ စပါးတင်း ၁၇၇ ကျော်ထွက်ရှိ

GW-18 အဆင့််မြင့်အထွက်တိုးမျိုးကောင်းမျိုးသန့် စမ်းသပ် စပါးမျိုး စံကွက်ရိတ်သိမ်းရာ စပါးတင်း ၁၇၇ ကျော်ထွက်ရှိ

ရွှေမန်း မန္တလေးတိုင်းဒေသကြီး ပုသိပ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာ တွင် ဇူလိုင် ၁၆ ရက်နေ့က စံကွက်ရိတ်သိမ်းပွဲပြုလုပ်ရာ GW-18 အဆင့်မြင့်အထွက်တိုးစပါးမျိုး မှာ တစ်ဧက တင်း ၁၇၇.၅၀ တင်းထွက်ရှိကြောင်းသိရသည်။ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသတိုင်းဦးစီးမှူး ဦးတိုးမင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဆွေ ၊ခရိုင်၊မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ ၊တောင်သူများတက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။ တောင်သူများအနေဖြင့် နွေးစပါး၊မိုးစပါးစိုက်ပျိုးရာတွင် သွင်းအားစုများအပါအဝင်၊ စက်သုံးဆီဈေးများ လုပ်အားခ များ သယ်ယူစရိတ်များကြီးမြင့်နေချိန်တွင် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ ကာမိစေရန် ဈေးကွက်မှာ ဈေးကောင်းရရှိပြီး အထွက်နှုန်းမြင့်မားသည့် အထွက်တိုးစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း တိုင်းဦးစီးမှူး ဦးတိုးမင်းက ပြောသည်။ ပုသိမ်ကြီးမြို့နယ် အတွင်း စမ်းသပ်စိုက်ပျိုးထားသောသက်မှတ်စံချိန်စံညွှန်းအတိုင်း GW-18 မျိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၏ စံကွက်ရိတ်သိမ်းမှု အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် နွေစပါးစံ ကွက် ရိတ်သိမ်းမှုရာတွင် ဝန်ကြီးဌာန၏ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီချိန်တွယ်ချက်ရာ...

Post
မတည်ငြိမ်သည့် စက်သုံးဆီဈေး အတက်ဘက်သို့ ဦးမော့လာပြန်

မတည်ငြိမ်သည့် စက်သုံးဆီဈေး အတက်ဘက်သို့ ဦးမော့လာပြန်

ရွှေမန်း ယခုရက်ပိုင်းမှာ လှုပ်လှုပ်ခပ်ခပ် ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ယနေ့ (ဇူလိုင် ၂၀) မှာတော့ အတက်ဘက်ကို ပြန်လည်ဦးမော့လာခဲ့ပြီး အောက်တိန်း ၉၂ တစ်လီတာပေါက်ဈေး ၁၈၀၀ ကျပ် ပြန်ဖြစ်လာသည်။ စက်သုံးဆီဖြန့်ဖြူးမှု ကွင်းဆက်တစ်ခုလုံးကို ဟန်ချက်ညီစွာ ထိန်းညှိနေတယ်လို့ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လဆန်းပိုင်းမှာ ပြောကြားထားသော်လည်း ၁၇၀၀ ကျပ်အထိ ထိုးဆင်းခဲ့တဲ့ ဆီဈေးနှုန်းက ၄ ရက်အတွင်း ၁၈၀၀ ကျပ်ကို ပြန်လည်မြင့်တက်လာသည်။ ဒါ့ကြောင့် စက်သုံးဆီသုံးစွဲသူတွေအနေနှင့် ဧပြီလနောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၁၇၀၀ ကျပ်နဲ့ ရက်အနည်းငယ်သာ ဝယ်ယူခွင့်ရရှိခဲ့ပြီး ၄ ရက်အတွင်း တစ်လီတာ ကျပ် ၁၀၀ ခန့် ရုပ်ချည်းဆိုသလို မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ စက်သုံးဆီအရောင်းဆိုင်တွေ မှီငြမ်းကာ ဈေးဖွင့်ရတဲ့...

Post
လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို (GACC) တွင် မှတ်ပုံတင်ကာ တရုတ်နိုင်ငံသို့တင်ပို့မည်

လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို (GACC) တွင် မှတ်ပုံတင်ကာ တရုတ်နိုင်ငံသို့တင်ပို့မည်

ရွှေမန်း လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင်မှတ်ပုံတင်ကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ကသိရသည်။“လာမယ့်ပြောင်းရာသီက စက်တင်ဘာလဆိုရင်စပါပြီ။ GACC ကတော့မြန်မာနိုင်ငံ ဘက်ကနေ ပထမအသုတ် ၈၆ ကုမ္ပဏီ၊ ဒုတိယအသုတ် ၂၂ ကုမ္ပဏီက Register လုပ်ပြီးသွားပြီ။ သတ်မှတ်ချက် အောင်မြင်တယ်လို့လည်း သိရပါတယ်’’ ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။မြန်မာနိုင်ငံမှ အစေ့ထုတ်ပြောင်းများအား တရုတ်နိုင်ငံ သို့တင်ပို့နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့သဘောတူညီမှုရရှိ ထားပြီးဖြစ် ကြောင်း သိရသည်။ ပြောင်းဖူးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်မှုရှိသော ရှမ်းပြည်နယ်မှ ပြောင်းဖူးများကို တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

Post
ဘီစကစ်နဲ့ သရက်သီး

ဘီစကစ်နဲ့ သရက်သီး

(တောင်ရောက်၊ မြောက်ရောက် ဘယ်မှမရောက်သူ့ အတွေး) အသက်ကြီးလာတော့ နေ့စဉ်အချိန်ဇယားထဲ မြေးတွေမြစ်တွေအတွက်ပါ ပိုထဲ့တွက်တွေးရတယ်။ကိုယ့်အတွက် မနက်စာကို ထမင်းကြမ်းနဲ့ အကြော်တစ်ခု၊ နှစ်ခုနဲ့ စားတဲ့အခါစား။ ဒါမှမဟုတ် စားတော်ပဲပြုတ်နဲ့ စားတဲ့အခါစား ဖြစ်တယ်။ ထမင်းကြမ်းကို ဆီမပါ၊ ဆားမပါ အကြော်နဲ့တင် အလွတ်စားတာ အတော် ရင်အေးတယ်။ စားတော်ပဲပြုတ်နဲ့ဆို ဆီ၊ ဆား၊ ကြက်သွန်နီတို့ ထပ်ပြီး အပိုဆာဒါး လိုဦးမယ်။ကိုယ်တိုင် သိပ်မစားပေမယ့် ဘီစကစ်ဖြစ်ဖြစ်၊ အချိုခဲလေးဖြစ်ဖြစ် ဆောင်ထားရတယ်။ ဘီစကစ်က အဘွားတို့၊ အမေတို့ရှိတုန်းက သူတို့သွားရည်စာလို၊ အဆာပြေစာလို နေ့လည်တို့ မနက်တို့မှာ မြုံ့နေတတ်တဲ့ အစာပေါ့။မနက်စောစော မြေးက အဘိုး ဘီကစစ်(ဘီစကစ်ကို မြေးက ဘီကစစ်တဲ့၊ ပြင်ပေးလည်း မရသေးဘူး။ အသက်ကြီးလည်း၊ နိုင်ငံခြားရောက်လည်း မကွေးသားတွေ ဘီစကွတ်လို့...

Post
ကုန်သွယ်မှုမှ ပို့ကုန်ရငွေ ဒေါ်လာငွေသက်မှတ်ချက်က အခြား ယွမ်၊ဘတ် ငွေလဲနှှုန်းထက်နှိမ့်ကျနေတာကြောင့် ပဲ၊နှမ်းဈေးကွက်ကျဆင်းနေ

ကုန်သွယ်မှုမှ ပို့ကုန်ရငွေ ဒေါ်လာငွေသက်မှတ်ချက်က အခြား ယွမ်၊ဘတ် ငွေလဲနှှုန်းထက်နှိမ့်ကျနေတာကြောင့် ပဲ၊နှမ်းဈေးကွက်ကျဆင်းနေ

ရွှေမန်း နယ်စပ်ကုန်သွယ်မှုနှင့် ပုံမှန်ကုန်သွယ်မှု အတွက် ဒေါ်လာငွေ သက်မှတ်ချက်က အခြား ယွမ်၊ ဘတ် ငွေလဲနှုန်းထက် နှိမ့်ကျနေတာကြောင့် ပို့ကုန် ပဲ၊နှမ်းဈေးကွက် ကျဆင်းနေ ကြောင်း ပဲ၊ နှမ်း ၊ပြောင်း ကုန်သည်များထံ ကသိရသည်။ တရုတ်ပို့ကုန်ပဲများ ဈေးကျဆင်းနေပြီး နယ်စပ်ပို့ကုန်ဆိုင်ရာ မူဝါဒ အပြောင်းအလဲကြောင့် ကုန်သည့်များ ဒေါ်လာလဲလှယ်ရာတွင် ငွေလဲ နှုန်းသက်မှတ်ချက် ၁၈၅၀ ကျပ် သက်မှတ်ချက်က အခြား ယွမ် ၊ဘတ် ဖြင့် လဲလှယ်ရာထက် နှိမ့်ကျနေတာကြောင့် ပို့ကုန်သမားများ အရှုံးပေါ်တာ ကြောင့် ပဲနှမ်းဈေးကွက်မှာ ဈေးကျဆင်းမှုများနှင့်အတူ အရောင်းအဝယ် အေးသွားကြောင်း ၊ထိုပြင် ပို့ကုန်လိုင်စင် ပြန်လည်လျှောက်ထားရမည့် အခြေအနေနှင့် ငွေလဲလှယ်နှုန်းကွာဟချက်က ကုန်သည်များ အတွက် အဆင်မပြေဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု...

Post
ကိုဗစ်သည် ဒေဝေါ မဟုတ်

ကိုဗစ်သည် ဒေဝေါ မဟုတ်

ကောင်းဇော် ကိုဗစ်က ဒေဝေါကြီးလာတော့မယ်၊ ဒေဝေါကြီး လာတော့မယ် ဆိုပြီး ကလေးတွေကို ဘာမှန်း မသိ၊ ညာမှန်းမသိ ခြောက်လှန့်နေတဲ့ အရာမဟုတ်ဘူး။လာပြီဆို တကယ်လာမှာ။ တကယ်အန္တရာယ်ပေးမှာ။ကလေးတွေတင်မက လူကြီးတွေပါ အန္တရာယ်ပေးမှာ။ပြည်သူတွေတတ်နိုင်တာကလည်း ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေ သုံးဖို့ပဲ တတ်နိုင်တာ။ပြောရပေါင်းများလို့ လက်‌လည်းပေါက်၊ အာလည်းပေါက်နေပြီ။နှာခေါင်းစည်း(Mask)တပ်ပါ။ အမြဲတပ်ပါ။ အခုအချိန်က စပြီး အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်တဲ့ အလေ့အထ ပြန်ကျင့်သုံးပါ။လက်ကို စင်ကြယ်အောင် ဆေးပါ။ စိတ်ကို စင်ကြယ်အောင် ဆေးဖို့လိုတဲ့သူတွေကျ ဘယ်လိုပြောမလဲ အထွန့် မတက်ပါနဲ့။အပြင်က ပြန်လာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးပါ။လူတဦးနဲ့တဦး ကိုဗစ်စည်းကမ်းတွေနဲ့အညီ ခပ်ခွာခွာနေပါ။ အန္တရာယ်တွေကြားမှာ နေတတ်ပါ။ မလိုအပ်ရင် လူများတဲ့ နေရာ ရှောင်ပါ။ဒေဝေါက အချိန်မရွေးလာတနိုင်သလို ကိုဗစ်ကလည်း အကြောင်းသုံးပါး မရွေး လာနိုင်ပါတယ်။လာလည်းလာနေတဲ့ အသံဗလံတွေ...